Love Letters

587 62 2
                                    

*Unicode*

ကြက်စွပ်ပြုတ်နှင့် တခြားလိုရမယ်ရဝယ်လာသော အထုပ်စုံကို လက်ကကိုင်ရင်း တိုက်ခန်းကိုဦးတည်နေသော သူ့ခြေလှမ်းတွေကခပ်သွက်သွက်နှင့် မြန်မြန်ဆန်ဆန်။

ဖျားနေသူကိုစိတ်မချလို့ အမြန်သွားပြီး အမြန်ပြန်လာမယ်လို့ တွေးထားသမျှက စျေးဝယ်နေခြင်းကြောင့် တစ်နာရီမကအချိန်ပေးလိုက်ရတော့ သူ့မှာမဖြည်းနိုင်တော့။

အစ်ကိုက အိပ်ပျော်နေသေးရင်တော့ ကိစ္စမရှိပေမဲ့ နိုးနေခဲ့ရင် တစ်ယောက်တည်းအူကြောင်ကြောင်လေး ဖြစ်နေမှာကို သူကစိတ်ပူရသည်။

ကိုယ့်တိုက်ခန်းမဟုတ်သည့် ဂျဲနို့အခန်း၊ သူများအခန်းမှာ ပိုင်ရှင်ကိုမတွေ့ရဘဲ နိုးလာပါက ဘာလုပ်ရမယ်မှန်းမသိ အစ်ကိုကကြောင်နေလိမ့်မည်။

အဲ့လိုမဖြစ်စေချင်သည့်သူက ခြေလှမ်းကိုမြန်ရသည်မှာ ခြေခေါက်မလဲရုံတမယ်။

နေမကောင်းနေတဲ့အစ်ကို့ကို အေးအေးဆေးဆေးလေးနှင့် သက်တောင့်သက်သာသာရှိစေ၊ ဖြစ်စေချင်ပါသည်။

ဘယ်လောက်အလျင်လိုနေပါစေ သတိရှိနေသေးတာကြောင့် တိုက်ခန်းတံခါးကိုဖြည်းဖြည်းသာဖွင့်ပြီး အိပ်ခန်းထဲကအသံတွေကို နားစွင့်သည်။

ဆိတ်ငြိမ်နေသောတိုက်ခန်း အနေအထားကြောင့် ဝယ်လာသည်များကို နေရာတကျချပြီးမှ အိပ်ခန်းထဲဝင်ကြည့်ရသည်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲအစ်ကိုက စောင်တစ်ခြားကိုယ်တစ်ခြားနှင့် ပုစွန်ထုပ်လေးပမာ ကွေးကွေးလေးရယ်။

သူ့ပါးစပ်ဖျားမှ Aigoo လို့မရေရွတ်မိရုံတမယ်၊ ကွေးကွေးလေးအစ်ကိုက တကယ်ကိုချစ်စရာနှင့် အသည်းယားစရာ။

မသွားခင်က တင်ပေးခဲ့သော ရေပတ်ဝတ်တစ်ဘက်လေးကလည်း ကုတင်အောက်ကျလို့။

ကုတင်နားအပြေးသွားပြီး ကွေးနေသည့်အစ်ကို့ကို မဖျစ်ညှစ်မိအောင်ထိန်းရင်း၊ သိမ်းရင်း တံတွေးမိချရသည့် သူ့အဖြစ်။

တံတွေးတို့နှင့်အတူ အူယားလွန်းနေရသည့် စိတ်တွေကို မြိုချပစ်ရတာ ခက်ခက်ခဲခဲ။

Love LettersWhere stories live. Discover now