Love Letters

534 71 6
                                    

*Unicode*

J Letter💌

ဟုတ်တယ် ကိုကိုကမင်းကို ရည်းစားစကားပြောနေတာ
ကိုကိုကမင်းကိုကြိုက်တာ ထပ်ပြောမယ်
ကိုကိုကမင်းကိုကြိုက်ပြီး မင်းကိုရည်းစားစာပေးနေတာ။

မင်းရဲ့ကိုကို

..........❣

"ဟက်!"

လော့ကာကိုဖွင့်လိုက်တာနဲ့ အဆင်သင့်ရောက်နေတဲ့ အဝါရောင်စာအိတ်ကလေး။

ဟက်ခနဲရယ်လိုက်မိတာက ချစ်စရာကောင်းလွန်းသော အရေးအသားလေးကြောင့်ဖြစ်သည်။

ရေးထားတဲ့စာတွေအရ ပထမဆုံးစာရတဲ့နေ့က သူနဲ့ဟယ်ချန်းစကားပြောနေချိန် ကိုကိုဆိုတဲ့ပုဂ္ဂိုလ်က အနားမှာရှိနေခဲ့တာဖြစ်နိုင်သည်။

ကြည့်ပါဦး ဖြေရှင်းထားလိုက်တာများ ကလေးသေးသေးလေးကျလို့။

စာကမာန်တွေပါ ပါနေသလိုခံစားရသည်။

ဒီစာကိုရေးနေရင်း ထိုပုဂ္ဂိုလ်ကနှုတ်ခမ်းများစူနေလောက််မလားပဲ။

စိတ်ဝင်စားဖို့ကောင်းလွန်းတယ်။
ထိုပုဂ္ဂိုလ်ကတကယ်ပဲ ဘယ်သူဖြစ်နေလောက်မလဲ။

အခုသူဒီစာကိုကြည့်နေချိန်မှာလည်း ထိုလူကသူ့ကိုစောင့်ကြည့်နေလောက်လားဆိုတဲ့အတွေးကြောင့် သူရပ်နေသောနေရာဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။

ပုံမှန်သာလှုပ်ရှားသွားလာနေသော ကျောင်းသားတွေကြား မူပျက်နေသူရယ်လို့မတွေ့တာကြောင့် လက်လျော့ကာ စာရွက်လေးကိုပြန်ခေါက်သိမ်းထားလိုက်သည်။

လော့ကာထဲကလိုတဲ့စာအုပ်တွေကိုထုတ်ပြီး စာအိတ်လေးကိုစာအုပ်တစ်အုပ်ကြား သေချာညပ်လိုက်သည်။

စာအိတ်နုနုလေးကို တွန့်ကြေသွားမှာမျိုး သူမလိုလားသောကြောင့်။

"ဂျဲနိုမလား..ဟင်?"

ပုခုံးကိုတစ်ချက်လာပုတ်သောအထိအတွေ့နှင့် နောက်ကျောဘက်ကထွက်လာသောအသံသေးသေးလေးကြောင့် လော့ကာတံခါးကိုပိတ်ပြီးလှည့်ကြည့်လိုက်သည်။

Love LettersWhere stories live. Discover now