Chapter (13)

740 36 0
                                    

ချစ်တယ်ဟုဆိုရာ၌
Season_2

@Chapter _13

ရန်ကုန် လေဆိပ် ၌
" ရေးရေး နင် သွားမှ ဖြစ်မှာလား ငါတို့နှစ်ယောက်ရှိသေးတယ်လေဟား....... "
"😊😊😊"
" ဟူးးးးးးး တားမရ ဘူး ဆိုတာ သိပါတယ်ရေး
မတားတော့ဘူး......... ပြန် လာမယ် မလား "
" ပြန်လာချင်စိတ်ရှိ တဲ့တနေ့ ပေါ့ ဟားးးး သူနဲ့သက်ဆိုင်တဲ့ အရာရာမေ့ ပျောက် နိုင် သွားတဲ့တနေ့ ပေါ့
ငါပြန်လာမှာပါ အဲနေ့ "
" ရေး ရာ မာမီ ဂုဏ်နဲ့ မေမေသက် ရောရှိသေးတယ်လေဟာ သူတို့ မတားရက်လို့မတား ကြတာငါသိပေမဲ့
သူတို့နင့်ကိုအရမ်းချစ်တာလေ "
" ငါလဲ အားနာရပါတယ် စိတ်လဲမကောင်းဘူး "
" ကဲ ဝင်တော့....  ပြန်လာခဲ့ ငါတို့နှစ်ယောက် စောင့်နေမယ် သေချာပေါက် "
စကားပြောနေစဥ် အမဝတီ ရောက်လာကာ
" တော်ပါသေးရဲ့မှီ သေးလို့ ရေးရေး ခနလိုက်ခဲ့ပေးပါ "
" အချိန်မရှိတော့ဘူးအမ ခနနေဝင်ရတော့မယ် "
" ခုမလိုက်ခဲ့ရင်နောင်တ ရလိမ့်မယ် နေမင်းရော ခက် ရော လိုက်ခဲ့ပေး "
အတင်းပြောတာကြောင့် အမ ခေါ်ရာ လိုက်ခဲ့လေသည်
အမ ဝတီ ကားပေါ်၌
" အမ ခုဘယ်သွားနေတာလဲ "
" ရောက်ရင်သိလိမ့်မယ် "
......
နာရီဝက် လောက် ကြာမှ ကားရပ်တာမို့ အမဝတီ ဆင်းလိုက်တော့ ရေးတို့သုံးယောက်သားလိုက်ဆင်း လိုက်ကြတယ် ကြည့်လိုက်တော့ ဆေးရုံတစ်နေရာ
"မဝတီ ဆေးရုံက ဘာလို့ခေါ်လာတာလဲ
တစ်ယောက်ယောက် ကဘာဖြစ်လို့လဲ ကိုကို တစ်ခုခု မဖြစ်ဘူးမလား "
ဝမ်းနည်းနေတဲ့ မျက်ဝန်းနဲ့ရေး ကို မဝတီ ငေးကြည့်ပြီးမှ
" ရောက်ရင်သိလိမ့်မယ် လိုက်ခဲ့ "
မဝတီ ခေါ်ဆောင်ရာသို့ တိတ်တိတ် လေးသာလိုက်ခဲ့ လိုက်ကြတယ်
Vip room no. 538 ရောက်တော့
" ဝင်သွားလိုက် ရေးရေး "
ရေးလဲ ဝင်ကြည့်လိုက်တော့ အမမာလာရော ကိုကို့ ရဲ့ဇနီးရော ကိုကို့ အဖေ ရော မငိုပေမဲ့ ဝမ်းနည်းနေတဲ့မျက်ဝန်းတွေနဲ့
လူနာကုတင်ပေါ်မှာ ပိုက်တန်းလန်းတွေ နဲ့ လူကိုမြင်လိုက်တော့ ဘယ်လိုဖြစ်နိုင်မှာလဲ
" မဟုတ်ဘူးမလား လိမ်နေတာ ကိုကို အရင်လ ကမှ မင်္ဂလာဆောင်တာလေ "
" ညီမလေးရေးရေး စိတ်အေးအေးထား
မုန်းက ရေး တစ်ယောက်ထဲကိုဘဲ ချစ်ခဲ့တာ သူက......... သူက "
ဆက်မပြောဘဲ ငိုချ လိုက်တဲ့ အမမာလာကြောင့်
" ကိုကို က ဘာ ဖြစ်တာလဲ အရင်က အကောင်းလေး ဘာလို့ရုတ်တရက် မဖြစ်နိုင်တာ "
