Chapter (3)

1.1K 52 0
                                    

Unicode
ချစ်တယ်ဟုဆိုရာ၌
Season_2

@Chapter _3

" Dack size " ဒီနာမည်ကို ဒုစရိုက်လောက်ကမှ မသိသူမရှိလောက်အောင် ကြော်ကြာတယ် ....
မဟုတ်ဘူး ကြော်ကြာတာမဟုတ်ဘူး ဒီနာမည်ကြားတာနဲ့ ဖိန့်ဖိန့်တုန်အောင်ကြောက်ရတာဆိုရင်ပိုမှန်ပေလိမ့်မယ်
ဒါပေမဲ့ မည်သူမျှ မမြင်ဖူးပေ ဒါကြောင့် "Dack size" ဆိုတာ ယောကျာ်းလော..... မိန်းမလော..... ဆိုပြီး သို့လော......သို့လော သတင်းတွေ ထွက်နေခြင်းဖြစ်သည်
အကယ်၍ သူ မျက်နှာကို မင်းမြင်လိုက်မယ်ဆိုရင်တော့ မနက်ဖြန်နေထွက်တာ မင်းမြင်ရမယ်မထင်ဘူး ....ဤသည်ကား "Dack size " ပင်ဖြစ်သည်
တစ်ခုသောအဆောက်အဦးကြီး တစ်ခု မြေအောက်ခန်း သို့ဆင်းလာသော ​ခြေသံတစ်ခု ခြေသံအဆုံး၌
" သူလား "
ထိုခြေသံပိုင်ရှင်က လက်နှစ်ဖက်နောက်ပစ်ကာခြည်နှောင်ခံ ရပြီး ရိုက်နှက် ခံထားရဟန်ရှိသော သူတစ်ဦးကိုမေးငေါ့ ၍မေးလိုက်တော့
" ဟုတ်ပါတယ် ဟိုဘက်ကို သတင်းပေးပြီး
Boss ကို သစ္စာဖောက်သွားတဲ့သူပါ "
ထိုအချိန် ခြည်နှောင်ခံထားရသော သူက ပြာပြာသလဲ ကြောက်ရွံ့ တုန်လှုပ်ကာ
" Boss ကျနော် မှားပါတယ် တစ်ခါ လောက်အခွင့်ရေးထပ်ပေးပါ
ကျနော် တောင်းပန်ပါတယ် "
" အဟက် ငါက လုပ်ပြီးရင်ခံရဲတဲ့သူမှ ကြိုက်တာ
မင်း ငါ့ကိုသစ္စာမဖောက်ခင် ဒီလိုကြုံရမယ်ဆိုတာ ကြို မတွေးခဲ့မိဘူးလား ဟမ်းးးးးး👿"
ဖောင်းးးးးးးးဖြန်းးးးးးး
ဒေါသတကြီး အော်ဟစ်ကာ သူမ​ခြေထောက်ကို ဖက်မတတ် တောင်းပန်နေတဲ့ ထိုလူအား ရိုက်ချလိုက်ခြင်းဖြစ်သည်
ထိုနောက် ထရပ်လိုက်ကာ သူ တပည့် ဘက်စောင်းလှည့်၍ ခေါင်းငြိမ့် အချက်ပြလိုက်စောအခါ
" Boss တောင်းပန်ပါတယ်
ကျနော့်ကိုမသတ်ပါနဲ့ တစ်ခါဘဲ ခွင့်လွတ်ပေးပါ
Boss boss ......"
ဒုတ် စွတ် နှလုံးတည့်တည့် စားဖြင့်ထိုးချလိုက်လေတော့သည်
" အာ့ "
တချက်သာ ညီး ပြီး ငြိမ်ကျသွားမှ ထိုသူ ကလဲ ထိုမြေအောက်ခန်း ထဲမှ ခြေသံပြင်ပြင်ဖြင့် ထွက်သွားလေတော့သည်.......
" Dack size " ဟူသည် ဤကဲ့သို့သောသူပင်ဖြစ်လေသည်.......
