Chapter (5)

1K 50 0
                                    

Unicode
ချစ်တယ်ဟုဆိုရာ၌
Season_2

@Chapter _5

Dack size
3 ထပ်တိုက် ကြီး တစ်ခုရဲ့ ခြံဝင်းထဲသို့ ကားအမဲရောင်တစ်စီး ဝင်လာ လေသည် ထိုကားပေါ်မှ all black နှင့် အမျိုးသမီး တစ်ဦး မျက်နှာတွင် ဒေါသများစီချယ်ထားလျက် ဆင်းလာကာ တို အိမ်ကြီး ထဲသို့ ဝင် ကာ မြေအောက်ခန်းဆီ သို့ ​ခြေသံခပ်ပြင်းပြင်း နှင့် ဝင်လာလေသည်
မြေအောက် ထပ်ရောက်တယ် ဆိုရင်ဘဲ ဘေးမှာပါလာတဲ့ ကိုယ်ရံတော် နှစိယောက် က ဖွင့်ပေးတဲ့တံခါး မှ တဆင့် ထို အခန်း ထဲသို့ ဝင်လာ လေသည်
သူမ ဝင်လာ တာကို ​တွေ့ လိုက်တဲ့ တစ်ဖက်မှ လက်နောက်ပစ်ကာ ချည်ခံထားရသော အမျိုးသမီး ၏မျက်နှာထက် တွင် အံ့သြခြင်း မယုံနိုင်ခြင်း တွေနဲ့အတူ
" မုန်းးးးးးး ဘယ်လို လုပ် ပြီး ငါ့ကို ဖမ်းခိုင်းတာ နင်ဖြစ်နေတာလဲ
သူတို့ လူမှားတာမလား နင်နဲ့ငါက သူငယ်ချင်းလေ "
မုန်း က " ဟက် "ခနဲ ခနဲ့တည့်တည့် တချက် ရီလိုက်ပြီးမှ
"နင် က ငါ့သူငယ် ချင်း လား "😂🤣🤣
" မုန်း ငါ ဝတီ လေ "
" သိတယ်လေ
နင်က ငါ့ရဲ့သူငယ်ချင်း ဆိုရင် ငါ့အသက်ထက် တန်ဖိုး ထား ရတဲ့ သူကို နင် ထိခဲ့မှာမဟုတ်ဘူး "
ဒေါသတကြီး ရှေ့ က စာပွဲခုံကို လက် နဲ့ ထု ရိုက် လိုက်ကာ အော် ပြောလိုက်တဲ့ မုန်းကြောင့် ဝတီ တစ်ယောက် တုန်လှုပ် လျက် ရှိလေသည် .....တချိန်ထဲ သူမ ဘာအမှား လုပ်ခဲ့မိ လဲ ဆိုတာ သိရှိ သွားခြင်းကြောင့် ပို၍ ပင် ကြောက်လှန့်သွားခြင်းဖြစ်သည်
ဒါကို ရိပ်မိတဲ့ မုန်း က
" ဘာလဲ ငါရဲ့ ခုလို ပုံစံ နင် မမြင် ဖူးလို့ လန့်သွားတာလား ဒါက အစ ဘဲ ရှိသေးတယ်
နင့်ကြောင့် ငါ့ ကောင်မလေး ဆေးရုံ ရောက်နေပြီ မင်းသိလား ဖြေစမ်း နင့် ကို ငါ သတ်လိုက်သင့်လား "
တကယ့် ကို ဒေါသ တကြီး နဲ့ အရူး မီးဝိုင်းလို့ ဒေါသကြီး နေတဲ့ မုန်း ရဲ့ အမူအရာ ကြောင့်
" မုန်း နင့် ကို ငယ်ငယ် ထဲက နေချစ်လာခဲ့တဲ့ ငါ့က်ု ကြတော့ နင်မမြင် ဘူး လား "