ကုတင်ပေါ်လှဲနေတဲ့ ကိုကို့ ဆီ သွားကာ ကိုကို့ လက်ကို ဆုတ်ကိုင်ရင်း မျက်ရည်တွေက အတားဆီးမဲ့ နေခဲ့ပြီ
" မဟုတ်ရဘူးလေ ကိုကို ရ ကိုကို စိတ်မကောင်းဖြစ်မှာစိုးလို့ Baby ကိုကို့ မင်္ဂလာ ဆောင် ဆက်ဆက်လာခဲ့တာလေ သီချင်းတောင်ဆိုခဲ့ပေးသေးတယ်လေ
ထ ပါကိုကို ရယ် မနောက် ပါနဲ့ baby ကို ဘဲ မချစ်တော့ရင်လဲရတယ် ကိုကို ခုလို မဖြစ်ရဘူးလေ
ခက် ကိုကို က ငါ့ကို မထ ကြည့်ဘူး ဟ လုပ်ဦး ငါ အရမ်းချစ်တာလေ ဟားးး လုပ်ဦး ခက် မင်းမင်း "
သူငယ်ချင်းနှစ်ယောက်ရဲ့လက်ကို အတင်းကိုင်လှုပ်ကာ ငိုနေတဲ့ရေးရေး ကို မတားမိကြ
" ရေးရေး ညီမလေး စိတ်ထိန်း နော် "
" ကိုကို ဘာလို့ ခုလိုဖြစ်သွားတာလဲ မမာလာ ​ရေးရေး ကိုပြောပြ "
" ပြောပြမယ် စိတ်အေးအေးထားနော် "
....
Flash back
AMR ကုမ္မဏီ၌
" မုန်း နေ့လည်စာသွားစား ရအောင် ငါလာခေါ်တာ
နင့် ကလေးဆီ သွားရင် သွားစားရအောင်
ငါလဲ ရေးရေး ကို လွမ်းနေတာ မတွေ့တာတောင်ကြာနေပြီ "
" ဟဲ့ ရေးရေး က ငါ့ ကလေးနော် နင့် ကလေးမဟုတ်ဘူး"
" ဖြစ်မနေနဲ့ သွားမယ် ထ "
မုန်း ထလိုက်တာနဲ့ရုတ်တရက် မိုက်ခနဲ ခေါင်းထိုး ကိုက်ကာ ထိုင်ခုံပေါ်ပြန်လဲကျ သွားတော့
မာလာက
" မုန်းဘာဖြစ်တာလဲ အဆင်ပြေရဲ့လား "
" ခေါင်း အရမ်းကိုက်လာလို့ဟ "
" ဆေးခန်းအရင်သွားကြည့်ရအောင်လေ "
" မလိုပါဘူး ဟ ခနနေ ပျောက်လိမ့်မယ် ခါတိုင်းလဲ ဒီလို ဘဲ "
" မရဘူး သွားမယ် "
at Hospitals 🏥
Doctor " ခေါင်းက ဘယ်ကတည်းက ခုလို ကိုက်နေတာလဲ "
" ကြာပြီ ဆရာ တစ်နှစ်လောက်ရှိတော့မယ် အစက အဲလောက် မကိုက်ဘူး ခုနောက်ပိုင်း တစ်ဖြည်းဖြည်း ပိုဆိုးလာသလိုဘဲ "
" ဓာတ်မှန် ရိုက် တာကြည့်ရသလောက်တော့
ဦးနောက် အကြိတ်တည်တာပါ မြန်မြန်မခွဲစိတ်ရင် အသက်ဆုံးရှုံး ရနိုင်တယ်
ခင်များက စဖြစ်ကတည်က လာရမှာ ခုတော်တော်​တေင် နောက်ကျနေပြီ "
မာလာ " ဒါဆို ခွဲစိတ်လိုက်ရင် ကောင်းသွားမှာလား ဆရာ "
" ဒါတော့ သေချာပြောလို့မရပါဘူး 10% လောက်ဘဲ အာမခံ နိုင်မယ်
ခုက နောက်ဆုံးအဆင့်ရောက်နေပြီ Coma လဲ ဖြစ်သွားနိုင်တယိ အတိတ်မေ့သွားတာမျိုးတွေလဲ ဖြစ်တတ်တယ်
ဒါပေမဲ့ ဆရာကတော့ ခွဲစိတ်လိုက်စေချင်တယ် "
" ဟုတ်ကဲ့ဆရာ မုန်း စဥ်းစားလိုက်ပါဦးမယ် အချိန်နည်းနည်းပေးပါဦး "
" မြန်မြန်စဥ်းစား ပါ အချိန်မရှိတာမို့ အချိန်ဆွဲနေရင် ပိုဆိုး သွားနိုင်တယ် "
" ဟုတ်ကဲ့ပါဆရာ "
.....
