Is Love Real?? (part21)

111 10 1
                                    


ယွန်း - good morning

သင်း - good morning

ယွန်း -  class ပြီးပြီမလား မနက်စာစားအုံးနော်

သင်း - ဟုတ် ယွန်းလည်းစားအုံး

ဒီလိုမျိုးတွေလောက်ဘဲ ပြောဖြစ်ပြီး စကားလက်ဆုံကြပြီး ပြောဖြစ်တာမရှိတော့ဘူး ပထမ ၂ရက် လောက်ကတော့ အဆင်ပြေနေပေမယ့် နောက်ရက်တွေကျ ပိုဆိုးလာတယ် မနက်နိုးတိုင်းသင်းက အမြဲနှုတ်ဆက်လေ့ရှိတယ့် good morning ကို မပို့ဖြစ်တော့ဘူး

တစ်နေ့ ... ယွန်း ၉ နာရီခွဲလောက်နိုးလာပြီး လိုင်းတက်ခဲ့တယ်......

" ဟမ် အရင်ကဆို သင်း ငါ့ကို နှုတ်ဆက်နေကြလေ active now ကြီးလည်း ဖြစ်နေတာကို ဘာလို့ပါလိမ့်"....

ဒီလိုနဲ့ ယွန်းလည်း group ထဲ ဝင်ကြညိ့တဲ့အချိန်မှာ ၈ နာရီလောက် သူကျူရှင်ဝင်နေတဲ့အချိန်လောက်မှာ ဂွတ်စမောနင်းဆိုတာနဲ့အတူ manhwa ပုံထဲက ကောင်မလေးကိုပို့ပြီး မီးမမ ဆိုပြီးပြောထားတာကို တွေ့လိုက်တယ်

ယွန်း တစ်မျိုးတော့ ဖြစ်သွားတယ် အဲ့တာနဲ့အတူ အတွေးများစွာကလည်း ဝင်လာပြန်တာပေါ့

" အရင်နေ့တွေက သင်းများမအားဘူးလားဆိုပြီး ထင်ခဲ့တာ အခုကျတော့ မအားတာလား မပြောဖြစ်တာလား" ဆိုပြီး ယွန်းကိုယ့်ဘာသာ မေးခွန်းတွေထုတ်နေတာပေါ့......

ယွန်းဘက်စပြီး စကားပြောချင်ပေမယ့် "ငါများ သင်းကို အနှောင့်ယှက်ပေးမိသွားမလား သူအားရဲ့လား အဆင်ပြေပါ့မလား" ဆိုတဲ့ အတွေးကြောင့် သွားမပြောဖြစ်ခဲဘူး

ဒီလိုမျိူး စကားတွေ သေချာ သိပ်မပြောဖြစ်ပေမယ့် ယွန်းဆီမှာ သင်းဘာလုပ်လုပ် noti တက်ပါတယ် ဘာ share တယ် ဘာမန့်တယ်ကအစပေါ့ အရင်ကလည်း တက်ပေမယ့် အခုရက်ပိုင်း သင်းက တအားရှဲ တအားမန့်နေတော့ ယွန်းရဲ့ fb noti မှာ သင်းရဲ့ noti ဘဲရှိတော့တာပါ ယွန်းရဲ့ ကိုယ်ပိုင် noti တောင်မရှိတဲ့အထိပါ အဲ့တာကြောင့် ယွန်းလည်း သင်းကို သွားစပါတယ် 

ယွန်း - သင်း ဒီမှာကြည့်အုံး noti တွေဆက်တိုက်ဘဲ တစ်နေ့တည်းထဲတင်အများကြီး ဒါတောင်အရင်ရက်ကဟာတွေမပါသေးဘူး

Is Love Real ??Where stories live. Discover now