" မမြင် တာမဟုတ်ဘူး မမြင်ရအောင် ငါက ကန်းနေတာမှ မဟုတ်တာ ခု ငါ့ရှေ့ မှာ ထိုင်နေတဲ့နင့်ကို ငါမြင်တယ်လေ ငါက နင့်ကို မချစ်တာ သူငယ်ချင်း ဆိုတဲ့သံယောဇဥ် တော့ ရှိခဲ့ပါရဲ့ ဒါပေမဲ့ နင့်ရဲ့ အပြုအမူက ငါနင့်အပေါ်ထားတဲ့ သံယောဇဥ် ကို ဖျက်ပစ်လိုက်ပြီ "
" ငါ မှားသွားပါတယ် မုန်းရယ် အခွင့်ရေးလေး တစ်ခါဘဲပေးပါ နင့် ရဲ့ သူငယ်ချင်းကောင်းဖြစ်စေရပါ့မယ်
ဂတိပေးတယ် ငါသက်သေပြပါ့မယ် နော်
မုန်း တစ်ခါဘဲ ခွင့်လွတ်ပေးပါ ငါကိုယ်တိုင် ဆေးရုံမှာသွားတောင်းပန်ပါ့မယ် "
" ဟုတ်ပြီလေ ဒါဆို နောက် ဆုံးအနေနဲ့ တစ်ခေါက်လောက်ယုံပေးမယ် နင့် ဂတိနင်တည်ပါစေ "
ဘေမှာ ရပ်နေတဲ့ ကိုယ်ရံတော်နှစ်ယောက် ကို ကြိုးဖြည်ပေးဖို့အချက်ပြလိုက်တော့
ဝတီ က
" ကျေးဇူး ပါမုန်း ငါ့ကို ခွင့်ရေး ပေးလို့ စိတ်ချပါ ငါ့ဂတိငါတည်ပါတယ် "
ဝတီ ရဲ့ စိတ်ထဲမှာတော့ စိတ်ချပါမုန်း နင်ငါ့ကို မချစ်နိုင် တာသေချာသွားမှတော့ နင်ကိုယ်နင်ထက် နင့် ချစ်သူကို ပိုချစ်နေမှတော့ နင့်ကို ချစ်နေတဲ့ ငါက နင်ချစ်တဲ့အရာ ကို တန်ဖိုးထားပြီး ငါကိုယ်တိုင် စောင့်ရှောက်ပေးမှာပါ
နင်စိတ်ချမ်းသာ မယ် ဆိုတာသေချာရင် ငါ့ဂတိ ကို ငါသေတဲ့အထိ တည် မှာပါ
......
At Hospital 🏥
မုန်း baby lay ရှိရာအခန်း ကို ဝင်လိုက်တယ်ဆိုရင်ဘဲ
သူ့သူငယ်ချင်း နှစ်ယောက် က
" ခင်များ ဘာလာလုပ်တာလဲ အမုန်းမိုး
ထွက်သွား "
" ဘာလဲ အမ လှည့်စား ခဲ့ တဲ့ ကျွန်မ သူငယ်ချင်းက
ဘယ်လို ဖြစ်သွားလဲ ဆိုတာ လာကြည့်တာ လား
ရှင်ပြန်ပါ ခနနေ ရေးရေး မာမီဂုဏ်နဲ့ မေမေသက် ပြန်လာတော့ မှာ "
" အမ တောင်းပန်ပါတယ် baby lay ကို ခနကြည့်ချင်လို့ပါ အထင်လွှဲနေတာပါ သေချာရှင်းပြပါ့မယ် "
" အထင်လွှဲတယ် ဟုတ်လား ကျနော် တို့ ကိုယ်တိုင်လဲ ကြားခဲ့ရတာလေ ခင်များမသံ စစ်စစ် ဘဲ ဒါကို တောင် အထင်လွှဲနေတာတဲ့ လား ကျေးဇူး ပြုပြီး ပြန်ပါဗျား "
နေမင်း ဆိုတဲ့ ကလေးရဲ့သူငယ်ချင်း က အတင်းမောင်းထုတ် လို့ ထွက်လာခဲ့ရတယိ
