Part.18(မောင်တို့တွဲရအောင်)

3.2K 337 79
                                    

.
7လပိုင်း10ရက်နေ့

A Acamedy ကျောင်း၏ပရဟိတရန်ပုံငွေစျေးရောင်းပွဲတော်

ဂိတ်တွေဖွင့်ပေးထားတာကြောင့်
ကျောင်းဝန်းကြီးသည် အဆုံးအစမရှိကျယ်ဝန်းနေသယောင်ထင်ရပြီး

တစ်ခြားကျောင်းမှလူများရော ကိုယ့်ကျောင်းသားများနှင့်ပါပြည့်နှက်ဆူညံနေခဲ့သည်..။

ကျောင်းဝန်းမြောက်ဖက်

''ဖက်ထုပ်ကြော် ဖက်ထုပ်ပေါင်းရမယ်''ဟုရိုးရှင်းစွာရေးထားသောဆိုင်းပုဒ်ရဲ့နောက်မှာနောင်နဲ့ခွန်းသ မအားနိုင်..။

ထင်ထားတာထက်ရောင်းရသား..။

လူများလာသဖြင့်မနိုင်မနင်းဖြစ်လာကြသည်..။ဖက်ထုပ်တွေပြုတ်လိုက်ဆယ်လိုက် ကလေးငါးယောက်နဲ့ကျန်ခဲ့တဲ့ မုဆိုးမတွေလိုပဲ...မနိုင်မနင်း.။

ဝယ်သူတွေကလည်း အော်တဲ့လူကအော်ကုန်ကြပြီ

''မင်းတို့ကမရတော့ဘူးလားကွ..''

''ကြာဦးမှာပေါ့ဗျ စားသောက်ဆိုင်မှမဟုတ်တာ ''

ရန်ဖြစ်လိုက် ဖက်ထုပ်ချပေးလိုက်..။

ဒီလောက်ကြာတဲ့ဖက်ထုပ်ကိုလုပ်ချင်ဦးဆိုတဲ့ကိုယ့်ကိုယ်သာထုချင်သည်..။
သူများအဖွဲ့တွေများခေါက်ဆွဲတစ်အိုးကြော်ပြီးထဲကသာသာယာယာပဲကြည့်စမ်း

''အာ့!!''

ပန်းကန်ချပေးပြီးလှည့်အထွက် ခြေဖနောင့်လည်သွားကာသေချာပေါက်ပြုတ်ကျပြီထင်လိုက်သော်လည်း
သန်မာတဲ့လက်တစ်ဖက်ကနောင့်ကိုယ်လုံးကိုဆွဲငင်ယူလိုက်သည်..။

ရင်ခွင်ထဲရောက်နေတဲ့နောင့်ခါးသွယ်လေးကိုဆုပ်ကိုင်ရင်း ရှန်ဟတ်ကအသာပြုံးသည်..။

''မြူဆွယ်ချင်နေတယ်ပေါ့''

ရှန်ဟတ်ကိုတွန်းရင်း နောင်အနောက်ကိုဆုတ်ချပစ်သည်..။

''ချော်လဲတာကွ''

ရှန်ဟတ်ကပုခုံးတွန့်ကာ ဆိုသည်..

''ပြောတာလည်းမင်းစကားပေါ့''

''မင်းကိုမြူဆွယ်တော့ငါကဘာရမှာ''

ပြုံးနေတဲ့ရှန်ဟတ်မျက်နှာကတည်သွားရင်း နောင့်ကိုလှမ်းကြည့်သည်..။

လေပြည်မရှိသောအရပ် (season2)Where stories live. Discover now