Is Love Real?? (part 24)

1K 24 5
                                    


ယွန်း - သူငါ့ကိုထားသွားပြီ သူငါ့ကိုထားသွားပြီ

ကြယ်စင် - ဟမ် ဘာဖြစ်တာလဲ ရုတ်တရတ်ကြီး

ယွန်း - ငါကိုယ်တိုင်တောင် ​ေသချာမသိဘူး

ကြယ်စင် - ဟာ မဖြစ်ဘူးလေ ရအောင်ဆွဲလေ

ယွန်း - ငါဆွဲထားပြီးပြီ ဒါပေမယ့် မရဘူး

ကြယ်စင် - ဘာဖြစ်တာလဲ ငါ့ပြကြည့်

ယွန်းလည်း ss ရိုက်ပြီး ပြလိုက်တယ်

ကြယ်စင် - သူကကော ဘာထဖြစ်တာလဲ နင်ကကော ဘာလို့ နောက်ဆုံးမှာ အဲ့လိုပြောရတာလဲ

ယွန်း - ငါမသိဘူး ငါ့ခေါင်းထဲ ဘာမှမသိတော့ဘူး ငါဘာတွေပြောမိမှန်းတောင်မသိဘူး

ယွန်းစိတ်နဲ့ ကိုယ်နဲ့တောင် မကပ်ဘဲ ငိုနေတော့တယ်

ကြယ်စင် - နင်တို့နှစ်ယောက် ဒီလောက်ချစ်ကြတာကိုဟာ ဘာဖြစ်လို့လဲ နင်တို့အတွဲကို ငါဒီလောက်အားကျရတာကို ဘာလို့ဒီလိုတွေဖြစ်ကုန်ရတာလဲ

ယွန်း - မပြောပါနဲ့တော့ဟာ ငါမသိတော့ဘူး ဘာမှမသိတော့ဘူး

ကြယ်စင် - အေးပါ နင်အခုတော့အနားယူ လိုက်တော့ မနက်မှ ဆက်ပြောမယ် နင်အခု လူနဲ့စိတ်ကို ရအောင်ကပ်စမ်း နင့်ကိုယ်နင် ဘာတွေပြောလိုက်လဲတောင် မသိတော့ထိ ဖြစ်ကုန်ပြီမလား အိပ်တော့ ညနက်နေပြီ စကားသွားမပြောနဲ့တော့ အသိစိတ်ပြန်ဝင်မှပြော မဟုတ်ရင် ပိုဆိုးကုန်မယ်

ယွန်းဘာမှ မသိတော့ဘူး တကယ် ဘာမှလည်းနားထဲမဝင်တော့ဘူး ယွန်းရင်ထဲမှာ အရမ်း နာနေတယ် အဲ့ဒါဘဲ သိတယ်

ယွန်းတစ်ညလုံး အိပ်မပျော်ခဲ့ဘူး  တစ်နာရီခြား တစ်ခါနိုးပြီး ငိုနေမိတယ် "ဘာဖြစ်လို့လဲ ရုတ်တရတ်ကြီး ယွန်းအကြောက်ဆုံးအရာ တကယ်ဖြစ်လာပြီ သင်းဘာလို့လဲ" ဆိုကာ ပြောပြီး ငိုနေမိတယ် စိတ်နဲ့လူနဲ့လည်း မကပ်တော့တဲ့အတွက် ဘာမှမသိတော့ဘူး မနက်ကျလည်း ၆နာရီတည်းကထထိုင်ပြီး ငိုနေမိတယ် အဲ့လိုမျိုး ညမအိပ်ဘဲ ငိုနေမိတာကြောင့် မအိပ်ရလားဆိုပြီး အမေဆူတာပါခံလိုက်ရပါသေးတယ် အဲ့လိုဆူခံနေရချိန်မှာ ယွန်းရဲ့  engery ဖြစ်တဲ့ သင်းကိုဘဲ သတိရနေခဲ့မိတယ်

Is Love Real ??Where stories live. Discover now