အခန်းရှေ့ ရောက်တော့ ဒူးထောက်ချကာ မျက်ရည်ကျနေမိတယ် စိတ်ထဲမှ baby lay လေး ကို အခါခါတောင်းပန်နေမိတယ်
အချိန်ဘယ်လောက် ကြာ သွားတယ် မသိ မုန်းအရှေ့ မှာ
လူနှစ်ယောက် လာရပ်သလို လို ဖြစ်လို့ မျက်ရည်တွေ နဲ့ မောကြည့်လိုက်တော့ ရေးရေး ရဲ့ မာမီ နဲ့ မေမေ ဖြစ်နေတယ်
ရေးရေး မာမီ က
" ကလေး အထဲ ဝင်နှင့် ကိုယ် စကားနည်းနည်းပြောလိုက်ဦးမယ် "
" ကလေး လဲ ပြောမယ် "
" အင်း ပါ အာ့ဆို တစ်နေရာ သွားရ​အောင် ဒီမှာတော့ အဆင်မပြေဘူး လေ
မင်းနာမည် အမုန်းမိုး မလား မင်း လိုက်ခဲ့ ငါတို့နောက် "
" ဟုတ်ကဲ့ "
မုန်းလဲ သူတို့နောက် လိုက်သွား တော့ ဆေးရုံရဲ့ခေါင်မိုးထပ် သို့ ရောက်လာလေသည်
ရေးရေး မာမီ က စကားစလာသည်
" ကဲ ပြောပါဦး ဘာအငြိုး တွေနဲ့ ငါ့သမီး ကို ခုလိုလုပ်တာလဲ မင်းမှာ စေ့စပ်ထားတဲ့ ချစ်သူကောင်မလေးရှိရဲ့ နဲ့
ခုတော့ ငါတို့ အသက်ထက် ပိုချစ်ရတဲ့ ငါတို့သမီး ကွ
ငယ်ငယ် ထဲက ပိုးလိုမွေး လာခဲ့တာကွ မင်း သိလား "
ခွပ်.... ဒေါသတကြီး ပြောဆိုရင်း မုန်းကို ထိုး လိုက်တဲ့ ရေးရေး မာမီ ကို ရေးရေး မေမေ က
" လူရီး တော်တော့ စကားနဲ့ဘဲပြောပါ "
" သမီးလေး ကို ခုလို ဖြစ်အောင် လုပ်တဲ့သူကို ကိုယ်က
ခခယယ ပြန်ပြောနေရမှာလား "
" ကလေး နားလည်တယ် လူရီး ခံစားရတာကို ကလေးလဲ ခံစားရတာဘဲလေ ဒါပေမဲ့ သူက သမီးလေး သဘောကျတဲ့သူလေ 😭"
ပြောရင်း ပိုတိုးလို့ ငိုချလာတဲ့ရေးရေး မေမေ ကို ရေးရေးမာမီက ဖက်ထားလိုက်ကာ
" မင်း ထွက်သွား ငါ့သမီး နားထပ်မလာခဲ့နဲ့ သွား ခုချက်ချင်း ဆေးရုံ ကနေထွက် သွား
ထပ်မြင်နေရရင် ငါမင်း ကို ဘာလုပ်မိမယ် ဆိုတာ အာမမခံနိုင်ဘူး သွား "
မုန်း ကို လက်ညိုးငေါက်ငေါက်ထိုး ကာ မျက်ရည်များ စီးကျလျက် ဒေါသတကြီးထပ်မံ  အော် ဟစ် လိုက်တဲ့ ရေးရေး
မာမီ ရဲ့စကားကို မျက်ရည်များ အပြိုင်စီးကျကာ ခေါင်း ငုံး ထားရင်
"တောင်းပန်ပါတယ် "
တခွန်းသာ ပြောပြီး ကြောခိုင်းထွက် လာခဲ့လိုက်တယ်
ဆေးရုံက နေထွက် လာပေမဲ့ ဆေးရုံရှေ့ မှာကားရပ် ကာ
စောင့်ကြည့်နေခဲ့သည်......
