Part - {15}

499 127 5
                                    

"ဝိုး...ဝိုး ဘယ်သူများလဲလို့? ဒါက မြို့စားမင်းကြီး မဟုတ်လား? အရှင်က အရမ်းနောက်ကျနေတော့ ကျွန်တော်မျိုးကို မေ့သွားပြီ ထင်တာ" ကာလ်တန်က သူမတည်မငြိမ်ဖြစ်နေတာကို ဖုံးကွယ်ဖို့ ရယ်မောလိုက်ပေမဲ့ လူလ်စန်ကတော့ မျက်လွှာတွေ အောက်ချထားပြန်တယ်... မသိရင် ကာလ်တန်က ပြန်အဖက်လုပ်ဖို့ မတန်သလိုမျိုး ဖြစ်နေတာပေါ့။

တကယ်တော့ လူလ်စန်က သူ့ကိုယ်သူ သေခြင်းတရားဆီ ရောက်နေပြီလို့ ထင်နေတာ။ သူ ကာလ်တန်ရဲ့ အကြည့်တွေကို ရှောင်နေရတာက တကယ်တော့ သူ့(ကာလ်တန်)လက်ထဲက ဓားမြှောင်အပေါ် အာရုံစိုက်နေလို့ပဲ။

'ဘာလို့ ခင်ဗျားက ဓားမြှောင်ကိုင်ထားရတာတုန်း? ခင်ဗျားကျွန်တော့်ကို အဲ့တာနဲ့ ပစ်ပေါက်တော့မှာလား? ကျွန်တော် နောက်ကျသွားလို့လေ?'

ကာလ်တန်က ပထမမင်းသားကြီး နန်းတက်ပြီးနောက် ဘာလို့ သန့်စင်(စွန့်ပစ်)ခံလိုက်ရလဲဆိုတာ လူလ်စန် သိလာပြီ။ လူတွေက အနည်းငယ် နောက်ကျ နိုင်တာပဲ။ အဲ့တာကို စောင့်နေရင်းနဲ့ ဓားမြှောင် ထုတ်ထားဖို့ မလိုဘူးလေ။ မင်းသားတောင် သူ့ဒေါသကို ကြောက်နေလိမ့်မယ်။

"..." လူလ်စန်က တံတွေး မြိုချလိုက်တယ်။ သူအကြာကြီး ပြေးခဲ့ရလို့ သူ့ပါးစပ်ထဲမှာတောင် သွေးအရသာ ရလာသလိုပဲကို။

"ကျွန်တော်က ဘယ်လိုလုပ် မေ့ပါ့မလဲ? ကျွန်တော် ဘယ်တော့မှ ခင်ဗျား ပြောထားတာကို မေ့မှာ မဟုတ်ဘူး။" လူလ်စန်က ကာလ်တန်ကို အမှားလုပ်မိမှာစိုးလို့ အတတ်နိုင်ဆုံး တည်ငြိမ်စွာ ပြောရှာတယ်။ ဒါပေမဲ့ သူ့တည်ငြိမ်မှုက ကာလ်တန်ကို ပိုဒေါသထွက်စေတာ သူမသိဘူး။ လူလ်စန်က အခြားလူတွေရဲ့ အမြင်မှာ သူဘယ်လိုမျိုး ‌ဖြစ်နေလဲဆိုတာ ဂရုမစိုက်ခဲ့ဖူးဘူး။ အထူးသဖြင့် သူ့ရဲ့ ပုံပန်းသွင်ပြင်နဲ့ ပတ်သတ်ရင်ပေါ့။ သူက အခုထိကို သူခြေသလုံးအိမ်တိုင် ဘဝက ပုံရိပ်ထဲ ပိတ်မိနေတုန်းပဲ*။
(Note - ပြောချင်တာက သူသွားလာရတုန်းက ဝမ်းဝဖို့အရေးပဲ ဂရုထားတော့ သူ့ပုံစံကို အလေးမထားဘူးလေ။ အခုထိ ဝမ်းရေးပဲ ရှာဖွေနေတုန်းပေါ့ >< ဘေဘီဟာ ဘေဘီပါပဲ)

နန်းကျအရှင်ရဲ့ အခြေအနေ အရပ်ရပ်ပေါင်းများစွာ : Myanmar translation (Unicode)Where stories live. Discover now