Love Letters

565 57 10
                                    

*Unicode*

💌

အီဂျဲနို..ကိုကိုက မင်းကိုသဘောမကျတော့ဘူး။
ဒါက ကိုကိုအတည်ပြောတာနော် ဟုတ်တယ် မင်းကိုမကြိုက်တော့ဘူး . . ။

ဒါမဲ့. .

လန့်သွားလား. .ဟဲဟဲ ကိုကိုက မင်းကိုမကြိုက်တော့ဘူးလေ ချစ်နေတာ. .

အရမ်းကိုချစ်နေတာ. . ။

မင်းရဲ့ကိုကို

. . . ။

စာကိုဖတ်ဖတ်ချင်း မလန့်သွားဘူးလို့ပြောရင် သူလိမ်ရာကျမှာပေါ့. .။

ဒီလိုချစ်စရာစာလေးတွေပေးပေးနေတဲ့ ကိုကိုဆိုတဲ့လူက ဂျဲနိုကိုသဘောမကျတော့ဘူးလို့ တွေ့ကြည့်လိုက်ရရင်ကို ရင်ဘတ်ကပဲနာနာလာသလို။

မနက်ခင်းဆို ကျောင်းလာဖို့တက်ကြွနေတဲ့သူစိတ်တွေက ဒီလိုစာလေးတွေကြောင့်လည်း ပါနေတာပဲလေ။

သူ့ရဲ့တစ်နေ့တာမှာမပါမဖြစ် ဖြစ်လာခဲ့တဲ့ ဒီစာလေးတွေသာ မရောက်လာတော့တဲ့တစ်နေ့ကျရင် ဂျဲနိုကဘယ်လိုဖြစ်သွားလောက်သလဲ. .။

သူ့မှာတွေးကြည့်လို့တောင် မရပါလေ။

ဒီလိုဖြစ်နေတဲ့သူ့ကို ရင်တုန်ရအောင်လာလုပ်တဲ့ ကိုကိုဆိုတဲ့လူက လူဆိုးပဲ။

"ကိုကို့ကို..ကျွန်တော်နည်းနည်းစိတ်ကောက်တယ် ရင်တုန်အောင်လုပ်လို့"

ရှိနေလောက်တယ်လို့ သူ့စိတ်ကသိနေတာကြောင့် ရှင်းလင်းနေတဲ့ကော်ရစ်တာတစ်နေရာကိုကြည့်ပြီး ခပ်ကျယ်ကျယ်ရေရွတ်လိုက်သည်။

ချော့ရင်ချော့. .မချော့ရင်သူကအပြတ်ပဲ. .။

သူတို့ကဘာမှမဟုတ်နေလို့ ပြတ်စရာမရှိလည်း သူကပြတ်ချင်ရာပြတ်ပဲ။

. . . ။

Second Mission : Jealous

"နံပါတ်တစ်အနေနဲ့ သူကပဲအထူးခြားဆုံးလေးလို ကောင်းကောင်းဂရုစိုက်ပေးပြီး သူ့စိတ်ထဲကိုယ်ကရောက်သွားပြီဆိုတာသေချာရင် နှစ်အချက်. .အီဂျဲနိုက အစ်ကိုဂျယ်မင်းကို သဝန်တိုလာအောင်လုပ်ရမယ် ဟုတ်တယ်. .အီဂျဲနိုကသာ အစ်ကိုဂျယ်မင်းကို သဝန်တိုနေပြီဆို ကျွန်တော့်ရဲ့ထက်မြက်တဲ့စိတ်အာရုံအရဆိုရင် အဲ့ကောင် အစ်ကိုဂျယ်မင်းကို သဘောကျနေပြီပဲ. ."

Love LettersWhere stories live. Discover now