....
ရေးရေး သတိရလာတော့
" သမီး သဲလေး သတိရလာပြီ လူရီး ဆရာဝန်သွားခေါ်ဦး"
မေမေ့ အသံ အဆုံး မာမီ ပြေးထွက်သွားတာ တွေ့လိုက်တယ်
တဆက်ထဲ နေမင်းတဲ့ ခက်က
" ရေးရေး သက်သာရဲ့လား ဘယ်လိုနေသေးလဲ "
သူတို့မေးနေပေမဲ့ မဖြေဖြစ် အခန်းကိုသာဝေ့ကြည့်လိုက်ပြီး တစ်စုံတစ်ဦး ကိုရှာနေမိတယ်
" ခက် ကိုကို မလာဘူးလား ဟင်းးးးးး
ငါ့ကို တကယ် ဘဲ ထားခဲ့ပြီတဲ့လား "
ပြောရင်း မျက်ရည်များရစ်ဝိုင်းလာပြန်တဲ့ ရေးရေးကိုကြည့်ကာ နေမင်း နဲ့ခက် ဆူ လိုက်ရမလား သနားဘဲ သနား ရတော့မလား တိတ်ဆိတ် နေမိတယ် မျက်နှာတော့မကောင်းကြ
ခနကြာတော့ ဆရာဝန်ရောက်လာကာ စစ်ဆေး ပြီး
မာမီ နဲ့မေမေ့ ကို ဘာတွေ ပြောလဲ မသိ ရေးရေး စိတ်မဝင်စား ၍လား ဘာ့မကြားလိုက်သလိုဘဲ ရေးရေး တွေးနေမိတာက ကိုကို တကယ် ထားခဲ့ ပြီ လား ရေးရေး ကို ဆိုတာပင်
ခုချိန် နေမင်းရော ခက်ရော က ရေးရေး ကို တေယ်တော်ရူး တာဘဲလို့ ထင်ကြလိမ့်မယ် တကယ် လဲ ရေးရေး ကိုကို့ ကို အရမ်းချစ်တယ်လေ ရူးလောက်​အောင်ကိုချစ်တယ် အပြစ်မြင်ဖို့ထက် မထားခဲ့ဖို့ တောင်းပန်ရမယ် ဒူးထောက်ရမယ် လို ဆိုရင်တောင် ဒူးထောက်တောင်းပန်ပြီး ထွက်မသွားဖို့ ခြေတလုံး ဖက်ထားမယ် လိမ့်မယ်
ဆရာဝန်တွေ ထွက်သွားတော့ မာမီ က
" သမီးလေး သက်သာရဲ့လား ဘယ်လိုနေသေးလဲ မာမီ့ သဲလေး "
" မာမီ ဟို ကိုကို မလာဘူးလား ဟင်းးး
သူရေးရေး ကို တကယ် ထားခဲ့ တာမဟုတ်ဘူးမလား
ရေးရေး ကိုကို့ ကို အရမ်းလွမ်းနေတာ မခွဲနိုင်ဘူး မာမီ
ကိုကို့ ကို ရေးရေး ကို မထားခဲ့ ဖို့ပြောပေးပါ
မာမီ.......မေမေ နော် နော် လို့ "
မာမီ နဲ့ မေမေ့ လက်ကို တစ်လှည့်စီ ကိုင်လှုပ်ကာ ပြောနေပေမဲ့ ဘာမှ ပြောမလာဘဲ မေမေ နဲ့ မာမီ အခန်းပြင် ထွက်သွားကြတယ်
ခနကြာတော့ မေမေ  ပြန်ဝင်လာပေမဲ့ မာမီ တော့ ပြန်မဝင်လာသေး
ရေးရေး တိတ်တိတ်လေး မျက်ရည်ကျကာ ငိုကြွေးနေမိရုံ မှ အပ ထပ်မံ မပူဆာ ခဲ့ မေမေ တို့ ခံစားရမယ် ဆိုတာ သိပါတယ် .....ရေးရေး ကိုယ်တိုင်လဲစိတ်မကောင်း ဒါပေမဲ့ ရေးရေး ကိုကို့ ကို အရမ်းချစ်တာမို့ ..........
