Chapter (6)

949 59 2
                                    


ချစ်တယ်ဟုဆိုရာ၌
Season_2

@Chapter _6

" ကိုကို ဝယ်ကျွေးမှာလား မဝယ်ကျွေးဘူးလား
ဒါဘဲပြောလိုက် 😎"
" Baby lay ကလဲ ခုမှ ဆေးရုံဆင်းခါစ လေ သဲလေးရ
နောက် မှ ဝယ်ကျွေးမယ်နော် "
" ကိုကို က ရေးရေး ကိုမချစ်တော့ဘူးမလား 😭😭"
ဟော်တော့ သူစားချင်တဲ့ သင်္ဘောသီးထောင် စပ်စပ်လေး
တဲ့ အဲတာဝယ်မကျွေးလို့ တဲ့ ဂျီကျနေတာ ခုဘဲကြည့်
သူ့မနိုင်မှန်သိတော့ မျက်ရည်ဘူးသီးလုံးလောက်ကျပြနေတဲ့ ကျွန်မ ရဲ့ ကလေးလေး ရွှေရေးချယ် ဆိုတဲ့ သူမလေးပါဘဲ တကယ်ပါ
သူ့အိမ်မှာ ကျောင်းပိတ်တာနဲ့ ဆက်ပြီး သူမာမီ တို့မအာစဘူးဆိုလို့ လာနေပေးတာပါ မာမီ ယောက္ခမကြီး က သိပ်ကြည် ပုံမပေါ်သေး မေမေယောက္ခမတော့ အဲလောက်မဆိုးဘူး ဆိုရပေမည်
" ကျွေးမယ် ဝယ်ကျွေးမယ် မငိုနဲ့တိတ်တော့ "
" ရေးးးးးးးးးးးး ဟီးဟီး ကိုကို့ ချစ်တယ် အရမ်းဘဲ 😘😘😘"
" ဒါပေမဲ့နော် အရမ်းစပ်တာမရဘူး နည်းနည်းဘဲစားရမယ်  Ok "
" Ok ok 😍"
လိုချင်တာရတော့ ခုန ကျထားတဲ့ မျက်ရည်တွေ ဘယ်ရောက်သွားမှန်မသိ
မှာထားတာရောက်လာလို့ စားနေတာ စစားရုံရှိသေး
ရုတ်တရက် ​​အိမ်ပြန်ရောက်ကာ ဧည့်ခန်း ရောက်ချ လာ
တဲ့ မာမီယောက္ခမကြီးကြောင့် မုန်း ပါးစပ်ထဲရောက်ခါစ သင်္ဘောသီးထောင်း လေး ပြန်ထွက်ကျမတက် လန့်သွားမိတယ်
" အဟွတ်........ အဟွတ်.... "
" ရော့ ကိုကို ရေသောက်လိုက်ဦး
ဟီး😁 မာမီ ပြန်လာပြီ လား မေမေတို့ပြန်လာတာစောတယ်နော် "
" ဟိုတစ်ယောက် စားလို့မရတာ ဘာလို့ဝယ်ကျွေး ထားတာလဲ မင်းစားချင်ရင်လဲ အပြင်မှာသွားစား
ငါ့သမီး မကျွေး နဲ့ "
"လူရီး ဘယ်လိုဖြစ်နေတာလဲ
ရှင့်သမီးအကြောင်း မသိတာ လဲမဟုတ် သမီးမုန်း နေရာမှာ ရှင်ဆိုလဲ ဝယ်ကျွေး မှာဘဲကို မသိတာကျနေတာဘဲ "