........
" သဲလေး ညနေ မာမီ လာကြိုမယ်နော် စောင့်နေ "
" ဟုတ်မာမီ ​မြန်မြန်လာကြိုနော် အကြာကြီး မစောင့်ချင်ဘူး "
" ဟုတ် ကဲ့ ပါ ရှင့် မာမီ စောစော ထွက်ခဲ့မယ် "
" ဟုတ်မာမီ အာဘွား😘 Bye မာမီ ကားဖြည်းဖြည်းမောင်းနော် မာမီ မေမေ ပြောထားတာသိတယ်မလား "
" ဟ ဟ ဟုတ်ပါပြီ စကားနားထောင်ပါ့မယ် ရှင့်
မာမီ သွားပြီ သဲ 😘"
မာမီ ကားလေး ထွက်သွားမှ ရေးရေး လဲ ကန်တင်းဘက်ထွက်ခဲ့လိုက်တယ် ဟိုနှစ်ကောင်ကတော့ နောက်ကျမြဲ
အဲတာသူတို့အကျင့် ပြီးရင် လာရင် လဲ ခက်က နေမင်းကို ဆူနေတော့မှာ 😇😇😇
တွေးရင်း လမ်းလျှောက် လာချိန် တစ်ယောက်ယောက် နောက်က လိုက်နေသလိုခံစားတာကြောင့်ကြည့်လိုက်တော့ 😤
"ရှင် ဘဲ ကိုး ဘာကိစ္စ ရေး နောက် လိုက်နေတာလဲ "
" ဘယ်သူ့ကို ပြောနေတာလဲ ကိုယ့် ကိုပြောနေတာလား "
နောက်ကို လှည့်ကြည့်ပုံလုပ်ပြီး သူ့ကို သူ လက်ညိုးထိုးကာပြောနေတဲ့ သူ့ကြောင့် ပို အမြင်ကပ်မိတယ်
"😤😒 ဒီ မှာဘယ်သူ့ကို ထပ်တွေ့မိလို့လဲ "
" ချစ်စရာလေး ဟ ဟ "
တိုးတိုးလေး ပြောလိုက်ခြင်းပါ
" ဘာပြောလိုက်တယ် 😤"
" ကိုယ့် ရဲ့ Baby lay က ထပ်ကြားချင် လို့လား
ကိုယ် baby lay ကို ချစ်တယ်လို့ ပြောတာ "
" ရှင် က ဘဝင်ရူး နေတာ တင်မက တော့းဘူ
ဂေါက်ပါ ဂေါက် နေတာ ကိုး 😒😒"
ပြောပြီး ရေးရေး လှည့် ထွက် လိုက် တယ်
သို့သော် လက်ကနေ ဆောင့်ဆွဲ လိုက် ခြင်းခံရပြီး အတင်းဖိနမ်းလိုက်တဲ့ သူ့ကြောင့် ရေးရေး မျက်လုံး ပြူးကျယ် သွားရတယ်
" အွန့်......အူးးးးးး ဝူးးးး "
ရေးရေး ကို အတင်းဖိ နမ်းနေတဲ့ သူ့ကို ထုရိုက်ပေမဲ့ လွတ်မပေးသေး တွန်းနေပေမဲ့ သူက ပို အားသန်နေသရောင် ခနကြာမှ လွန်ပေးပြီး
" ရှင့် ကို မုန်းလိုက်တာ ဖီးးးးးး "
ပါးစပ်ကို လက်နဲ့ အားရ ပါးရ သုတ် နေတဲ့ရေးရေး ကိုကြည့် သဘော ကျစွာရီမောနေတဲ့သူ့ကို အမြင်ကပ် ကာ
သူ့ခြေထောက်ကို အားရပါး ရ နင်း ချပေးလိုက်ပြီး မြန်မြန် ထွက်ပြေးခဲ့မိတယ်
" မုန်းလိုက်တာ ငါ့ First kiss လေးကို 😤
မတရား သိမ်းပိုက်ခံရတယ်လို့ ........ ဟွန့် "
( autor size "😂😂အမေတူတာပေါ့ ချွေးမလောင်းလေးက ယောက္ခမ ကြီးနဲ့ တူတာ ")
...
