💚 arc4.4 ❤️

7.6K 775 20
                                    

Zg

ညနေအချိန်ပိုင်းအလုပ်ရှိတာကြောင့် ကော်ဖီဆိုင်လေးသို့ပြေးရချေသည်။

အလုပ်ကိစ္စနဲ့ ကော်ဖီဆိုင်လေးတွင်ချိန်းဆိုထားတာကြောင့် စောင့်နေရင်း ဆိုင်ထဲကိုပြေးဝင်လာတဲ့ ဖြူဖြူလုံးလုံးလေး ဟောဟဲဆိုက်နေပုံက ကမ္ဘာကျော်ပန်းချီမမှီနိုင်ဘူး။

“ဆော့လေး အကို့ကို ဒီကော်ဖီလေး ဟိုဝိုင်းကိုပို့ပေးပါလား”

“ဟုတ်အကို”

[Hostအဲတာဇာတ်လိုက်ဂျူယောင်း]

‘အေ’

“အားးသွေ့ပုချီ ကျနောသုတ်ပေးမယ် ”

Coffee ပူပူလေးဇာတ်လိုက်ပေါ်ကိုတမင်မှောက်ချလိုက်တယ်။

“ကလေး ဘာဖြစ်သွားသေးလဲ တောက် ပူကုန်တော့မှာဖဲ”

ဒီ ဒီလူက သူ့အပေါ်ဖိတ်ကျတာကို မမှု့ဖဲ ငါ့ကိုဂရုစိုက်နေတာ မဟုတ်မှကိုကိုလား?

“ကလေး ဘာကြောင်နေတာလဲ ”

နူးနူးညံ့ညံ့လေးပြောလာတာကြောင့် ဘေးကလူယုံဖြစ်တဲ့ ဂီယွန်းကြောင်အမိတယ်။
သူ့အသားထိရင် ရွံ့သလိုဆက်ဆံတတ်တဲ့သူက
အခုလိုသူများအသားကိုထိနေတယ်။
ငါ့ကိုတယောက်လောက်လာရိုက်ပေးကြပါလား။

“လူကြီး အင်ကျီတွေပေကုန်ပီ အင့် ကျနောတောင်းပန်ပါတယ် ဟင့်”

“ဟာကလေး မငိုရဘူးလေ တိတ်တော့ လာလာ ဆေးခန်းသွားမယ် ကလေး ပူကုန်ပီ”

နောက်ကဂီယွန်းကိုဆိုင်ရှင်ဆီမျက်စာပျစ်ပြတာကြောင့် နားလည်သလို ခေါင်းငြိမ့်ပြလိုက်သည်။

~~~~~~~

ဆေးရုံကအပြန်တွင်

“ကျနောကရပါတယ် တောင်းပန်ပါတယ် ကျနော့ကြောင့်ဖြစ်ရတာ”

“ကိုယ်ကဒီလောက်တော့ခံနိုင်ပါတယ် ကလေးသာ ဘာမှမဖြစ်ဖို့အရေးကြီးတယ် ခု ကိုယ်အိမ်ပြန်ပို့ပေးမယ်နော”

“ဟုတ် ”

ခေါင်းလေးငြိမ့်ပြကာ ပြုံးပြလိုက်တော့ ထိုလူကြီးက ခနကြောင်ကြည့်မိတယ်။
ကလေးပြုံးရင်နတ်သက်ကြွေတဲ့အတိုင်းပင်
အားးးးသိမ်းထားချင်လိုက်တာ။

💚System Coe❤️ (Completed )Where stories live. Discover now