နောင်တို့ရဲ့မြို့လေးဟာ မြို့ကြီးတွေနဲ့ အတော်လေးဝေးကွာသည်မလို့ ရထားနှင့်ပင်.တစ်ရက်တိတိကြာမြင့်သည်ပင်..။ဝယ်လာသမျှမုန့်အကုန်နောင်တစ်ယောက်ထဲဒိုင်ခံစားပေးပြီးနောက် ဗိုက်တင်းကာအိပ်ချင်လာလေသည်..။
ထိုင်ခုံ3ခုံတန်းမှာ ကပ်စီးနည်းနောင်ကနှစ်ယောက်စာသာဝယ်လိုက်သည်မလို့ သူစိမ်းကောင်လေးတစ်ယောက်ကပါသူတို့နှစ်ယောက်ဘေးမှာထိုင်လာခဲ့သည်..။
''ခူး''
ဟောက်သံထွက်နေပြီဖြစ်တဲ့နောင့်အား ရှန်ဟတ်စာအုပ်ဖတ်နေရင်းပုခုံးတစ်ဖက်အသာချပေးလိုက်သည်..။
သို့သော်နောင့်ခေါင်းလေးဟာရှန်ဟတ်အစား ဘေးကကောင်လေးဆီအရောက်
'' တောက်!!''
သူ့ဘာသာသူငါ့ဘက်ရောက်လာတာငါနဲ့ဘာဆိုင်လို့လဲဟ..။
မီးထမတောက်မျက်လုံစိမ်းတွေနဲ့လှမ်းကြည့်ခံလိုက်ရတဲ့သူစိမ်းကောင်လေးသည်ချွေးပါပြန်လာတဲ့အထိ..။
ကြောက်ကြောက်နဲ့နောင့်ခေါင်းကိုဖယ်ထုတ်မယ်လုပ်တဲ့လက်က ဖြတ်ခနဲရိုက်ခံရတဲ့အခါ
''ဘတ်!!''
ငါ့မှာဘာအပြစ်ရှိလို့..ဒီလင်လင်အတွဲဘေးကပ်ကျတာလဲဟေ..။
နောင့်ခေါင်းလေးကိုလက်တစ်ဖက်နဲ့ဆွဲယူပြီးသူ့ပုခုံးပေါ်တင်လိုက်တဲ့ရှန်ဟတ်ဆီက ထပ်မွမီးတောက်အကြည့်နဲ့ကြည့်ခံရပြန်တဲ့ကောင်လေး..။
ဟင့်..
''ရပြီ''
ရထားပေါ်ကဆင်းတဲ့အခါ သွားစရာစက်ဘီး ဆိုင်ကယ်တောင်မရှိတာကြောင့် ထူးထူးဆန်းဆန်း ကြောင်အအဖြစ်နေတဲ့ရှန်ဟတ်ကိုကြည့်ကာ နောင်တစ်ချက်ခိုးရယ်လိုက်သည်..။
''ဘာရယ်တာလဲ''
မျက်စိကလည်းလျှင်ချက်..။
''ဒီမှာဘာမှမရှိဘူး မြို့ထဲထိလမ်းလျှောက်သွားရမှာ''
အဲဒါကြောင့်ဘယ်သူကလိုက်လာခဲ့လို့လဲ မြို့ကြီးသားရဲ့..
စိတ်ကုန်နေတဲ့ရှန်ဟတ်လက်ကိုဆွဲရင်း နောင် တောလမ်းလေးအတိုင်းတည့်တည့်မတ်မတ် လျှောက်သွားသည်..။
YOU ARE READING
လေပြည်မရှိသောအရပ် (season2)
RomanceMy second story💜 (Chapter-2) မောင် ထပ်ပြီး...ပြန်မွေးဖွားခွင့်ရမယ်ဆိုရင် မင်းနဲ့အနီးဆုံးမှာပဲ.. .