Part.12::မေမေ့အတွက် နောက်ဆုံးသောကြင်နာမှု

2.7K 310 37
                                    

Unicode🍀

မနက်8နာရီအချိန်ထိညထဲက မိုးဟာခပ်ဖွဲဖွဲရွာဆဲဖြစ်သည်..။

ကျောင်းအတွင်းရေးမှူးသည် တံခါးလေးကိုအသာ3ချက်ခေါက်လိုက်သည်..။

''scholar ကျောင်းသားလေးရောက်နေပါတယ်.. ။အမှတ်စာရင်းတွေအတွက်''

''မအားသေးလို့ ပြန်ခိုင်းလိုက်''

သူတကယ်နားမလည်ပါ..။ အမှတ်တူ3ယောက်ရှိခဲ့သည့်တိုင် ကျောင်းအုပ်သည်မဆိုင်းမတွ သာမန်မြို့လေးမှ ကျောင်းသားလေးကို Full scholar ထိပေးပြီး ကျောင်းကိုဝင်စေခဲ့သည်..။

သို့သော် ကျောင်းစာရွက်စာတမ်းလာအပ်ချိန်မှာတောင် ကျောင်းအုပ်ဟာ ထိုကျောင်းသားလေးကိုထွက်မတွေ့ခဲ့..။

''လိုတာလုပ်ပေးလိုက် လက်မှတ်ထိုးရမယ့်စာတန်းတွေ ရှိရင်ယူထားပေးလိုက်
ငါ ဒါတွေအပြီးသတ်ရမယ်''

ဘာကြောင့်ဒီလောက်တောင်မတွေ့ချင်ဖြစ်နေရသလဲမသိ..။ဒါပေမဲ့အတွင်းရေးမှုးဟာ အထူးတလည်တော့ စဥ်းစားမနေတော့ပါ..။

သူ့အလုပ်လုပ်ခဲ့တဲ့သက်တမ်းတစ်လျှောက် ကျောင်းအုပ်Mဟာ အထူးဆန်းဆုံးလူဖြစ်သည်..။

သိပ်လျှို့ဝှက်လွန်းသလို သိပ်ကြင်နာတတ်လွန်းဟန်ရှိပေမဲ့ ရက်စက်တတ်တဲ့အခိုက်အတန့်တွေလည်းရှိမြဲ..။

ဘာကိုမှဂရုမထားဟန်ရှိပေမဲ့ ကြေကွဲဖွယ်မျက်ဝန်းတွေရှိတတ်သူလည်း ဖြစ်သည်..။

ကျောင်းcaseအတွက်လိုတာလုပ်ပေးပြီးသည်နှင့်ဘယ်ကိုထွက်သွားမှန်းမသိပျောက်နေတတ်လေ့ရှိပြီး ကြောက်စရာကောင်းပြီးသွေးအေးတဲ့လူတွေနဲ့မကြာခဏတွဲတွေ့ရလေရှိတတ်သည်..။

''ကျောင်းအုပ်ကအရေးကြီးcaseရှိလို့ လိုတာထားခဲ့ပါတဲ့ ...ကျောင်းသားလေး လက်မှတ်ထိုးပေးထားပါမယ်တဲ့''

''ဟုတ် ကျေးဇူးပါဗျ''

စာရွက်တွေယူပြီးပြန်လာတဲ့အခါ

ပြတင်းပေါက်မှတစ်ဆင့် ကျောင်းသားလေးနောင်အားငေးကြည့်နေသော ကျောင်းအုပ်Mကိုတွေ့လိုက်ရသည်..။

ဘာကိုမှမဆိုပေမဲ့ ထိုကျောပြင်လေးပျောက်ကွယ်သွားသည်အထိ ကျောင်းအုပ်ဟာ ငေးနေဆဲ ဖြစ်သည်..။

လေပြည်မရှိသောအရပ် (season2)Where stories live. Discover now