လွတ်အောင်ပြေးပါ မောင့်သည်းငယ်

3.8K 248 57
                                    

မကချင်ခဲ့သောပြဇာတ်တစ်ပုဒ်စခဲ့သည်..။

''ငါက ရှန်ဟတ်ရဲ့အစ်ကို
နောက်ဆုံးကျန်တဲ့မိသားစုဝင်ဆိုပါတော့''

ရှန်ဟတ်ကိုလူသတ်တရားခံဖြင့်အတည်ပြုလိုက်သည့် ပထမနေ့..

​သြဇာကြီးမားဟန်ရှိ၍ ခြယ်လှယ်နိုင်သောလူတစ်ယောက်သည် နောင့်ကို ရွေးချယ်စရာပေးလာခဲ့သည်..။

မအိပ်ရသေးတဲ့မျက်ဝန်းညိုတွေဖောင်ဖွဲ့လို့ပင့်ကူမျှင်လိုရှုပ်ထွေးနေတဲ့အာရုံထဲမှာဒီလူဟာ ရှန်ဟတ် အမေရဲ့စျာပနမှာတွေ့ဖူးမှန်းအချက်ပြလာခဲ့သည်..။

ဘာရယ်ကြောင့်မှန်းမသိ

သားရဲနဲ့တူသော မျက်လုံးများသည် လှောင်ပိတ်နေသောအကောင်ငယ်လေးအား သဘောကျစွာကြည့်နေခဲ့သလိုမျိူး

''နှစ်ချက်ပဲရှိတယ်
တစ်အချက် ငါတို့လိုရှန်အိမ်တော်အနေနဲ့ ငါ့ညီကယောကျာ်းချင်းကြိုက်တာမျိုးကိုငါကလုံးဝကန့်ကွက်တယ်
နှစ်အချက်က အဲဒါကြောင့်ငါခိုင်းတဲ့အတိုင်းလုပ်ပြီး ရှန်ဟတ်နားကထွက်သွားပေးရင် ငါ့ညီကိုငါအမြန်ဆုံးကယ်ပေးမယ်''

နောင့်ကိုယ်လေးတစ်ချက်တုန်ခါသွားခဲ့ပါသည်..။

''ကျွန်တော်''

လူသတ်တရားခံအဖြစ်တောင် အစားထိုးအပြစ်ခံယူပေးတဲ့ချစ်သူကို ထားခဲ့ရင်

မို့တက်နီရဲနေတဲ့မျက်ဝန်းတွေ ရုပ်ဆိုးဆိုးဒီကောင်လေးဟာ ဘာများထူးခြားနေလို့လဲ

ပျော့ညံ့လဲကျတော့မလိုရုပ်နဲ့..ရွံစရာကောင်းတယ်..။

''မင်းတို့နှစ်ယောက်လုံးငယ်ကြသေးတာပဲ
အချစ်ကဘဝကြီးထင်နိုင်တာမျိုးဖြစ်နိုင်ပေမဲ့အရွယ်ရောက်နေတဲ့ငါကတော့ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တယ်''

''ကျွန်တော်မလုပ်နိုင်ရင်ရော''

''ဖြောင်း!!''

နောင့်ရဲ့မျက်နှာအား အားကုန်သုံးရိုက်ချတာမလို့ယိုင်နဲ့နေသည့်နောင် ခွေကနဲလဲကျသွားလေသည်..။

''မင်းလိုဘာတန်ဖိုးမှမရှိတဲ့ကောင်ကိုကယ်မိလို့ ငါ့ညီထောင်ကျရတာကိုသိလား
မင်းရဲ့ယောကျာ်းချင်းအချစ်ဆိုတာကြီးက သူ့ကိုလူသတ်တရားခံအဖြစ်ကလွတ်ပြီးကယ်နိုင်မလားကြည့်ရအောင်''..

လေပြည်မရှိသောအရပ် (season2)Where stories live. Discover now