💚 arc1.3 ❤️

12.1K 1.1K 192
                                    

ဘုရင့်ညီလာခံတွင်

“အရှင် ကျနောမျိုးကိုကြည့်ပါအုံး ဒါ မိဖုရားခေါင်လက်ချက်ပါ”

“တိတ်စမ်း မောင်မင်း အက်တာ ကိုယ်တော့်အသဲကလေးလုပ်ပါတယ်လို့သက်သေရှိလားပြောစမ်း”

ဝေ့ရင်းကတော့ ဘုရင်ရင်ခွင်ထဲကနေ ရှိလာ ပြောလေ ဆိုတဲ့ မျက်နှာဘေးနဲ့ အရှေ့ကအခွန်အမတ်ကြီးအား မျက်နှာလှမ်းပြောင်နေတယ်

အခွန်အမတ်ကြီးကတော့ တရှုးရှုးနဲ့ သူ့မှာ မိဖုရားခေါင်လုပ်တယ်ဆိုတာဖဲသိတာ သက်သေကမရှိဘူး

ထိုအမတ်ကြီးအဖြစ်ကတော့
ညီလာခံကိုလာရင်း ဘယ်ကမှန်းမသိတဲ့ ‌လောက်စာလုံးက သစ်ပင်တစ်ပင်ရဲ့ ပျားအုံကိုထိကာ ထိုအမတ်ကြီးရဲ့ ခေါင်းကို ဝိုင်းတုတ်သွားကြတာပါဖဲ

မျက်နှာတခုလုံးလဲဖူးယောင်ကာ နှုတ်ခမ်းများက ရှေ့သို့ ၃လက်မလောက်ထူထဲနေတာ

နားရွက်များက အကြီးကြီးနှာခေါင်းဆို ရဲတွတ်ကာ  မျက်လုံးများက မြင်ကိုမမြင်ရတော့ပါ မျက်ကန်းအတိုင်းပင်

(မသိဘူး လေးခွနဲ့လောက်စာ လုံးထည့်မှာဖဲ
ပျားတုတ်ခံရတဲ့သူအား မြင်ယောင်ပါ ကျဲကျဲအဲလိုမရေးတတ်လို့ပါနော 😚)

သူလှမ်းမြင်လိုက်တာက သူ့ကိုအူလိုက်သဲလိုက် ‌အော်ရယ်နေတဲ့ မိဖုရားခေါင်

ဝေ့ရင်းလဲ သူ့အပစ်လုပ်ပီး ဘုရင့် ညီလာခံသို့ ထိုအခွန်အမတ်မရောက်ခင် အရင်ကြိုလာခါ ဘုရင့်ရင်ခွင်ထဲ တန်းဝင်ထိုင်လိုက်တယ်

ရှေ့ကအမတ်များက တဟန့်ဟန့်နဲ့ လူရှေ့မရှောင် ro မှု့အား အသက်အရွယ်နဲ့မှမလိုက်ခံစားနေရသည်...

လျန်ကျန့်ကတော့ သူ့အချစ်လေးအားတရှုံ့ရှုံ့နဲ့ ခေါင်းလုံးလုံးလေးကို အနှံ့လိုက်နမ်းပစ်တယ်

အပစ်လုပ်ပီး သူ့ရင်ခွင်ထဲ လာထိုင်နေတဲ့ အသဲအသက်ကလေးအား သူ့မှာ အူတေယားနေသည် သေးသေးကွေးကွေးလေး သူ့ရင်ခွင်ထဲမှာထိုင်နေတာ

တခါတခါ တခိခိရယ်သံလေးက ထွက်လာသေးတယ်
သူ့မှာချစ်လွန်းလို့ ဝှက်ထားချင်မိတယ်

💚System Coe❤️ (Completed )Where stories live. Discover now