အကျဥ်းချခံကလေးငယ်

3.3K 262 49
                                    

ပိုပြီးရှည်လျားသန်မာလာတဲ့အရပ်အမောင်းနဲ့ အမျိုးသားသည် ငွေဖြူရောင်ဆံနွယ်တွေကိုပိုင်ဆိုင်ထားဆဲပါပင်..။

အများကြီးလွမ်းဆွေးတသနေရသောမျက်နှာလေးသည် အရှိန်အဝါပြင်းကာဒီလောက် ခန့်ညားကြည့်ကောင်းလာရက်သတဲ့လား

ဒီအမျိုးသားအား ဘယ်လိုပုံစံမျိုးနှင့်ပြန်ဆုံရမည်လဲဟု နောင်အမျိုးမျိုးအဖုံဖုံ တွေးခဲ့မိပါသော်လည်း
.
ရှန်ဟတ်အားနိမ့်ကျသည့်အနေအထားနဲ့စိတ်ကူးထဲမျှတောင်မတွေးရက်ခဲ့ပါ..။မြေကြီးမှာရှိနေရသောသူသည်နောင်ပဲ ဖြစ်လိုပါသည်..။

သူဟာ အမြင့်ဆုံးမှာပဲတောက်ပရမည့်သူမလို့..။

အိုင်ချင်လာတဲ့မျက်ရည်ကြည်လေးများကိုရှန်ဟတ်မမြင်ခင် နောင်ခေါင်းငုံ့ချလိုက်သည်..။

ရှန်ဟတ်အမြင်မှာသူဟာ ခံစားချက်မရှိ သစ္စာဖောက်တတ်တဲ့အပေါစားကောင်အနေနဲ့ပင်ရှိပါစေလေ..။

သို့သော် သူသည် နောင့်အားမမြင်ချင်လို၍မျက်နှာလွှဲသွားသည်ဟုထင်သွားဟန်တူသည်...။

နောင့်ရဲ့နူးညံ့ပျော့နေတဲ့ဆံပင်နက်လေးတွေကိုဆွဲကာအတင်းအကြပ်မော့စေသည်..။

''အာ့''

''မောင့်ကိုကြောက်နေတာလား ကလေးက
မမြင်ချင်တာလား''

လက်မှာဆုပ်ဆွဲထားသည့်အားနဲ့မသက်ဆိုင်စွာ အရှိန်အဟုန်ကြီးသောအာဏာသံသည် နူးညံ့ချော့မော့နေဟန်တိုးတိုးလျလျ..။

နောင်ဘယ်တစ်ခုကိုအမှန်ယူဆမရလဲတောင်နားမလည်တော့ပါ..။

''ငါမင်းကို မတွေ့ချင်တာ''

''ဘာ ''

ဟိန်းသံသည် လူသတ်လိုခြင်းအရိပ်အယောင်တွေပါကပ်နေသယောင် တင်းမာတဲ့အခါ အစ်ကိုခွန်းသကပင်အဝေးမှကြား၍ အပြေးလာဆွဲသည်..။

သို့သော် အဝေးမှဝတ်စုံနက်လူများသည် စက်ရုပ်များလိုပင်အစ်ကိုခွန်းသအား မလှုပ်နိုင်အောင်ဆွဲကာထိန်းသိမ်းလိုက်ကြသည်..။

''ရှန်ဟတ် ပြောစရာရှိရင်အေးဆေးပြောကြပါကွာ အခုမှဆုံကြရတာကို''

လေပြည်မရှိသောအရပ် (season2)Where stories live. Discover now