Part - {35}

474 109 1
                                    

Notes - လူလ်စန်က တောင်ပိုင်းဒေသတစ်ခုလုံးကို အပိုင်စားရပြီး တောင်ပိုင်းဒေသခေါင်းဆောင်တွေဆိုတာက တောင်ပိုင်းဒေသတွင်းမှာရှိတဲ့ မြို့လေးတွေကို အပိုင်စားရထားကြတဲ့သူတွေပါ။ သူတို့ကလည်း မြို့စားတွေပါပဲ။ ဒါပေမဲ့ လူလ်စန်ကတော့ သူတို့တွေအကုန်လုံးရဲ့ ခေါင်းဆောင်ပေါ့။ ရှုပ်မှာစိုးလို့သာ သူတို့တွေကို မြို့စားလို့ မရေးပဲ ခေါင်းဆောင်တွေလို့ပဲ ရေးထားတာပါ။

________________________

ဖရိုဖရဲ အခြေအနေကြားက တင်းမာမှုကို ကာလ်တန့်လူတွေကပဲ ဖျက်ဆီးပေးလိုက်တယ်။

"ခေါင်းဆောင်! ခေါင်းဆောင်!!" ကာလ်တန့်လူတွေက သူအလာကို အကြာကြီး စောင့်ဆိုင်းနေခဲ့သလိုမျိုး ပြေးလာကြတယ်။

ကာလ်တန်က သူအောင်မြင်မှုကို ခံစားမိလိုက်တဲ့ အချိန်မှာပဲ အနှောင့်အယှက် ပေါ်လာတာကြောင့် စိတ်တိုသွားတယ်။ "ဘာလဲ?"

ကာလ်တန့်လူတွေက သူ့ရဲ့စိတ်လက်တစ်ဆစ် အခြေအနေနဲ့ ကျင့်သားရနေပြီးသားမလို့ ကြောက်လန့်ပြီး တွန့်ဆုတ်တာမျိုးတွေ မဖြစ်သွားဘူး။ အဲ့ဒီ့အစား သူတို့က အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်တယ်၊ "ဗင်းနတ်ထ်အိမ်တော်ကနေ အညံခံကြောင်း စေလွှတ်လိုက်တဲ့ သံတမန် ရောက်လာပါတယ်။"

အဲ့ဒီ့အချိန်မှာပဲ စစ်ရေးအရာရှိကြီး၊ လူလ်စန်၊ ကာလ်တန်၊ ရှိသမျှလူတိုင်းက သူတို့ဆီကို အာရုံရောက်သွားတယ်။

ဒုတိယမင်းသားငယ်ကို ထောက်ခံတဲ့  တောင်ပိုင်းဒေသ‌ ခေါင်းဆောင်တွေထဲမှာ ဗင်းနတ်ထ်အိမ်တော်သာလျှင် ကာလ်တန်ကို အညံ့မခံရသေးတာပါ။ ကာလ်တန်က အပြစ်ပေးဖို့(စစ်ချီဖို့) စီစဉ်ပြီးခဲ့ပေမဲ့ လူလ်စန့်ပြဿနာကြောင့် နှောင့်နှေးခဲ့ရတယ်၊ နောက်ပိုင်းကျ ရိက္ခာခွဲဝေပေးတဲ့ ကိစ္စတွေ ဆက်သွားတာပဲ။ မူလအစီအစဉ်အတိုင်းသာဆိုရင် အခုလောက်ဆို ကာလ်တန်က ဗင်းနတ်ထ်အိမ်တော် ဂိတ်တံခါးတွေကို ဖောက်ဝင်ပြီး သူတို့ခေါင်းဆောင်ရဲ့ လည်တိုင်မှာ ဓားတင်ပြီးနေလောက်ပြီ။

"မင်းပြောတာက သူတို့အခု အညံ့ခံဖို့ ရောက်နေတယ်လား?" ကာလ်တန်က ဒီလို မထင်မှတ်ထားတဲ့ အခြေအနေမှာ အလေးအနက်ဖြစ်လာတယ်။

နန်းကျအရှင်ရဲ့ အခြေအနေ အရပ်ရပ်ပေါင်းများစွာ : Myanmar translation (Unicode)Where stories live. Discover now