ချွေးမ ဘက် ကာပြောနေတဲ့ ကလေးကြောင့် စိတ်မလျှော့ချင်ဘဲလျှော့လိုက်ရတဲ့ ဂုဏ်ရည်ဝင့်ထည် ပါဘဲ 😇😇
" ကိုယ်ပြောတာက "
" ကဲ ပြောမနေနဲ့ ကလေးပြောပါ့မယ်
ရေးရေး သဲလေး မများကြီးမစားနဲ့ နည်းနည်းဘဲစားတော့ ကြားလား "
ရေးရေး က ထိုင်နေရာမှ ထလာကာ မာမီ နဲ့မေမေ့ ကို တလှည့်စီ နမ်းပေးရင်
" မာမီ နဲ့ မေမေ့ ကိုအရမ်းချစ််တယ် 😘😘😘"
သူ့ မာမီ နဲ့ သူ့ မေမေ ကို ချွဲ နေတဲ့ baby lay ကိုကြည့်ရင် အပျော်မျာပင်ကူးစက် စေသည် မုန်းဘဝ သိတက်စ အရွယ် က မေမေ ဆုံးသွားသည်မဟုတ်ပါလား
ဒါကြောင့် ဖေဖေ ကဘဲ မေမေလဲ ဖြစ်နေပေးတယ် ဂရုသိပ်မစိုက်တတ်ပေမဲ့လိုလေသေးမရှိအောင် ထားပေးတယ် မုန်း အကြိုက်ဘဲ လိုက်ပေးတယ် အလိုလိုက်ပေးတာရယ် .... 😊😊😊
မုန်းလဲ ရေးရေး တို့အိမ်မှာ တနေ့လုံး သောင်တင်နေတာရယ်
" ကဲ baby lay ကိုယ် ပြန်တော့မယ်နော်
အာဘွားမွမွ "
" ဟင်းးး ပြန်တော့မှာလား အင်း ပါ ဂရုစိုက်ပြန် နော်
အိမ်ရောက်ရင်ဂရုစိုက်ဦး နော် "
ထိုစဥ် ရေးရေး မေမေ က
" သမီး မုန်း ညစားပြီးမှ ပြန် .... ကဲ ငြင်းဖို့မစဥ်းစားနဲ့နော် စားသွား "
" ဟုတ်"
သာပြောနိုင်တော့တယ်
ထမင်းစား ကြတော့ မျက်ရည်များပင်ဝဲနေမိတဲ့အထိ
ဖေဖေ နဲ့ မုန်းက တူတူ မစားတာကြာပေါ့ မုန်း လဲ ခုဆို ဖေဖေ နဲ့ ခွဲနေတော့ပိုဆိုး
" ဟယ် သမီးမုန်း မျက်ရည်ဝဲ လို့ ဘာဖြစ်လို့လဲ
ဘာဖြစ်လို့လဲ သမီး စိဆ်မကောင်းစရာများ ရှိလို့လား "
" မဟုတ်ဘူးမေမေ ဟို အိမ်ထမင်းမစားရတာကြာ သွားလို့ အဲတာ ​အိမ်ထမင်းဟင်းပြန်စားရတယ် ဆိုတော့ ပျော်လို့ပါ "
" ဟုတ်ပါပြီ နောက်ဆို လဲလာစား ကြားလား
ကိုယ်အိမ်လို့သဘောထား "
" ဟုတ်မေမေ "
တကယ် ရေးရေး တို့အိမ်က မိန်းကလေး နှစ်ယောက် လက်ထပ်ထားကြတာပေမဲ့ နွေးထွေးမူအပြည့် နဲ့ရယ်
တကယ် မုန်း အရမ်းပျော်မိတယိ
......