" ရေးရေး ဘာဖြစ်နေတာလဲ ဆူပုတ်နေတာနှုတ်ခမ်း ကဘာဖြစ်လို့ ခနခန သုတ်နေတာလဲ
မဟုတ်မှ ​ကောင်လေးတစ်ယောက် က နင့် ကို ​နမ်းတာခံလိုက်ရ လို့လား "
" 😤😤😤 "
" ခက်ပြောတာ တကယ် လား ရေးရေး ငါ့ပြောဘယ်ကောင် က နမ်းလိုက်တာလဲ ငါသွား ရှင်းမယ် "
" ကောင် မဟုတ်ဘူး .....အားး တွေးရင် ဒေါသထွက်တယ် 😤😤😤"
ခက်မှ အလန့်တကြား နဲ့
" ဟဲ့ ရေးရေး ကောင် မဟုတ်ဘူး ဆိုတော့
မိန်းကလေး လား နင့်ကို နမ်းလိုက်တာ ဘယ်သူလဲ သူက"
" ဟုတ်တယ် ဟို အကုသိုလ် တုံး ကြီးလေ ပြောရင်း လာနေပြီ 😤😠😠😏"
ရေးရေး ထိုင်နေတဲ့ ဘေးက ခုံမှာ ထိုင်ပြီး
" Baby lay က ထမင်းကြော် တော်တော် ကြိုက်တာလား
ကိုယ့် ကို နည်းနည်းကျွေး "
" ကိုယ့်ဟာကိုယ် မှာစားလေ မကျွေးနိုင်ဘူး လူယုတ်မာ ကြီးကို 😤😤😤"
" Baby lay ကလဲ ကိုယ်က ကို့ အသဲလေး စားတဲ့ပန်ကန် ထဲက ဘဲစားချင်တာ နော် ကျွေး နည်းနည်း ဗိုက်ဆာလို့ 😁"
" ရှင်ဟာလေ ရေးရေး ကိုမနောက်ယှက်လို့ မရဘူးလား "
" ကိုယ် က baby lay ကို နောက်ယှက်တာမဟုတ်ပါဘူး ချစ်တာ ချစ်တာ 😘😘😘"
ရှေ့တိုးလာကာ နမ်းမဲ့ ပုံလုပ်ပြတဲ့တဲ့ သူ့နဖူး ကို လက်ညိုးနဲ့ ထိုးကာ
"အဲ နှုတ်ခမ်းရှေ့ တိုးမလာနဲ့ "
ဖွီးးးးးးး ခွီးးးးး
နေမင်း နဲ့ ခက် က ရီနေလေရဲ့
" နင်တို့နော် မရီ နဲ့ ငါတင်းနေတာ "
" ကဲ baby lay ကိုယ် သွားတော့မယ်နော် သဲလေး ချစ်တယ်နော် နေ့လည်စာတူတူ စားမယ် နော် ကိုယ်လာခဲ့မယ်
😘"
ပြေားပြီး ပါးကို ဖျက်ခနဲ နမ်း ကာ ပြေးသွားတဲ့ သူ့နောက်ကို ကြည့်ကာ နှုတ်ခမ်း အလိုအလျှောက် ဆူပြီး ထော်နေမိတယ်
ထိုအခါကြမှ ခက်က
"နေမင် သူတို့နှစ်ယောက် က ချစ်သူတွေ နဲ့ မတူဘူးလား"
" အေး ခက် နင်ပြောတာငါလက်ခံတယ် ငါတောင် ပြောမလို့ ရေးရေး နင်သိလား နင်တို့နှစ်ယောက် တကယ်လိုက််😁😁 ငါတော့ နင်တို့နှစ်ယောက် ကို သဘောတူတယ် "
နေမင်းပြောတော့ ခက်မှ
" မင်းမင်း ပြောတာ ငါလက်ခံတယ် ငါလဲ နင်တို့ကို သဘောတူတယ် သိလား အရမ်းလိုက်ဖက် တဲ့စုံတွဲ ဖြစ်မှာ သေချာ တယ် ငါပြောရဲတယ် "
