Part - {31}

399 94 9
                                    

ကာလ်တန် : "ဖြတ်သွားဖြတ်လာတွေ အရှင့်ကို မြင်သွားနိုင်တယ်၊ အဲ့တာကြောင့် အခန်းပြန်ယူသွားပြီး စားပါ"

လူလ်စန် : "အိုး အိုကေလေ"

ကာလ်တန် : "အရှင့်ကို အခန်းဆီ လိုက်ပို့ပေးပါ့မယ်။ သွားကြပါစို့"

လူလ်စန် : "...ဘာလို့ ခင်ဗျားက လိုက်ပို့မှာလဲ?"

ကာလ်တန် : "ကိုယ်ရှိနေတာနဲ့ ပတ်သတ်ပြီး မကျေနပ်တာ ရှိလို့လား?"

လူလ်စန်က တုန့်ဆိုင်းသွားပြီး 'မကျေနပ်တာတော့ မဟုတ်ပါဘူး... ငါက ဒီအတိုင်း စိတ်လှုပ်ရှားရုံတင်ကို'။

ကာလ်တန်က သက်ပြင်းကြီး ချလိုက်တယ်။ "သွားကြစို့"။ ကြေးစားလေးက စိတ်ရှည်တတ်တဲ့ လူတစ်ယောက် မဟုတ်ဘူးလေ၊ ပြီးတော့ သူ့ဘာသာ ဆုံးဖြတ်ပြီး ရှေ့ကနေ ဦးဆောင်သွားတယ်။

'တကယ်ပါပဲ၊ အဲ့ဒီ့လူက ဘာဖြစ်နေတာလဲ?' ကာလ်တန်ရဲ့ ထူးဆန်းလှစွာသော အကြည့်တွေနဲ့ အပြုအမူတွေကြောင့် လူလ်စန်က ထိုင်ရမလိုထရမလိုနဲ့ မသက်မသာဖြစ်ကုန်ပြီ။ ဒါပေမဲ့လည်း မြို့စားအရှင်‌ငယ်လေးက ကြေးစားလေးနောက်ကို မျက်နှာရိပ်ကဲ ကြည့်ရင်း ခြေလှမ်းထပ်ကြပ်မကွာ လိုက်သွားတုန်းပဲ။ လရောင်က သူ့ရဲ့ ယောင်္ကျားဆန်ပြီး ပျော်ဝင်စေနိုင်လောက်တဲ့ မျက်နှာအစိတ်အပိုင်းတွေပေါ် ညင်ညင်သာသာ ဖြာကျနေတယ်။ 'ဒီလူက ဘာဖြစ်နေတာလဲ? ရူးများသွားပြီလား?'

လူလ်စန်က ကာလ်တန်ရဲ့ အချိန်ပြည့်ပြောင်းနေတဲ့ စိတ်ကို နားမလည်သလို ကာလ်တန်က သူ့ကို ဘာလို့အလုပ်ရှုပ်ခံပြီး ကူညီနေရတာလဲ ဆိုတာကိုလည်း နားမလည်ရှာဘူး။ လူလ်စန်က လိမ္မာပါးနပ်သလို အရိပ်ပြ အကောင်မြင်တတ်တဲ့ လူတစ်ယောက်လေ။

ကာလ်တန်က လုံးဝ၊ လုံးဝ အကြီးကြီးကို အထင်လွဲနေမှန်း သူ(လူလ်စန်)သိတယ်။ သူက တခဏမှာ မြေမြုပ်စုန်းမအိုပင်ကို ပုတ်ထုတ်လိုက်ရတဲ့အထိ ဒေါသထွက်နေပြီးနောက် ခဏကြာတော့ နောက်ထပ် စုန်းမအိုပင် သုံးပင်တောင် တူးပေးပြီး ကူညီလိုက်သေးတယ်။ ဒါပေမဲ့လည်း အဲ့ဒီ့လူက ဘာကို အထင်လွဲမှားနေမှန်း သူလုံးဝ စဉ်းစားမရနေဘူး။
(T/N : ဘေဘီ့အသည်းပူကြူး ဦးဦးတွေကို ဟိုက ဗီလိန်တွေ ထင်နေတာ >.<)

နန်းကျအရှင်ရဲ့ အခြေအနေ အရပ်ရပ်ပေါင်းများစွာ : Myanmar translation (Unicode)Where stories live. Discover now