Baby lay နဲ့ မတွေ့ဖြစ်တာ သုံးရက်ရှိတော့မယ် မတွေ့ဖြစ်ဆို မုန်းက အလုပ် နဲ့ မန်းလေးရောက်နေတာရယ် Baby lay က လိုက်ချင်ရှာတယ်... ကျောင်းပိတ်ရက်မဟုတ်တော့ လိုက်လို့မရ..... ပြီးတော့ မာမီ ယောက္ခမကြီးက စိတ်မချ ဘူးတဲ့ လေ Vc ဘဲ ပြောဖြစ်ကြတယ်
မုန်းတို့ ရဲ့ AMR လုပ်ငန်းစု ကုမ္မဏီ ရဲ့မန်းလေး ရုံးခွဲမှာ
တိုးချဲ့ ထားတဲ့ လုပ်ငန်းနဲ့ပက်သက်ပြီး ပြသာနာ ဖြစ်နေတာရယ်....... မုန်း ဝယ်ထားတဲ့ 100ဧက လောက်ရှိတဲ့ မြေမှာ တိုက်ဆောက်ဖို့ စီစဥ် နေတာ အဲတာကို ဆောက်မဲ့ ဒီဇိုင်းပေါက်ကြားလို့တဲ့လေ သေချာတယ် သစ္စာဖောက်ရှိနေပြီ မို့ မုန်းကိုယ်တိုင်သွားမှ အဆင်ပြေမယ် ထင်လို့လာခဲ့တာရယ်....... တာဝန်ခံ ကိုမင်းခန့်မော်က လဲ မုန်း ကို ကိုယ်တိုင် လာစစ်ဆေးစေချင်နေတာမို့ သွားလိုက်တယ်
သေချာစစ်ဆေး ကာ စီစဥ်စရာရှိတာစီစဥ် ကာ အဆင်ပြေသွားပေမဲ့ပြန်လို့မဖြစ်သေးပေ........ဆောက်မဲ့ မြေနေရာကို ပြန်သွားစစ်ဆေး အမှားအယွင်းထပ်ဖြစ်လို့မဖြစ်ပေဘူးမလား မြတ်ချင်လို့လုပ်တာ အမှားယွင်းထပ်ဖြစ်ရင် ရှုံးနိုင်တာမို့ ဂရုစိုက် နေရတယ်.....
မုန်း မြေနေရာကိုသွားကာ စိတ်ချရတဲ့ ဆောက်လုပ်ရေးအင်ဂျင်နီယာ နဲ့သေချာညှိုနိုင်း ကာ ပြောဆိုနေတာ နေ့လည်ပင်ရောက်တော့မည်.... ထိုအချိန် ဖုန်း ရဲ့ ဖုန်းထဲ 
ph call ဝင်လာ တော့ကြည့်လိုက်တော့ ပြုံမိသွားတယ်
ချက်ချင်း ကိုင်လိုက်ကာ
" Hello Baby lay ဘာလဲ ကိုယ့် ကို လွမ်းနေတာလား "
မုန်းက Baby lay အထင်နဲ့ပြောလိုက်ပေမဲ့ တဖက်က ထူးလာတဲ့အသံကြောင့် မုန်း ရင် ထဲ ထူပူသွားမိတယ်
ယောကျာ်လေးတစ်ယောက် ရဲ့အသံ အသက် 20 ကျော် ကြီးပိုင်းလို့ ထင်ရတယ်
" Hello မင်းရဲ့ ချစ်လှစွာသော baby lay က သတိလစ်နေတယ် နိုးမလာသေးဘူး Dack size "
" မင်း ဘယ်သူလဲ  ဘာလို့ ငါ့ကလေးကို ဖမ်းထားတာလဲ
ဘာလို့ချင်လို့လဲ ပြော ခုဘယ်မှာလဲ ငါလာခဲ့မယ် ချက်ချင်း "
" ဟိုးးးးးဟိုးးးး ဖြည်းဖြည်း ပေါ့  Dack Size ဆိုတဲ့ မင်းကို သိတာမကြာသေးဘူး ဘာလို့သိလဲဆိုတော့ မင်း ပြီးခဲ့တဲ့ လက မင်းကြောင့် ငါတို့ တော်တော် လေး အရှုံးပေါ် ခဲ့ရတယ်သိလား "
" အော် နင်းက RJ ကုမ္မဏီ က ဟက်........ သူရဲဘောကြောင်လိုက်တာ အားနည်းချက် ချုပ်ကိုင်တတ်ပုံထောက်ရင်  ငါပြောလိုက်မယ် ငါ့ကလေးကို လက်ဘာ့မထိ နဲ့ ထပ်ပြောမယ် မဲ့တစ်ပေါက်မစွန်းစေနဲ့ "
