Is Love Real?? (part 1)

611 30 4
                                    

ဒီလိုနဲ့ ယွန်း နဲ့ သင်းတို့ ခင်မင်လာတာဟာ နှစ်လကျော်လောက်ကြာလာခဲ့ကြပြီ ပိုလည်းရင်းနှီးလာခဲ့ကြတယ်
ရန်ကုန် နဲ့ မန္တလေးကနေပြီး online ကတွေ့ခဲ့ပေမယ့် တကယ့် best friend အတိုင်းပါဘဲ.....

တစ်နေ့ စကားလက်ဆုံကြနေရင်း.....

သင်း - အိုင်ကလေ အသားမာတွေ မစားနိုင်ဘူး သွားမကောင်းဘူး တခါတစ်လေဆို အစားတောင်ကောင်း"မစားနိုင်ဘူး

ယွန်း - ဟုတ်လား သွားသေချာမတိုက်ဘူးလား တစ်နေ့ဘယ်နှစ်ကြိမ်တိုက်လဲ ညဘက်တွေကောတိုက်လား

သင်း - ညဘက်ကတော့ မတိုက်ဖြစ်ဘူး

ယွန်း- မဖြစ်ဘူးလေ နောက်တစ်ခါဆို ညဘက်ပါတိုက်ရမယ် ကြာရင်အဲ့ဒါမကောင်းဘူး နေ့တိုင်းလာသတိပေးမယ် ဟုတ်ပြီလား အဲ့ခါကြရင် ပုံနဲ့ သွားတိုက်ကြောင်း သက်သေပြရမယ် ဒီနေ့ညစလုပ် ဟုတ်ပြီလား

သင်း- ဟုတ်ပါပြီဗျ~~~

ည ၉ နာရီခွဲသို့ရောက်သောအခါ ~~~

ယွန်းမှ သင်းဆီသို့ စာပို့လိုက်သည်..

ယွန်း - ယူစားပြီးပြီလား နောက်ထပ် အစားမစားတော့ရင် သွားတိုက်တော့နော် ပြီးရင်တိုက်ကြောင်းပြ

သင်း - ဟုတ်ကဲ့ပါဗျ

ခဏကြာသော် သင်းဘက်မှ ပုံလေးနဲ့အတူ စာပို့လာခဲ့သည်~~~

သင်း - ဒီမှာပါ သွားတိုက်ပြီးပါပြီနော်

ယွန်း - ဟုတ်ပြီ" လိမ္မာတယ် နောက်နေ့လည်း အဲ့လိုဘဲ လုပ်ရမယ်နော် သတိလာပေးမယ်

သင်း - ဟုတ်ပါပြီဗျာ ~~~

ဒီလိုနဲ့ သူတို့ anime အကြောင်းတွေပြော စကားလက်ဆုံကြရင်းကနေ conversation လေးဟာ ည ၁၂ ကျော်လောက်မှာ Goodnight ဆိုပြီး အဆုံးသတ်ခဲ့ကြတယ်...

ယွန်းရဲ့စိတ်ထဲမှာတော့~~~

"ဟူး ..ငါဘာလို့ သူ့ကို အဲ့လောက်ဂရုစိုက်နေမိပါလိမ့် သူနဲ့ စကားပြောနေရရင်လည်း အရမ်းပျော်တယ် သူ့ကိုဂရုစိုက်ပေးရလို့လည်း ပင်ပန်း စိတ်ပျက်တာမရှိဘဲ ပျော်နေမိတယ် ငါ့စကားလိုက်နားထောင်ပြီး လုပ်ပေးတာကအစ ပျော်နေမိတယ် ဘာလို့ပါလိမ့်... Bestie မလို့နေမှာပါ ဟုတ်ပါတယ် အဲ့ဒါကြောင့်နေမှာ တော်ပြီ" နောက်ကျနေပြီအတွေးရပ်ပြီး အိပ်တော့မယ်" ဆိုပြီး ယွန်းရဲ့ အတွေးလေးဟာ အဆုံးသတ်သွားခဲ့တယ်

Is Love Real ??Where stories live. Discover now