💚 Real life 3 ❤️

7.1K 750 79
                                    

ရှောင်းကျန့် မနက်နိုးလာတော့ တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုခံစား‌နေရသည်။

လှုပ်ရှား၍မရ တင်းကြပ်စွာဖက်ထားခြင်းကိုခံနေရသည်။

“ထပ်အိပ်အုံး ကလေး စောသေးတယ်”

“ဟွန်း”

ရှောင်းကျန့်နှာမှုတ်ကာ ပြန်အိပ်လိုက်သည်။

ရိပေါ်သူ့ကလေးဗိုက်ဆာနေမှာစိုးတာကြောင့်
အိပ်ယာမှထကာ ကလေးကိုချီပီး ရေချိုးခန်းထဲခေါ်သွားလိုက်တယ်။

မျက်နှာသစ်ရေးချိုးပေးတော့ အမယ် မျက်လုံးလေးကိုမှိတ်ပီး ဇိမ်ယူနေတာ ။ အူယားလာတာကြောင့် ပါးနှစ်ဖက်ကိုနစ်နေအောင် နမ်းလိုက်တယ်။

ရှောင်းကျန့် ရုတ်တရက်အချီခံရပီး ရေချိုးခန်စထဲ ခေါ်သွားတာကြောင့် လန့်သွားသော်လည်း
ရေချိုး မျက်နှာသစ်ပေးနေ‌ကြောင့် ပျင်းနေတာ‌နဲ့အတော်ဖဲ ဖြစ်သွားသည်။

“အသားကိုယူတယ်”

“ကိုယ်က ကလေးတစ်ကိုယ်လုံးကို မျိုချထားချင်တာ”

“အပိုတွေ”

“ကိုယ့်အချစ်တွေက ကလေးတစ်ယောက်တည်းအတွက် ဖြစ်တာကြောင့် ပိုတာ တွေကလဲ ကလေးအပိုင်ဖဲ”

“ဟာဗျာ စကားတွေ နဲ့လာချုပ်နေတယ်”

“ဟက် ဟက် ”

အရှေ့က အရှက်သည်းစွာ ခေါင်းငုံ့နေတဲ့ ကလေးကိုချီကာ ထမင်းစားခန်းသို့ခေါ်သွားလိုက်တယ်။

“ကလေး ထမင်းစားပီးရင် ဆေးသောက်ရမယ်နော ”

“သောက်ချင်ဘူး”

“ဆေးသောက်မှသက်သာမှာလေ ကလေးဆေးသောက်ရင် ကလေးဖြစ်ချင်တာပြောအကုန်ဖြစ်စေရမယ် တစ်ခုဖဲ ကိုယ့်အနားက ထွက်သွားမယ်လို့တော့မပြောပါနဲ့”

“ပီးရောလေ ဆေးသောက်မယ် ပီးရင် ခင်ဗျား company ကိုလိုက်ခဲ့မယ် ok”

လက်မလေးနဲ့ လက်ညိုးလေးကိုကွေးကာ အိုကေလုပ်ပြကာ မျက်လုံးလေးတစ်ဖက်ပါမှိတ်ပြနေတာကြောင့်
လူက အလိုလိုပြုံးမိသည်။

ကိုယ့်အပြုံးတွေက ကလေးလေးနဲ့မှ ဖြစ်တည်လာတာ။

ရှောင်းကျန့် ရိပေါ်ကိုခွင့်လွှတ်ပေးလိုက်သည်။
အတိတ်က အတိတ်မှာဖဲ ထားခဲ့မယ်
အခုလက်ရှိ သူ့တစ်ယောက်တည်းကိုချစ်နေရင် ဂရုစိုက်နေရင်ရပီဖြစ်သည်။

💚System Coe❤️ (Completed )Where stories live. Discover now