Love Letters

247 43 5
                                    

*Unicode*

လူမှန်းသိတတ်စအရွယ်ကနေစလို့ ဒီအသက်အရွယ်ကိုရောက်လာတဲ့အချိန်အထိ ချမ်းသာလွန်းသည်မဟုတ်သော်လည်း အဆင်ပြေပြေနှင့်နေထိုင်နိုင်သော မိသားစုကသားတစ်ယောက်ဖြစ်တာကြောင့် သူ့ဘဝကအခက်အခဲရယ်လို့သိပ်မရှိခဲ့။

တစ်ဦးတည်းသောသားဖြစ်တာမလို့ သိပ်ချစ်ကြတဲ့မိဘတွေကြား သူကနာကျင်ရခြင်းဆိုတာကို သိလည်းမသိခဲ့ရသလို ကြုံတွေ့ရသည်မှာလည်းမရှိခဲ့. . ။

ရင်ဘတ်ထဲက တင်းကြပ်ပြီး ငိုချချင်စိတ်တွေတရိပ်ရိပ်တက်လာတာမျိုးက သူများတွေပြောတဲ့ အသဲကွဲခြင်းကြောင့်ရတဲ့ နာကျင်မှုမျိုးများလား. . ။

အချစ်ဆိုတဲ့အရာကို လီဂျဲနိုဆိုတဲ့ကောင်လေးနဲ့ တွေ့မှ ပထမဆုံးထိတွေ့ခံစားဖူးသော သူ့အဖို့တော့ အသဲကွဲခြင်းဆိုတာကို တစ်ကြိမ်တစ်ခါမှ ရေရေရာရာမသိခဲ့. . ။

အသဲကွဲခြင်းဆိုတာက သူအခုခံစားနေရတဲ့ ရှုပ်ထွေးပြီး ရင်ဘတ်ကြီးက စူးစူးအောင့်အောင့်ဖြစ်နေတာကို ခေါ်တာလား. . ။

အဝါရောင်စာအိတ်လေးကို လက်ကကိုင်လို့ လာနေကျနေရာလေးကိုသွားရင်းက မျက်နှာချင်းဆိုင်တွေ့နေရတဲ့ သူ့အချစ် ကောင်လေးက ကောင်မလေးတစ်ယောက်ကို ဖက်တွယ်ထားသည့်မြင်ကွင်းကြောင့် ခံစားချက်အသစ်တွေက ရင်ဘတ်ထဲကိုတိုးဝင်လို့။

စိတ်သွားတိုင်းကိုယ်မပါတော့တဲ့ခန္ဓာကိုယ်နှင့် ထိုမြင်ကွင်းကိုစိုက်ကြည့်နေမိခဲ့တာက အသဲကွဲခြင်းရဲ့အစပျိုးခြင်း. . ။

ပေါက်ခနဲကျလာခဲ့သောမျက်ရည်တွေက သူ့နှလုံးသားလေးနာကျင်နေရပါတယ်ဆိုတဲ့ သက်သေ။

အီဂျဲနိုကလူဆိုးကလေး . . အချစ်ဆိုတာကို သူနဲ့မှစသိတဲ့ ဒီလူကို နာကျင်စေပြီး သူကတော့ ပြုံးပျော်လို့ ကောင်မလေးပခုံးကိုဖက်လျက် ထွက်သွားနိုင်တဲ့လူဆိုးကလေး. .။

"လူဆိုးလေးဆို ကိုကိုကမချစ်ဘူး . .ဒီနေ့အတွက်တော့ ဒီစာအိတ်လေးက ပိုင်ရှင်မရှိတော့ဘူးပဲ"

ကျောင်းပြင်ကိုဦးတည်နေသော နောက်ကျောလေးက ဝမ်းနည်းရိပ်ပေါ်နေသလို အမှိုက်ပုံးထဲရောက်လို့သွားတဲ့ အဝါရောင်စာအိတ်လေးမှာလည်း ပိုင်ရှင်လက်ထဲမရောက်လို့ ဝမ်းနည်းအထီးကျန်နေရသယောင်။

You've reached the end of published parts.

⏰ Last updated: Jan 30 ⏰

Add this story to your Library to get notified about new parts!

Love LettersWhere stories live. Discover now