" နင်တို့ နှစ်ယောက် ဟာလေ ခုန ပြောတော့ သွားရှင်းပေးမယ် ဘာညာ ပြောနေပြီး
ခုန ဟိုက လာတာတောင် ဘာ့ကိုပြန်မပြောဘဲ တိတ် နေတယ် ခုကြ Ship ကြပြန်ပြီ
နင်တို့နှစ်ယောက် ကို ဘာ့ကိုမပြောချင်တော့ဘူး
ဒီတော့ ဒီနေ့ ငါစားတာ အကုန် နင်တို့ရှင်းရမယ် "
" အယ် ဘာ့မဆိုင်ဘဲနဲ့ ရေးရေး နင့် လူကို ရှင်းခိုင်းလိုက်
ငါတို့သွားပြီ bye bye 😂🤣😂😝😝"
" နင်တို့နော် ပြန်လာခဲ့ "
" ခက်ပြောတာ မှန် တယ် ခေါ်ရှင်းခိုင်းလိုက် နင့် အချစ်တော်ကြီးကို 😝😝😝😜😜"
" နင်တို့နှစ်ယောက် ပြောလေကဲလေ😒 "
ရေးရေး လဲ ပိုက်ဆံရှင်း အတန်း တက်ဖို့ သူတို့နောက် ပြေးလိုက်ရလေတော့သည်
......
နေ့လည် စာစားချိန်
ရေးရေး တို့(3)ယောက်သား ဗိုက်လဲ တော်တော်ဆာနေတော့ ကန်တင်းဘက် ပြေးခဲ့ကြတယ်
ရေးရေး တို့ ထိုင်နေကြဆိုင်ရဲ့ ထိုင်နေကြခုံလေး မှာ
ထိုင်နေတဲ့သူ့ကို တွေ့ တာနဲ့ ရေးရေး ရဲ့ နှုတ်ခမ်း အလိုလို ဆူ ထော်လာလေသည် ( ရေးရေး တကယ်နမလည်တော့ ဘူး အမြင်ကပ်တယ် ကြည့်မရပေမဲ့ မမြင် ရရင် တွေ့ ချင်နေရော စတွေ့ ထဲက စိတ်ထဲ တမျိုးဘဲ သူ့အပေါ် အနိုင်လိုချင် တယ် ဆိုးချင်တယ် အဲစိတ်က အလိုလို ဖြစ်လာမိတယ် ပြီးတော့ ဟိုတနေ့ က သူမ ရဲ့သူငယ်ချင်း ကို ဂရုစိုက်နေတာမြင်ရတော့ အဆင်မပြေဘူး စိတ်ထဲ ဒေါသထွက် သလို ငိုချင်လာသလို လို နဲ့ ရှင်ဟာလေ ဘယ်လိုလူလဲ မသိဘူး ရေးရေး စိတ်ကို အမျိုးမျိုး ဖြစ်စေတာဘဲ)
သူက ရေးရေး လက်ကိုဆွဲ ချကာ သူ့ နားထိုင်စေပြီး
"Baby lay လာပြီလား ဒီမှာ ကိုယ် baby lay ကြိုက်တဲ့ ပီပီသျှူး ထမင်းကြော် ပင်လယ်စာနဲ့ ထော်ပတ်သီးပျော်ရည်လေး 😁 လာလာ စားစား "
" ရေးရေး က ကလေး လား 😒😒"
" ကိုယ့် အတွက် တော့ ရွှေရေးချယ် ဆိုတဲ ခင်များလေးက ကလေးလေး ဘဲ ဒါကြောင့် မို့ ကလေးလေး ကို ချစ်လို့ မှာပေးတာ "
" ဟုတ်ပါပြီ ပြီးရော ဒါနင် ခင်များ ကြီး ရဲ့ ဟိုကောင်မလေးရော မပါဘူးလား သူ့ကို သွားဂရုစိုက်ရမှာမဟုတ်ဘူးလား "
