Part - {27}

437 102 6
                                    

'ဟမ်မ်မ်... သူတို့ မင်းကိုတကယ်ပဲ လုပ်ပစ်တာပဲဟ'

ရူဂျာရဲ့ မျက်နှာကတော့ သိသာထင်ရှားတဲ့ ဒဏ်ရာတွေ မရှိပေမဲ့ သူ့အင်္ကျီအောက်မှာတော့ လုံးဝ စုတ်ပြတ်သတ်နေမှာ ကျွန်တော် သေချာတယ်။ လူလ်စန် သူ့ရဲ့အစေခံကို ထိန်းသိမ်းထားတဲ့ အကျဉ်းခန်းထဲ ဝေ့ကြည့်လိုက်တယ်။ ဒီအကျဉ်းခန်းထဲမှာ ရှိတဲ့အကျဉ်းသားတွေက အခြားအကျဉ်းသားတွေနဲ့ ကွာခြားတယ်။ သူတို့က လူလ်စန်ကို လွှတ်ပေးဖို့ မတောင်းပန်ပဲ အဲ့ဒီ့အစား ရန်လိုတဲ့မျက်လုံးတွေနဲ့ ကြည့်နေကြတာ။ သူတို့ရဲ့ ပုန်ကန်ချင်တဲ့မျက်လုံးတွေက သူတို့အသက်ဘဝတွေကို လုံးဝ ပဓာနမထားတော့ဘူးလို့ ပြောပြနေသလိုပဲ၊ မြို့စားငယ်လေး သူ့စိတ်ကြိုက် လုပ်ရဲရင် လုပ်ကြည့်ဆိုတဲ့ သဘောမျိုး။

အဲ့ဒီ့လိုလူမျိုးတွေနဲ့ အကျဉ်းခန်းတစ်ခုထဲ ထိန်းသိမ်းခံထားရတဲ့ ရူဂျာဘယ်လောက်ထိ ခက်ခဲနေမယ်ဆိုတာ အကြမ်းဖျင်းခန့်မှန်းလို့ရတယ်။

'သူများ... တမင်ကို ဒီလိုအခြေအနေထဲမှာ ချုပ်ခံထားရတာလား...?' လူလ်စန် တွေးမိတယ်။

အဲ့တာက ကာလ်တန်ရဲ့ အငြှိုးကြီးတဲ့စရိုက်နဲ့ တကယ်ကို ကိုက်တယ်။ လူတိုင်းက ရူဂျာရဲ့ နိမ့်ကျတဲ့သူတွေအပေါ် ဆက်ဆံတဲ့အခါ လှောင်ထေ့ပြီး အထက်ဆီးဆန်ဆန် အပြုအမူတွေကို သိထားကြတယ်။

လူလ်စန်ကလည်း သူ့ရဲ့ ပါးစပ်စည်းမရှိတာကြောင့် တစ်နေ့သူပြန် ပေးဆပ်ရမယ်ဆိုတာ သိထားပြီးသား။

အမှန်အတိုင်း ပြောရရင် သူအဲ့တာ နည်းနည်းခံသင့်တယ်။ မူလအချိန်ကာလတုန်းကတော့ လူလ်စန်မသိခဲ့ပေမဲ့၊ အခုတော့ သူ ရူဂျာရဲ့ အထင်အမြင်သေးစရာ အရိုးစွဲနေတဲ့ အပြုအမူတွေကို နည်းနည်းသိနေပြီးပြီ။ သူက အခြားသော အထက်တန်းလွှာတွေနဲ့ သူ့သခင်အပေါ်တော့ ကောင်းရှာပါတယ်၊ ဒါပေမဲ့ အဆင့်နိမ့်‌အစေခံတွေနဲ့ ကာလ်တန်ရဲ့လူတွေကတော့ သူ့ခေါင်းနောက်ကို ‌အသေ ရိုက်ပစ်ချင်နေရှာမှာ။ သူတို့မျက်လုံးထဲမှာတော့ ဘယ်လောက်တောင် ကြည့်ရဆိုးနေလိမ့်မလဲဆိုတာလေ။

"အား၊ ကျွန်တော်သေရတော့မယ်! အရှင် အဲ့ဒီ့လူတွေက လုံးဝကို မကောင်းဆိုးဝါးတွေပဲ။ ကျွန်တော်က မြို့စားမင်းရဲ့ အစေခံဆိုတာ သိရဲ့သားနဲ့တောင်မှလေ..."

နန်းကျအရှင်ရဲ့ အခြေအနေ အရပ်ရပ်ပေါင်းများစွာ : Myanmar translation (Unicode)Where stories live. Discover now