.....15 min လောက် ကြာမှ မာမီ ပြန်ဝင်လာ လေ သည်
" သမီးလေး မာမီ နဲ့မေမေ အိမ်ခနပြန်မယ်နော်
သမီးလေးစားဖို့ ဆန်ပြုတ် သွားယူလာခဲ့မယ် လိုတာရှိရင် နေမင်း နဲ့ခက်ခက် တို့ ကိုပြောနော် "
" ဟုတ်မာမီ "
နေမင်း နဲ့ ခက်ခက် လဲ မျက်နှာ မကောင်းကြ ငိုထားကြမှန်း ရေးရေး သိတယ် သူတို့ ရေးရေး ကို အရမ်းချစ်ပြီး ဂရုစိုက်တာ ရေးရေး သိတာပေါ့
ရေးရေး မျက်စိမိတ်ကာ တိတ်ဆိတ် နေမိတယ်
ခနကြာတော့ မျက်နှာပေါ် ကျရောက်လာတဲ့ခပ်နွေးနွေး လက်တစ်စုံရယ် အလွတ်ရနေတဲ့ ကိုယ်သင်းနံ့ ရယ်ကြောင့် ရေးရေး နှလုံးသား ကတော့ အချိန်မှန် ခပ်မြန်မြန် ခုန် ကာ သူ့တာဝန်သူ လုပ်ဆောင်လျက်
မျက်လုံးဖွင့် ကြည့်လိုက်တော့ သူမရဲ့ ကိုကို
ကိုကို့ မျက်ဝန်းမှာမျက်ရည် တွေကိုမြင်တော့ သူမ နာကျင် သွားရတယ်
" မငိုပါနဲ့ကိုကို ကိုကို ဘာလုပ်လုပ် baby က အပြစ်မတင်တာမို့ ခွင့်လွတ်တာမို့ တစ်ခုဘဲ ကိုကို မျက်ရည်မကျရဘူး ကိုကို မျက်ရည်တွေ မြင်ရင်  "
သူမနှလုံးသားကို လက်ညိုးထိုးပြကာ
" ဒီ နေရာ.အရမ်းနာတယ် 😊
တိတ်တော့ နော် "
မုန်း ဘာပြောရမှန် တောင် မသိလောက် အောင် ဆွံ့အ မိကာ ပို တိုး လို့ ဝမ်းနည်း မိတယ် နာကျင်သွားမိတယ်
ပြီးမှ ဝတီ ကို ဖုန်းဆက် ခေါ်လိုက်တယ်
ဝတီရောက်လာတော့ baby lay က မျက်နှာပျက်သွားလေသည်
" baby lay ဒါ ကိုကို့ သူငယ်ချင်း ဝတီမောင် တဲ့ ငယ်ငယ်ထဲက အရမ်းခင် ခဲ့တာ
baby lay ထင်သလို မဟုတ်ပါဘူး အဲတာ သူရှင်းပြတာလေး နားထောင်ပေးနော် "
" ဟုတ်ပါတယ် တကယ်တော့ မုန်း က ညီမလေး ကို အရမ်းချစ်တာပါ အမ မှားခဲ့တာပါ  "

Flash back .....