" ငါက သူရဲဘော်ကြောင်တာမဟုတ်ဘူး
မင်းက မင်းရဲ့ အားနည်းချက်ကို ချပြလိုက်တာကိုး
😂😂🤣"
" နေရာပြော "
" Ok နေရာပို့လိုက်မယ်
ပြီးတော့ ရှုပ်ရှုပ်ရှက်ရှက် မလိုချင်ဘူးနော် အဲခါကြရင် မင်းရဲ့ကလေး ကို ဘာလုပ်မိမယ် အာမ မခံနိုင်ဘူး
ခုတော့ ဘာ့မှ မထိထားဘူး အေးဆေးလေး အိပ်နေတယ်"
" Ok မပြောနဲ့အလုပ်ညီပါစေ ငါခုမန်းလေး ရောက်နေတယ် ခုချက်ချင်းလာခဲ့မယ်
ငါ နဲ့ ငါ့လူ ရုံ 2ယောက် ငါတို့သုံးယောက် ဘဲ လာမယ် ဖြစ်လား သုံးယောက် ဆိုရင် "
" Ok ဖြစ်တယ် နေရာပို့လိုက်မယ် ဒါဘဲ
ထပ်တွေ့ကြတာပေါ့ "
ဖုန်း ကျသွားတော့ လက်သီး ကျစ်ကျစ်ပါအောင် ဆုတ်ထားမိတယ်
ဝင်လာတဲ့ message ကိုကြည့်လိုက်ပြီး ဖုန်း Contact name တစ်ခုကို ခေါ်လိုက်ကာ အကျင်းချုံးရှင်းပြလိုက်ပြီး
" ငါနေရာပို့လိုက်မယ် လိုက်ခဲ့ကြ ဒါပေမဲ့ တစ်ခုရှိတယ်
ခု ငါနဲ့ ကောင်းမြတ် နဲ့ ထက်မြတ် ကို ဘဲ ခေါ်သွားမယ်
မင်းတို့နောက်က လိုက်ခဲ့ ဒါပေမဲ့ မင်းတို့လာတာ ဘယ်သူမှ မသိစေနဲ့ ငါ အချက်ပြမှ လာခဲ့ကြ ပြီးတော့ သတိထားကြ မင်းတို့ လိုက်လာတာ သူတို့သိရင် baby lay အတွက် အန္တာရယ် ရှိလို့ ငါပြောတာ သဘောပေါက်တယ်မလား "
" ေအး ဒါဆို ဒါဘဲ "
......
မုန်း ရဲ့ ကိုယ်ရံတော် နှစ်ယောက် ဖြစ်တဲ့ ကောင်းမြတ် နဲ့ ထက်မြတ် သူတို့က ညီအကိုတွေ တိုက်ခိုက်တာလဲ ကျွမ်းကျင် သလို လိမ္မာပါးနပ်မူလဲ ရှိကြတယ်
မုန်း ဖေဖေ့ အလုပ်တွေ စလုပ်ထဲက သူတို့ မုန်းဆီ မှာလုပ်နေကြတဲ့ လူယုံ ဆိုလဲ မမှားပေ.....သူတို့ကို သေချာပြောပြလိုက် တယ်
" ကောင်းမြတ် ထက်မြတ် ခုသွားမယ်
ခုဘဲ
ရော့ ဒီနေရာ သိတယ်မလား "
" ဟုတ်သိတယ် မမလေး ရန်ကုန်ရောက်ခါနီး မှာဘဲ မလား "
" အင်း ဟုတ်တယ် မောင်းတော့ မြန်မြန် "
မုန်း ကြောင့် baby lay သူ့မိဘတွေ နဲ့​တောင် ခွဲဖူးတ.မဟုတ်ဘူး တောက်......တစ်ခုခု ဖြစ်လို့ကတော့ နင်တို့ တမျိုး လုံး ကို ငါက မီးရှို့ ပစ်မယ်
မင်း က မထိသင့် တဲ့ Dack Size ဆိုတဲ့ ငါ့ရဲ့ ပိုက်ဆိုင်မူ မြတ်နိုးမူ တန်ဖိုးထားမူ လေး ကို မှ လာထိတာကိုးးးးး
ဟက် နင့် မိသားစုအတွက် စိတ်မကောင်းဘူး နင်မှ အေးဆေးမနေချင် တာ အောင်ကောင်းကျော်...........