ဆေးရုံက ထွက်လာတော့ ငေးငိုင်နေခဲ့ တဲ့မုန်း
" မုန်းရယ် ခွဲစိတ်လိုက်ပါလား "
" ဆရာပြောတာမကြားဘူးလား ခွဲစိတ်ရင်တောင်
ပြန်ကောင်းဖို့ 10% တဲ့ "
" ဒါပေမဲ့ ပြန်ကောင်းသွားတာလဲ ဖြစ်နိုင်တယ်လေ "
" ငါစဥ်းစားလိုက်ပါဦးမယ် "
...
" မုန်း နင် ဒီလိုလုပ်ဖို့ သေချာဆုံးဖြတ်ပြီးပြီလား ရေးရေး အရမ်းခံစားရလိမ့်မယ် နော် "
" ငါ တစ်ခုခု ဖြစ်ရင်တောင် ငိုနေတတ်တာ Baby lay က ငါ ခုလိုဖြစ်တာသိရင် ငါ့အနားက ခွါမှာမဟုတ်ဘူး ပြီးတော့ ငါနာကျင်နေတာတွေ့ ရင် သူပိုနာကျင်ရလိမ့်မယ်
ငါခုလိုလုပ်လိုက်တော့ အနည်းဆုံး ငါ့ကို မုန်း သွားတာပေါ့ဟ "
" ဒါပေမဲ့ နင့်အတွက်ကရော "
" ငါ့အတွက် မလိုပါဘူး Baby lay အဆင်ပြေရင် ငါရတယ် ငါကသေမလား နိုးလာမလား မသေချာဘူးလေ "
" နင်ဆုံးဖြတ်ထားပြီဆိုရင်တော့ ဟုတ်ပြီလေ ငါတို့က လုပ်ပေးမှာပေါ့ "
" ငါအမမြတ်ကိုအကူညီတောင်းထားတယ်
နင်တို့က ခန်းမ ကိစ္စရော လူရော အကုန် နင်တို့ လုပ်ပေး
အဓိက အစစ် နဲ့ တူရမယ် "
" အေးပါ.......... "
.....
မင်္ဂလာဆောင် တဲ့နေ့
ရေးရေး သီချင်းဆိုပြီး အပြင်ထွက်သွားတဲ့အချိန်၌
" အာ့........ "
" မုန်း ရရဲ့လား........... ဝတီ ကား ပြင်ထား
ဆေးရုံသွားမယ် "
" ခန Baby lay တို့ ခုမှ ထွက်သွားတာ ရိပ်မိလိမ့်မယ် "
" အားးးး မုန်း ရာ "
" ငါက ရတယ် မာလာရယ် ......နင်တို့ မငိုပါနဲ့
ငါအဆင်ပြေပါတယ် ဟ "
အားးးးး
"မုန်း.......ဝတီ မြန်မြန်မလာသေးဘူးလား ဟ "
" ကား ရောက်ပြီ သွားရအောင်"
မုန်းကို ေပွ့ ချီ ကာ ကားဆီ သို့ .........
...
