💚 arc5.1 ❤️

8K 733 52
                                    

Zg

လွန်ခဲ့သော အနှစ်၃၀ခန့်က (...)ကျောင်းကြီးသည်
စည်စည်ကားကားဖြင့် ပျော်ရွှင်စရာ အတိဖြစ်ခဲ့သည်။

အမြို့မြို့အနယ်နယ်ကကျောင်းသားများက ထိုကျောင်းတွင်သာ လာရောက်တက်ခဲ့ကြသည်။
ထိုကျောင်းကထွက်သူမှန်သမျှ ထူးချွန်ကျောင်းသားများဖြစ်တာကြောင့် ပို၍နာမည်ကြီးလာလေသည်။

တနေ့အဖြစ်ပျက်ကြီးတစ်ခုထိုကျောင်းတော်တွင် ဖြစ်သည်။မဖွံ့ဖြိုးသေးသော အချိန်အခါဖြစ်တာမလို့ လိင်တူချစ်ကြိုက်ခြင်းကို အပြည့်အဝ မထောက်ခံကြသေးပေ။

မာန်နဲ့ရှင်းဆိုတဲ့ ကောင်လေးက လိင်တူချစ်ကြိုက်သူဖြစ်ခဲ့သည်။ နာမည်ကြီးကျောင်းတော်ဖြစ်တာကြောင့် သတင်းကခနလေးပျံ့လွင့်ခဲ့တယ်။

ဒါကကိစ္စမရှိသေးပေမည့် သူတို့နှစ်ယောက်ကြားထဲကောင်မလေးတယောက်ဝင်ရောက် ခဲ့ချိန်ကစတယ်။

ထိုကောင်မလေးက မာန်ကိုကြိုက်နေသူဖြစ်တာကြောင့် ရှင်းအား နှိပ်စက်ကာ ကျောင်းလူဆိုးအဖွဲ့အား အနိုင်ကျင့်(မဒိန်းကျင့်ခံရတာကိုပြောတာ)စေခဲ့သည်။

ကောင်မလေးနာမည်က ဒေဝီ
ဒါကိုသိသော မာန်က ထိုမိန်းမအား မုန်းတီးကာ
ရှင်းခံခဲ့ရသလို ပြန်ခံရအောင်(လူဆိုးအဖွဲ့ကိုပြန်ငှားပီး မဒိန်းကျင့်ခိုင်းတာပါ) လုပ်ဆောင်ခဲ့တယ်။

ဒေဝီက မကျေနပ် သူထင်သလို ရှင်းကိုယ်ကမသန့်တော့ရင် ရှင်းကိုမုန်းကာသူ့ဆီရောက်လာမယ်ထင်ခဲ့တာ အထင်တွေက လက်တွေ့နဲ့မှားယွင်းနေခဲ့တယ်။

ဒေဝီလဲရှင်းကိုမုန်းတီးကာ
ကျောင်းဆင်းချိန် ဘယ်သူမှမရှိတော့မှ ဖမ်းဆီးပီး
ဓာတ်ဆီများလောင်းကာ မီးရှို့သတ်ခဲ့သည်။

မာန်ကတော့ထိုမြင်ကွင်းကို ရင်နာနာဖြစ်ကြည့်ကာ
ဒေဝီကိုရှင်း ဆီအဖော်အဖြစ် ထိုမီးလောင်ရာကျောင်းထဲပစ်ထည့်လိုက်လေတော့သည်။

ထိုချိန်ထဲ မာန်က ပျောက်ချင်းမလှပျောက်သွားသလို
ဘယ်ဆီ ဘယ်ဝယ်ရောက်မှန်းမာန်ကိုယ်တိုင်ကလွှဲရင် ဘယ်သူမှမသိလိုက်ပါ။

💚System Coe❤️ (Completed )Where stories live. Discover now