တကယ်ပါရေးရေး နှလုံးသားထဲ သူက ဖြည်းဖြည်းချင်းမဟုတ်ဘဲ တွေ့တဲ့ခနလေး မှာ မြန်မြန်ကိုနေရာယူနေတာဘဲ ခင်များကြီး ကို အာ့ကြောင့် ကြည့်မရတာ
" အော် ကိုယ့် ရဲ့ Baby layက သဝန်တိုနေတာလား
သူက ကိုယ့် ရဲ့ သူငယ်ချင်းလေ ငယ်ငယ် ထဲက နေခင်တာ နောက်တစ်ယောက်ရှိသေးတယ် သူက ယောကျာ်းလေး သူတို့နှစ်ယောက် က တွဲနေကြတာ ချစ်သူတွေ
ပြီးတော့ အရင်လက ဘဲ Us သွား တာ ပြန်မလာသေးလို့
ကိုယ် တို့နှစ်ယောက် ကိုဘဲ တွေ့ တာ Baby lay က
ဒါကြောင့် ကိုယ့် ကောင်မလေး မဟုတ်ဘူးနော်
ကိုယ့် ရဲ့ကောင်မလေး က ဟောဒီ က ရွှေရေးချယ်ဆိုတဲ့ အစားပုတ်မလေး ဘဲရှိတာ ကို "
ရှင်းပြချက် အရှည်ကြီး ပြီးနောက် ပြောလိုက်တဲ့စကားကြောင့် နည်းနည်းရှက်ပေမဲ့ ဟိ ကျေနပ်သလိုလို ပျော်သလိုလို ပြုံးလိုက်မိတယ် ပြီးမှ
" ဟွန့် 😤ဘယ်သူက သူ့ကောင်မလေး လို့ပြောလို့လဲ 😒"
ဟားဟားဟားဟားဟားဟား
" မင်းမင်း သိလား ရေးရေး က မူနေတယ် "
" ဟုတ်တယ် ကြည့်ပါဦး ရေးရေး ရဲ့ မျက်နှာ ကျေနပ်နေတဲ့ ရုပ် နဲ့ ဒါများ ဟိုတနေ့က ပြောသေးတယ်
ဘာလဲ ခက် ပြန်ပြောပြ လိုက်ဦး😂😂😂 "
" အမြင်ကပ်တယ် မုန်းလိုက်တာ ဟွန့် 😂😂😂😂"
ရေးရေးရဲ့အမူရာ ပြန်လုပ်ပြနေတဲ့ ခက် ကြောင့် သူက ပါ ရီနေတယ်လေ အာ့ကြောင့် အမြင်ကပ်တာ 😒
အဲတာကြောင့် နှုတ်ခမ်းက အလိုလို ထော်လာရော
"ကဲ baby lay နှုတ်ခမ်းဘဲ ထော်မနေနဲ့ ထော်လဲ ကိုယ်ကချစ်ပြီးသား 😘😘😘"
" ခင်များကြီး ကလေ မနမ်းဘဲ နေလို့မရဘူးလား
မုန်းဖို့ကောင်းလိုက်တာ 😏😏"
" အဲတာ ပြောင်းပြန်ပြောနေတာ သိလား ရေးရေးက
တကယ်က အရမ်းချစ်နေတယ်ဆိုတာ တဖက်လှည့် အနေနဲ့ပြောနေတာ ဟုတ်တယ်မလား ခက် "
" ဟုတ်တာပေါ့ သိပ်မှန်တယ် "
အချင်းချင်း လက်ချင်းရိုက်ကာရီနေတဲ့သူတို့နှစ်ယောက် ကို ထုဖို့ပြင်လိုက်တော့ နှစ်ယောက် သားထပြေး ကာ
လျှာထုတ် ပြပြီး
" ငါတို့နှစ်ယောက် အရင်သွားတော့မယ် ဟို အမ မိတ်မဆက်ရသေးပေမဲ့ နောက်မှ မိတ်ဆက်တော့မယ်နော်
