Love Letters

501 62 9
                                    

*Unicode*

First Mission : Care

"နံပါတ်တစ်အချက်..ကိုယ်သဘောကျနေတဲ့သူကို ကောင်းကောင်းကရုစိုက်ပေးတာက ကောင်းတဲ့အချက်ပဲ အဲ့တာကတစ်ဖက်လူကိုလည်း ရင်ခုန်စေလိမ့်မယ်..အဲ့တာကြောင့် ပထမဆုံးအစ်ကိုဂျယ်မင်းလုပ်ရမှာက အီဂျဲနိုကို သူများနဲ့မတူအောင် ကောင်းကောင်းကရုစိုက်ပေးရမှာပဲ လုပ်နိုင်လား"

. . . ။

အဲ့နေ့ကဟယ်ချန်းရဲ့စကားကို ခေါင်းညိတ်ခဲ့မိပြီး ညက ကျောင်းစာအုပ်ကိုဖွင့်ထားလျက် ဘယ်လိုကရုစိုက်ပေးရမလဲကို ကောင်းကောင်းကြီးစဥ်းစားလို့ ဂျယ်မင်းကအိပ်ရေးတွေပျက်ခဲ့တာ။

မနက်ခင်းမှာတော့ သိသိသာသာညိုမည်းနေတဲ့မျက်ကွင်းတွေနှင့် တက်တက်ကြွကြွကျောင်းကို လျှောက်လာနေတဲ့သူ့လက်ထဲမှာတော့ တစ်ဖက်ကကော်ဖီတစ်ခွက်နှင့်။

တစ်ဖက်ကပေါင်မုန့်ကြက်ဥကြော်နွေးနွေးလေးနှင့် အဝါရောင်စာအိတ်ကလေး။

သူ့ရဲ့ရင်တွင်းဖြစ်တွေ ချရေးထားတဲ့ဒီစာလေးက သူနဲ့အချစ်ကြားက ပေါင်းကူးတံတားလေးဖြစ်သည်။

မနက်ခင်းစောစော ရှင်းလင်းတိတ်ဆိတ်နေသော ကျောင်းလမ်းလေးက သူ့အတွက်တော့ အမြဲတမ်းရင်ခုန်ရာနေရာတစ်ခုဖြစ်သည်။

ပထမဆုံးအချစ်လေးကို စာပေးဖို့ကြိုးစားတဲ့နေ့က ခံစားချက်ကို သူအခုထိမှတ်မိနေဆဲ. . ။

လူမိမှာကိုကြောက်သောစိတ်တွေနှင့် လောကာကြားထဲ အတင်းထိုးထည့်ခဲ့ရသည့် အဝါရောင်စာအိတ်လေးက သူ့ဘဝမှာပထမဆုံး သူတစ်ပါးကို ပေးဖူးသောစာဖြစ်သည်။

လီဂျဲနိုဆိုတဲ့အချစ်နဲ့တွေ့မှ တစ်သက်မှာတစ်ခါမှ မလုပ်ဖူးသောအရာတွေတောင် လုပ်ရလို့ သူ့ရဲ့နေ့စဥ်ဘဝတွေက ပြောင်းလဲလာလို့။

ကောင်းသောပြောင်းလဲခြင်းတွေနှင့် အချစ်ရဲ့နှလုံးသားကိုလည်း သူကအပိုင်သိမ်းပစ်မှာ။

စိတ်ထဲအပြတ်အသတ်ကြွေးကြော်ရင်းက လောကာကြားထဲ စာအိတ်လေးကို ထိုးထည့်လိုက်သည်။

ရှင်းလင်းနေတဲ့ကျောင်းလမ်းလေးက သူ့ရဲ့တိတ်တဆိတ်စာပေးမှုကို အထောက်အကူပြုလို့။

Love LettersOpowieści tętniące życiem. Odkryj je teraz