Is Love Real ??(part 15)

101 10 0
                                    

ယွန်း - ယွန်းကောင်မလေးအဖြစ် တစ်သက်လုံး ရှိပေးနိုင်မလား တစ်နေ့ကျ တွေ့ကြပြီး ယွန်းဘေးမှာအမြဲနေပြီး အကြာကြီး ချစ်ပေးနိုင်မလား ပြီးတော့ ယွန်းတို့ တစ်ယောက်အကြောင်း တစ်ယောက်ပိုသိအောင်လုပ်ပြီး ယွန်တို့ဆက်လျှောက်မယ့် အနာဂတ်လမ်းမှာ သင်းက ယွန်းဘေးကနေရှိနေပေးနိုင်မလား ကုန်"ပြောရရင် အိုမင်းတဲ့အထိ......

ယွန်းအဲ့စကား အိုမင်းတဲ့ထိဆိုတာက propose လုပ်လိုက်တဲ့ သဘောမျိုးပါ ဘာလို့ဆို ယွန်းကောင်မလေးအနေနဲ့ သင်းနဲ့ ဘယ်အချိန်မဆိုအမြဲ ဘေးနားမှာရှိပေးစေချင်တာကြောင့်ပါ

သင်းက စာ ဖတ်ပြီး စာရိုက်တာအရမ်းကြာနေတာကြောင့် အစတည်းက အရမ်းရှက်တတ်တဲ့ ယွန်းလည်း အဲ့လိုမျိုးစကားကို ပြောလိုက်ရတာကြောင့် ရှက်ရမ်း"ဖြစ်ကာ စတဲ့ပုံစံနဲ့ သင်းကို တစ်ခု ထပ်ပြောလိုက်တယ်

ယွန်း - အဆင်မပြေလည်းရပါတယ် ဖတ်" သင်းသာ ထားသွားရင် ဒီအတိုင်းတော့မရဘူးကောင်မလေးအသစ်ရှာပေးရမယ်နော် haha

ယွန်း အမှန်ဆို စကားမှားသွားတယ် ဖုံးကွယ်ထားတဲ့ တစ်ဖက်ကပြသာနာကြောင့် အဲ့လိုပြောရင် ဘာဖြစ်သွားမလဲကို မစဉ်းစားနိုင်ခဲ့ဘူး တောင်းပန်ပါတယ်

သင်း - မသိသေးဘူး ဖြစ်ချင်တာက အဆုံးထိ အတူနေချင်တယ် အနာဂတ်စဉ်းစားရင် ယွန်းမပြောနဲ့ တစ်ယောက်တည်းရပ်တည်ဖို့တောင် ယုံကြည်ချက်မရှိသေးဘူး ယုံကြည်ချက်ရှိတဲ့နေ့ မပြတ်သေးရင် အဆုံးထိလျှောက်မယ် မပြတ်ဘူးမထားဘူးဆိုက နောက်ပြသာနာအမျိုး"ကြုံလာရင် ဘာဖြစ်မလဲ မသိနိုင်ဘူးလေ အခူတောင်စစ်တွေဖြစ်နေတာ အဲ့စစ်ထဲ သင်းသေသွားနိုင်တာဘဲလေ

ယွန်းလိုချင်တဲ့ အဖြေမျိုးတော့မဟုတ်ခဲ့ဘူး ပြီးတော့ ယွန်းဒေါသထွက်သွားတယ် သေတယ်ဆိုတဲ့ စကားကြောင့် ယွန်းအရမ်းမုန်းတယ် သေတယ်လို့ပြောတာကို ဘာလို့ဆို ယွန်းလည်း အဲ့လိုမျိုးကနေ မနည်းရုန်းကန်လာရတာမလို့လေ အဲ့ဒါကြောင့် ပြီးစလွယ် သေတယ်မပြောဘဲ အဆုံးထိ ကိုယ်တတ်နိုင်သလောက်ကို ကြိုးစားစေချင်ခဲ့တာ......

အဲ့စိတ်တွေနဲ့ ယွန်းရဲ့ တစ်ဖက်က ဖုံးကွယ်ထားတဲ့ ပြသာနာကြောင့်ရလာတဲ့ စိတ်ခံစားမှုတွေကို စတင် ရော"နှော" ဖြစ်ချင်လာတာပေါ့.....

Is Love Real ??Where stories live. Discover now