(Zawgyi+Unicode)
"ပန်းချီသင်တန်းက အုပ်စု7စုခွဲပြီး တစ်အုပ်စုကိုလူဆယ့်ခြောက်ယောက်စီပဲလက်ခံတယ်..
မင်းသိပ်တတ်ချင်နေသပဆိုစောစောထဲကလာလေ..မင်းတို့ကဝီရိယကြတော့မရှိ ငါတို့ရုံးဝန်ထမ်းတွေကပဲမစာမနာဖြစ်မယ်..မနေ့ထဲကဖောင်ကပြည့်နေပြီ..''စွာတာတာလေသံနဲ့နှုတ်ခမ်းနီရဲနေအောင်ဆိုးထားသည့် ရုံးဝန်ထမ်းအမျိုးသမီးရဲ့ စူပုတ်နေတဲ့မျက်နှာထားကြောင့် စစ်သွင်ကိုယ်လုံးလေး ကျုံ့သွားရသည်..။
မနေ့ထဲကဖောင်ပြည့်တယ်ဆိုရင်ခုနကဝင်သွားတဲ့ကျောင်းသူကိုကြဘာလို့ သကာရည်ဖုံးသလိုပြုံးရွှင်စွာဆီးကြိုခဲ့ပါသလဲ..
သူနောက်ကျတဲ့အကြောင်းရင်းကလည်း.ကျောင်းသားကတ်ကပျောက်သွားတာကြောင့် အသစ်ပြန်လျှောက်ရင်းကြာသွားခဲ့တာလေ..။
ဒီပန်းချီသင်တန်းကိုတတ်ချင်လွန်းလို့ ဒီကျောင်းကိုဝင်ရဖို့ ...
နိုင်ငံခြားပဲလွှတ်ချင်နေတဲ့သူ့အိမ်နဲ့ အတိုက်အခံဖြစ်ပြီးမှလာခွင့်ရခဲ့တာဖြစ်သည်..၊စို့နင့်စေသော ကျူးလစ်ဖြူတွေကိုရေးဆွဲထားတဲ့ပန်းချီကားတစ်ချပ်ရဲ့ဖန်တီးသူက ကျောင်းအုပ်တစ်ယောက်ဆိုတော့ စစ်သွင်မှင်သက်ခဲ့ရဖူးသည်.။
ဒီကျောင်းအုပ်ကိုယ်တိုင်ဦးစီးတဲ့ဒီသင်တန်းလေးမှာ သူတကယ်ပဲလေ့လာချင်ပါသေးသည်..။အခုတော့..ဘယ်တတ်နိုင်မလဲ..။ကံပဲပေါ့..။
ဒါပေမဲ့..ဖြစ်နိုင်ရင်..။
" ဟိုလေကျွန်တော် ကျောင်းအုပ်ကိုခွင့်တောင်းမယ်ဆိုရင်ရော..ခဏလောက်တွေ့ခွင့်လေးဖြစ်ဖြစ်..''
"ဟဲ့ဟဲ့ ဘယ်လိုဘယ်လိုပြန်ပြောပါဦး..''
လက္တကာကာ မျက်လုံးတွေပြူးပြလာတဲ့ထိုအမျိုးသမီးက
မကြားသင့်တာကြားလိုက်ရသလိုလို..၊ ရွံရှာဖွယ်သတ္တဝါတစ်ကောင်ကိုကြည့်သလိုစိုက်ကြည့်လာသည်...။" တို့ကျောင်းအုပ်က တွေ့ချင်တဲ့သူတိုင်းတွေ့လို့ရတယ်ထင်နေလား..နင်ကဝန်ကြီးချုပ်သားလား..''
ဘယ်လိုသိလဲဟု..စစ်သွင်ထုတ်ပြောလိုက်ချင်သော်လည်း ပါးစပ်သာပိတ်နေလိုက်သည်..။
ချမ်းသာကြောင်းဖော်ပြမှရလာတတ်တဲ့အပေါ်ယံတွေတကယ်မလိုချင်.။
YOU ARE READING
လေပြည်မရှိသောအရပ် (season2)
RomanceMy second story💜 (Chapter-2) မောင် ထပ်ပြီး...ပြန်မွေးဖွားခွင့်ရမယ်ဆိုရင် မင်းနဲ့အနီးဆုံးမှာပဲ.. .