ဝတီ နဲ့ ချိန်းထားတဲ့ နေရာဆီ ရောက်လာတော့ မုန်းက ရေယက်နှင့်နေပြီ ဝတီ ရောက်လာတော့မှ မှာစရာရှိတာမှာစားကြရင်း ဟိုပြောဒီပြော ဝတီ လဲ နိုင်ငံခြား သွားတဲ့ အရာတွေ ပြန်ပြောပြနေတယ် ပြီးနောက် မုန်းက
" ဝတီ ငါနင့်ကို ပြောပြစရာရှိတယ် 😁😁
ငါ့မှ ချစ်သူရှိနေပြီ သိလား ဒီမှာလေ "
မုန်းပြတဲ့ ကောင်မလေးပုံကြည့်ကာ ဝတီ စိတ်ထဲ အရမ်းနာကျင်မိတယ် ပြီးတော့ အဲကောင်မလေး နဲ့ မုန်းကို ခွဲဖို့ ကြံလိုက်မိတာ်
"အချောလေး ဘဲ မုန်းရ နင် သူ့ကို အရမ်းချစ်မှာဘဲ "
" ချစ်တာပေါ့ဟ ငါအရမ်းချစ်တယ် "
" ဒါနက် မုန်း ငါ နင့်ကို အကူညီ တစ်ခုတောင်းချင် လို့ "
" ဘာများလဲ ဝတီ ရဲ့ ငါ ကူညီနိုင်ရင် ကူညီမှာပေါ့ဟ "
" နင်ကူညီနိုင်တာလေး
ဟို ငါ့ကို အတင်းလိုက်ကပ်နေတဲ့ကောင် တစ်ကောင်ရှိတယ် ဟ ငါ သူ့ကို ခနခန ငြင်း ပြီးပြီ အဲတာ ကို သူက အတင်းလိုက်ကပ်နေတယ် အဲတာနဲ့ ချစ်သူရှိတယ်
စေ့စပ်ထား တာလို့ ပြောလိုက်တာဟားးး အဲတာကို
ငါစေ့စပ်ထားတဲ့သူ ဘက်က ပြောပြတာကြားရမှ နောက်ဆုတ်မယ် ထပ်မနှောက်ယှက် ဘူး ဆိုလို့ အဲတာ နင် ကူညီပေးပါလား "
" ကူညီတာတော့ရပါတယ် ဟုတ်ပါပြီ ကူညီတယ် ထားဦး
ငါက မိန်းကလေး လေ သူက ယုံပါ့မလား "
" ယုံမှာပါ ငါပြောထားပြီးသား ငယ်ငယ် ထဲကမိဘသဘောတူထားတာ မိန်းကလေးလို့"
" အေးပါ ဒါဆိုလဲ ငါ ဘယ်မှာလာတွေ့ ရမလဲ ဒီနေ့ နဲ့ မတက်ဖြန် တော့မရဘူး သဘက်ခါ လောက်မှ ရမယ်
မနက်ဖြန် ငါမအား ဘဓ အရေးကြီး ချိန်းထားတာရှိတယ်"
" နင်လာတွေ့ စရာမလိုဘူး ငါနင့်ကို ဖုန်းဆက်လိုက်မယ်ဟာ မနက်ဖြန် နေ့လည်လောက်ပေါ့
အဲ ခါကြရင်နင်က သူပြောသလိူ ဘဲ သူနဲ့ ငါက မိဘချင်း လဲ သဘောတူပြီးသား ပြီးတော့ စေ့စပ်ထား တဲ့ ချစ်သူတွေ အဲလို ပြောပေးရုံဘဲ "
" အေးပါ ဒါဆိုလဲ ​ပြီးရော
ကဲ ငါ အလုပ်ရှိသေးလို့ ပြန်တော့မယ် "
" အေးအေး bye "
Flash back end

ချစ်တယ်ဟုဆိုရာ၌ { Season (2) }Where stories live. Discover now