💚 arc1.2 ❤️

12.6K 1.2K 146
                                    

“မော့မော့သွားမယ် ထိုင်ရတာညောင်းသွားပီ”

“ဟုတ်ကဲ့ ဝေ့သခင်လေး”

အရှေ့ကနေပြေးသွားတဲ့ ‌သူ့သခင်နောက် ခါဝန်မ ကာလိုက်ရတော့တယ်...

ငါ့ရဲ့တည်တည်ငြိမ်ငြိမ်သခင် ဘယ်ပျောက်သွားတာလဲ ဒါမယ့်လဲ ဒီလိုပုံစံ ကိုပိုကြိုက်တယ်

ဘုတ်

(ရှောင်းကျန့်ကို ဝေ့ဝူရှန်း ဖဲသုံးမယ်နော)

ဝေ့ရင်း ပြေးနေရင်း ရှေ့က ကျောက်ခဲအား ခလုတ်တိုက်ကာ လဲသွားလေတော့ ကယ်တင်ရှင် ကြီးများက ပွေ့ဖက်ကာ ထိန်းထားပေးမယ်လို့ ထင်ပါသလား..

ငါငိုချင်တယ် မြေကြီးပေါ်မှာ ကာယားကြီးလဲနေတာ
ဘယ်သူမှလဲ လာမကယ်ပေးကြဘူး ဗြဲ င့ါဘဝကဆိုးပါတယ်

လူ့ဘဝတုန်းက ချစ်သူကသစ္စာဖောက်ပီးလမ်းခွဲတာခံရလို့ ဖီးနေတာကို ဘယ်ကကားမှန်းမသိ လာတိုက်သတ်သေးတယ် ခုလဲ ကြည့် ခွေးသား စစ်စတန်ဆိုတာက သူ့ကို တာဝန်တွေပေးနေတယ် ဂေးဇာတ်သွင်းတဲ့စစ်စတန်

ဘာမှမဆိုင်အဆဲခံလိုက်ရသော coe ကတော့ မရှိတဲ့ မျက်ရည် ညှစ်ထုတ်လျက်...

မြေပေါ်မှာ မထဖဲ ဒူးလေးပွတ်ကာ ပြိုတော့မယ့်မိုးလို့ ငိုမဲ့မဲ့ဖြစ်နေတဲ့ ကလေးအား မကြည့်ရက်တာကြောင့်

အနားပြေးသွားမိတယ်
“ယုန်ပေါက်လေး ထထ နောက်တခါမပြေးရဘူးနော”

ချိုင်းကနေချီမ;ကာ ‌မင်းသမီးပွေ့ချီသလို ချီပီး သူ့နန်းဆောင်ကို ခေါ်သွားလေတော့သည်

ဝေ့ရင်းကတော့ သူ့ကို ချီသွားတဲ့သူကို ရင်ခွင်ထဲကနေ အကြောင်းသားငေးနေမိတယ်

သရေတမျှမျှနဲ့ ငမ်းနေတဲ့သူ့‌ host ကို ခေါင်းသာခါမိတယ်

[ Host အက်တာဇာတ်လိုက် လန်ဘုရင်ပါ]

ထိုအခါမှငမ်းတာရပ်တဲ့ ဝေ့ရင်း
‘ဘာကွ တွေ့မယ် အစကမသိလို့ ငေးမိတာ ခုတော့ ဘုရင်လဲမသိဘူးသေဖို့သာပြင်’

“ယုန်ပေါက်လေး ဘာတွေတွေးနေတာလဲ ”

ဝေ့ရင်း လန်ဘုရင်အား ဘုကြည့်ကြည့်ကာ
“သွားခွင့်ပြုပါအုံး အရှင် ကျနောမျိုးက ဘောင်မဝင်ပါဘူး”

💚System Coe❤️ (Completed )Where stories live. Discover now