ထိုစဥ် မာမီ ယောက္ခမ ရဲ့ဖုန်း ဝင်လာလေသည်
" ဟုတ် မာမီ "
"မုန်း  သိပြီးပြီ....  ခုဘဲ မုန်းဆီ ဖုန်းဆက်တယ်
မဲ့ တစ်ပေါက်မစွန်းစေရပါဘူး မာမီ စိတ်ချပါ မုန်း အဖြစ်ခံမှာမဟုတ်ဘူး ........"
". ......."
" ဟုတ်ကဲ့ မာမီ စိတ်ချပါ သေချာပေါက်ပြန်ခေါ်လာပါ့မယ် "
........
၃နာရီလောက်မောင်း လိုက်တော့ နေရာရောက်သွားကြတယ် ပြီးတာနဲ့  ဖုန်းဆက်ကာ
" ငါရောက်ပြီ ခြံရှေ့ မှာ "
" Ok ကားထားခဲ့ပြီး လမ်းလျှောက်ဝင်ခဲ့ "
" Ok "
...
" ကောင်းမြတ် ထက်မြတ် ငါတို့ ကားထားခဲ့ရမယ်
လာမြန်မြန်သွားစို့ "
ခြံထဲဝင်လိုက်တော့ လူတစ်ချို့တွေ့လိုက်တယ် သူတို့ထဲက တစ်ယောက် က အဆောက်အဦး ထဲကို ခေါ်သွားကာ မြေအောက်ခန်း ထဲ ထပ် ဆင်းကာခေါ်သွားပြန်တယ် သူ့လူတွေ အယောက်30 လောက်ရှိမယ် ထင်တယ်
ခနကြာ လျှောက် ပြီးမှ
" Oh. .. ရောက်လာပြီ လား မုန်းလေး "
" အပိုမပြောနဲ့ ဘယ် မှာလဲ ငါ့ကလေး "
" ဟိုးးးးးထားးးးး သိပ်မလောပါနဲ့
မုန်းလေး ရဲ့ကလေး ကို တို့က ဘာမှ မထိထားပါဘူး ဟိုဘက် အခန်းထဲမှာ ရှိပါတယ်
အဲအခန်းမသွားခင် မုန်းလေးနဲ့ ကိုယ်နဲ့ ညှိ နှိုင်းစရာ ရှိသေးတယ် အဲတာအဆင်ပြေရင်.....သွားလို့ရပြီ "
"ပြော ဘာညှိ မှာလဲ မြန်မြန်ပြော "
" ဟိုတစ်ခါ မုန်းလေး ကိုယ် ဆီ ကလုသွားတဲ့ ပစ္စည်းပြန်လိုချင်တယ်...... နောက်ပြီး မုန်းလေး က ကိုယ် နဲ့လုပ်ငန်းတွဲလုပ်ရမယ် "
မုန်းသိလိုက်တယ် တရုတ်ဘက်က ဝင်လာတဲ့ တရားမဝင်ပန်ချီ ကားကိုပြောနေတာကိုး သူလို ချင်လောက် ပါတယ် တန်ဖိုးတွေ က နည်းမှ မနည်း ဘဲ အဟက်
" Ok ပြန်ပေးမယ် "
" ဒီလိုလွယ်လွယ် မရဘူးလေ ရော့ ဒီမှာ လက်မှတ် ထိုးပါ"
မုန်း ကောင်းမြတ်ဘက်လှည့်ကာ ခေါင်းငြိမ့်ပြလိုက် သည်
ပြီးမှ ဘောပင်ကောက်ကိုင်ကာ လက်မှတ် ထိုးပေးလိုက်ပြီး
" ရပြီ မလား ဘယ်မှာလဲ baby lay "
" လိုက်ပြမယ် လာ "
....