" ခွဲစိတ်ရအောင်ပါ မုန်းရယ် ပြန်ကောင်းနိုင်ပါတယ်
ခုလိုအချိန်မဆွဲသင့်ဘူး "
မာလာရော ဝတီ ရော အကုန် လုံးက ပြောနေပေမဲ့ ခေါင်းသာခါရမ်း ပြနေတဲ့မုန်း ကြောင့် ငိုကြွေ နေမိကြတယ်
သူ့ကိုယ်သူ သေလူ လို့ သတ်မှတ် ထားတယ်ဆိုတာ မာလာသိတာပေါ့.......ခေါင်းမာလိုက်တာမုန်းရယ်
တနေ့ မုန်းဆေး အရှိန် နဲ့ အိပ်နေတဲ့အချိန်
" ဝတီ ငါ မနေနိုင်တော့ဘူး ငါရေး ကိုသွားရှာမယ် "
" မုန်းက "
" ဒါဆို မုန်းကို လက်လွတ်လိုက်ချင်လို့လား တစ်လ ​တောင်ရှိနေပြီနော်
မနေ့က ဆရာဝန်ပြောတယ်မလား ထက် ကြာရင် မကုနိုင်တော့ဘူးတဲ့ "
" ဟုတ်တယ် အမမြတ်လဲ ရေးရေး ကိုရှာသင့်တယ်ထင်တယ် မုန်းကို နားချနိုင်တာ အဲညီမလေး ဘဲရှိမယ် ထင်တယ် "
" မာလာ ဖုန်းဆက်ကြည့် "
" ငါကျောင်းကိုသွားကြည့်မယ် "
...
" ဟဲ့ မာလာ ရေးကော မတွေ့ ခဲ့ဘူးလား "
" မဟုတ်ဘူးဟ ရေး Paries သွားတော့မှာတဲ့​
ဒီနေ့ "
" ဘားးးး ငါလေဆိတ် လိုက်သွားမယ် နင် နေခဲ့မာလာ"
" အေး "
Flash back end
" အားးးး ကိုကို ရာ Baby lay ကို ဘာဖြစ်ဖြစ် ပြောပြမယ်ဆို
ကိုကို ခံစားနေရတာ Babyတောင် အသိမပေးခဲ့ဘူး
ကိုကို့ နားကဘယ်မှ မသွားတော့ဘူး"
.,. ..
" ကိုကို နိုးလာပြီလား "
ရေးရေး ကိုတွေ့တော့ ကိုကို့ မျက်ဝန်းလေးက ဘယ်လောက်​တောင် ရေးရေး ကို လွမ်းနေကြောင်း သိသာနေလေသည်....... မျက်ရည်များပင်စီးကျ ကာ
ဘာစကားမျှ မပြောမိ
" Baby ရောက်ပြီနော် မငိုရဘူး ကိုကို မငိုရဘူးနော်
ကိုကို့ ကို အရမ်းချစ်တာသိတယ်မလား "
ရေးမေးလိုက်တော့ခေါင်းလေး မျက်လုံးလေးတစ်ဖက် မိတ်ပြတယ်
" ဒါဆို ကိုကို ခွဲစိတ်ရမယ် နော် Baby ကို ဂတိပေး နော်
ကိုကို ခွဲစိတ်မယ် မလား "
မျက်ရည်ဝဲ လာ တဲ့ကိုကို့ ကြောင့်
" မငိုရဘူးလေကိုကို ကိုကို Baby ကို မထားခဲ့ဘူးဆိုတာ
baby ယုံတယ် ကိုကို လဲ Baby ယုံပြီး ခွဲစိတ် ကုသမူခံယူပေးနော် "
မျက်ရည်ဝဲနေရင်း နဲ့ ခေါင်းလေးငြိမ်ပြရှာတယ်
ရေးရေး ကိုကို့ လက် ဖွဖွလေး ဖိကပ်နမ်းလိုက်တော့
ပြုံရောင်သမ်း ကာ ကျေနပ်ဟန်လေး ပြတဲ့ကိုကို
ရေးရေး နဲ့ကိိုကို့ ကို ကြည့်ကာ  ကိုကို့ သူငယ်ချင်းတွေနဲ့ နေမင်းရယ် ခက်ခက်ရယ် မျက်ရည်ကြားက ပြုံးလိုက်မိကြတယ်............

#မင်မင် နေမကောင်းလို့ မြန်မြန်ဖြတ်ဖို့ ကြိုးစားနေတာပါ...... ဒါကြောင့် ပေါ့ပျက်ပျက် သဘောဖြစ်သွားရင်အားလုံးအနူးညွှတ်တောင်းပန်ပါတယ်ဗျ
#သက်တံ့ရောင်🌈

ချစ်တယ်ဟုဆိုရာ၌ { Season (2) }Where stories live. Discover now