💚 System Coe ❤️

27.7K 1.3K 179
                                    

“ကျန့်ကျန့် ငါတို့လမ်းခွဲရအောင်”

“ဘာ! ချစ်ရာ မနောက်ပါနဲ့”

“ငါတကယ်ပြောနေတာ ”

“ဘာကြောင့်လဲ?? ငါ့မှာ ဘာအပစ်ရှိလို့လဲ”

မျက်ရည်များကျလျက်မေးမိတယ်

“နင့်အပစ်က ပိုက်ဆံမရှိတာဖဲ ငါမဆင်းရဲချင်ဘူး
အခုတယောက်က နင့်ထက်ချမ်းသာတယ်”

ကျန့်ကျန့်စကားများက ထွက်မလာ ရင်ထဲစို့နစ်လျက်

“ငါ ငါ တို့တွဲလာတာ ၅ နှစ်လေ အက်၅နှစ်က ဘာမဟုတ်တဲ့ ပိုက်ဆံကြောင့် လမ်းဆုံးရပီတဲ့လား”

“အင်း သူနဲ့ချစ်သူဖြစ်တာ ၂နှစ်ရှိပီ”

ကျန့်ကျန့်စွံ့အသွားသည်ဘာတဲ့ သူသစ္စာဖောက်ခံရတာပေါ့ ဟားးဟားး ငါကတကယ့်အရူးဖဲ...

“baby သွားမယ်လေ ”

“ဟုတ်ကိုကို လာပီ ကျန့်ကျန့်ငါသွားပီဘိုင့် ”

သူ့ဘဲကြီးကိုကြည့်မိတော့ ချောပါတယ်
ငါ့ထက်တော့ ပိုမချောဘူးပေါ့နော့....

သူ့ဘဲကြီးလဲကျန့်ကျန့်ကို
ပေါက်ထွက်မတတ်ကြည့်နေတာ
ကျန့်ကျန့်ကိုယ်လေးတုန်တက်သွားတယ်....

ထွက်သွားသော ကျောပြင်ငယ်လေးကို
ကြည့်လျက် မျက်ရည်များကို
လွတ်လပ်စွာ ပေးဆင်းခိုင်းလိုက်တယ်

ဘယ်လောက်ကြာသွားလဲမသိ မိုးတောင်ချုပ်သွားတယ် ကျန့်ကျန့် လဲ လမ်းဘေးပလပ်ဖောင်းပေါ်မှာ

သီချင်းလေးနဲ့အကြိုက် feel ရင်း
ဘယ်ကမှန်းမသိတဲ့ အရှိန်နဲ့ ကားတစီး
သူ့ဆီ တန်းတန်းလာတာ မရှောင်မိ
သေသွားအေးတာဖဲ ....

“ဝုန်းး”

ကျယ်လောင်စွာထွက်လာတဲ့ အသံ

တကိုယ်လုံးနာကျင်လျက်
သွေးစိမ်းရှင်ရှင်ကျကာ မျက်ဝန်းများမမှိတ်ခင်
တွေ့လိုက်ရတာက

သူ့ဆီပြေးလာတဲ့ လူတဦးချောလိုက်တာ...

(မသေခင် ငမ်းသွားသေးတယ် 😴)

မိုးနတ်မင်းရေ မားသားဖက်ယူ.....
ကျန့်ကျန့်မျက်ဝန်းများ အမှောင်ကျသွားတော့သည်

💚System Coe❤️ (Completed )Where stories live. Discover now