သူလိုက်ပြတဲ့အခန်းထဲ ဝင်လိုက်တော့ ကုတင်ပေါ်ထိုင်ကာ ငိုနေတဲ့ မုန်းရဲ့ကလေးလေး.... မုန်း အလျင်အမြန် အနားသွားလိုက်ကာ ရင်ခွင်ထဲ ထည့်ထားလိုက်မိတယ်
" ​တောင်းပန်ပါတယ် တစ်ယောက် ထဲ ထားခဲ့မိလို့
တောင်းပန်ပါတယ် ကြာနေမိလို့ အရမ်းကြောက်သွားလား ကိုယ်ရောက်လာပြီနော် မကြောက်နဲ့တော့ "
ခေါင်း အသာလေးငြိမ့်ပြကာ ငိုတာ မတိတ် တဲ့ကလေး ကို ပွေ့ ချီ ကာ ထွက် ခဲ့လိုက်တယ် ကားထဲရောက် မှ
အသင့်စောင့်နေခိုင်းတဲ့ မုန်းရဲ့လူတွေ ကို ဝင်ခိုင်းလိုက်ကာ ကားပေါ်မှ စောင့်နေ ခဲ့လိုက်တယ် 15 min လောက်ကြာတော့
ထွဋ် ခေါင် က
" မမလေး ပြောတဲ့အတိုင်း လုပ်ပြီးပါပြီ "
" အင်း ဆက်လုပ်လိုက်တော့ အကုန် မလွတ်စေနဲ့ ဒါပေမဲ့ အောင်ကောင်းကျော်ကိုတော့ မသေရုံတမယ်
ထားခဲ့လိုက် သယအသက်ရှင်ဖို့​လိုသေးတယ် "
" ဟုတ်ကဲ့မမလေး "
ဟက် အောင်ကောင်းကျော် မတက်ဖြန် နင်အဖေရဲ့
ကုမ္ပဏီ ဒေဝါလီ ခံ လိုက်ရတာ ​မြင်ရဦးမယ်
နောက်ပြီးနင် ထပ်မြင်ရဦးမဲ့ Surprise ရထပ်ရှိသေးလို့ငါမသေခိုင်းတာ ငါ့ကို နင်အရမ်းအထင်သေးသွားတာကိုး
Dack Size ဆိုတဲ့ ငါ့ကို နင်က အဲလိုလုပ်ရဲတယ် ဒါက ပညာပေးတာလောက်ဘဲရှိသေးတယ်
နောက်တစ်ခါဆိုရင် နင် ရှင်နေရက်တဲ့ငရဲ ကျသလိုခံစားစေရမယ် သေချင်တာတောင် မသေရ တဲ့ အခြေနေရောက်အောင် ငါကလုပ်ပေးမယ်
ဒါက ငါ့ အသက်ထက်ပိုချစ်ရတဲ့ ရွှေရေးချယ်ဆိုတဲ့ သူမ  ကို ထိ လို့ တန်ပြန်တက်ရောက်မူဘဲ .....
ငါဘယ်သူမို့လို့လဲ......... အမုန်းမိုး ဆိုတဲ့ငါက ဘယ်သူမို့လိုလဲ......ငါက
" Dack size " ဘဲ...... 

#Dack size လေး ပေါ်သွားပြီနော်
dar dar တို့ တွက်ထားတာနဲ့ ကိုက်ညီရဲ့လားဗျ 😁
# ဒါနဲ့လေ နေမင်းကို Bl တွဲ ခိုင်း ရင်ကောင်းမလား လို့
ဘယ်လိုလုပ်ရင်ကောင်းမလဲ စဥ်းစားတုန်းပါ
ကူကြပါဦး

#သက်တံ့ရောင်🌈

ချစ်တယ်ဟုဆိုရာ၌ { Season (2) }Where stories live. Discover now