ရေးရေး ကို အချိန်မှီ အတန်း ထဲ ပြန်ပို့ပေးနော် 😁😁
ခုတော့ အပ်ခဲ့တယ် သိလား "
ခက်က ပြောလဲပြော ပြေးနေတာတမ်းနေတာ
သူ့နောက် နေမင်းခ က ပြေးလိုက် သွားလေတော့သည်
" တွေ့ လား ခင်များကြီးကြောင့် ပြောခံရပြီ
😏😏"
" ဟားဟား ကလေးကတော့လေ ချစ်လိုက်တာမွ 😘"
" ခင်များကြီးကို မေးစရာရှိတယ် ခင်များကြီး က ကျောင်းပြီးသွားပြီမလား ဘာလို့ ကျောင်းလို့ ခနခန လာနေတာလဲ "
" ကိုယ်လာတာ သဘောမကျလို့လား babay lay က "
" ဟုတ်တယ် သဘောမကျဘူး 😤"
" 😔😔 ကိုယ်က baby lay ကို တွေ့ချင်တယ်လေ "
" တွေ့ချင် ကျောင်းပေါက်ဝ ကနေဖုန်းဆက်လိုက် ရေးရေး လာခဲ့မယ် အထဲကို မဝင်လာနဲ့
ခင်များကြီး ဝင်လာတာနဲ့ မိန်းကလေးတေရော ေယာကျာ်းလေးတေကော ခင်များကြီး ကို လိုက်ငမ်းနေကြတာ ဟွန့် မကြိုက်ဘူး အဲတာ ခင်များကြီးက မုန်းဖို့ကောင်းလိုက်တာ "
" baby lay က သဝန်တိုနေတာလား "
" ဟုတ်တယ် တိုတယ် ဘာလဲ မတိုရဘူးလား 😤"
" မဟုတ်ပါဘူး ကွား သူများတွေ ဘယ်လောက်ကြည့်ကြည့် baby lay ကိုဘဲ ကြည့်တာလေ ကလေးရ အဲတာ ကိုသူကမသိဘဲ "
" ဒါပေမဲ့ "
" ကဲပါ ကိုယ့် ကို စိတ်ချနော် ကိုယ် က ကိုယ့်ရဲ့ကလေးလေး ကိုဘဲ ချစ်တာ ခုမှ ချစ်တာမဟုတ်ဘူး ဟိုအရင်ထဲက ချစ်တာ "
" ဟင်းးးး ဘာကိုပြောတာလဲ "
" ကဲပါ နောက်တော့ ပြောပြမယ် ခုအတန်းတက်ရဦးမယ်မလား ကိုယ်လိုက်မပို့တော့ဘူးနော် အော် ဖုန်းနံပတ် ပေးဦး "
"ေပး ဖုန်း......ရပြီ ရော့ "
ဖုန်းနံပတ် ပေးလိုက်တော့ ချက်ချင်းဖုန်းဆက်လိုက်ပြီး
" အဲတာ ကိုယ့်နံပတ် မှတ်ထားနော်
ကိုယ့် ကလေးလေး သွားပြီနော် စာသေချာဂရုစိုက်သင် "
" အင်းပါ သွားတော့လေ "
ထွက်သွားတဲ့ သူ့နောက်ကြောကိုငေးကြည့်ပြီးမှ သူ့ဖုန်းနံပတ်လေး ကိုနာမည်မှတ်လိုက်ကာ စာလေး တစ်ခုပို့ ကာ အတန်းထဲ သို့ ပြေးသွားလိုက်မိတော့သည်........

ချစ်တယ်ဟုဆိုရာ၌ { Season (2) }حيث تعيش القصص. اكتشف الآن