Love Letters

494 67 9
                                    

*Unicode*

မနေ့ကတစ်ရက် ကျောင်းမလာမိသည့်အတွက် ဒီနေ့သူ့ကို တစ်ခုထက်ပိုသော အဝါရောင်လေးတွေများ စောင့်ကြိုနေမလားဆိုသည့် မျှော်လင့်ချက်ဖြင့် လော့ကာတံခါးကိုဖွင့်လိုက်သည်။

ပုံမှန်ဆိုလော့ကာကိုဖွင့်လိုက်တာနဲ့ ထွက်ကျလာတတ်သည့်စာအိတ်လေးတွေက အခုတစ်ကြိမ်မှာတော့ ထွက်မလာခဲ့။

တစ်ခုထက်တော့ပိုနေမှာပဲ ဆိုပြီး တွေးခဲ့သည့် သူ့အတွေးတွေနဲ့လွှဲမှားစွာ တစ်ခုတောင်ထွက်မလာတော့ စိတ်ကမလန်းမဆန်းဖြစ်သွားရသည်မှာ အံ့ဩဖို့ကောင်းစွာ။

"ဘာလို့မရှိတာလဲ"

အလိုအလျောက်ကြုံလာသော မျက်ခုံးတန်းတွေ. .

တစ်ခုခုဆို အတွေးများတတ်သောသူမဟုတ်ပေမဲ့ ကိုကိုဆိုတဲ့လူက သူကျောင်းမလာတဲ့တစ်ရက်အတွင်း အသစ်များတွေ့သွားလို့ သူ့ကိုစာမပေးတော့တာလားဟု ပေါက်ကရတွေတွေးမိလာတာ. .။

ထူးထူးဆန်းဆန်းအတွေးများပေမဲ့ တကယ်ဆိုရင် ဘယ်လိုလုပ်မလဲ။

ကြိုက်သလားဆို ဘယ်သူမှန်းတောင်မသိတဲ့သူကို မကြိုက်ပါဘူးသူက.။

ဒီတိုင်းစာလေးတွေနဲ့ ချစ်စရာကောင်းတဲ့အရေးအသားလေးတွေကို ဖတ်ရတာ သဘောကျနေတာပါ။

"ဂျဲနိုရား!!"

လော့ကာတံခါးကိုကိုင်ပြီး ငေါင်ငေါင်ကြီးရပ်နေတဲ့သူ့ဆီ ပြေးလာတဲ့ခြေသံခပ်စိတ်စိတ်နဲ့အတူ အော်ခေါ်သံတစ်ခု။

ရင်းရင်းနှီးနှီးသိနေတဲ့အသံပေမို့ မျက်မှောင်ကုတ်ပစ်မိတာအလိုလို။

ဘယ်လိုလုပ်ရောက်လာရတာလဲ။

သူ့ဘေးနားရောက်လာတဲ့အရိပ်လေးကို လှည့်ကြည့်မိတော့ ချွေးတွေစိုနေသောမျက်နှာလေးက နီလို့ရဲလို့။

"အစ်ကို!"

သူ့အော်သံကြောင့် တွန့်သွားတဲ့ခန္ဓာကိုယ်ပိုင်ရှင်လေးက မနေ့ကမပြောနိုင်မဆိုနိုင်နဲ့ နေမကောင်းနေတဲ့ကောင်လေးပါ။

သက်သာနေပြီဆိုတာသိသော်လည်း တစ်ရက်လောက်တော့နားနေဦးမှာပါဆိုပြီး မနက်ကဝင်ကြည့်ဖို့တွေးနေတဲ့ သူ့အတွေးတွေကိုတောင် ဖျောက်ပြီး ကျောင်းကိုထွက်လာတဲ့သူ့အား အပြေးအလွှားဖြစ်နေတဲ့ ဒီအစ်ကိုပိစိက ဘယ်လိုSurpriseတွေများ လာတိုက်နေရသလဲ။

Love LettersWhere stories live. Discover now