Final

1.5K 53 0
                                    

ချစ်တယ်ဟုဆိုရာ၌
Season_2

@Chapter _Final

မနက်သတင်းရဲ့ ခေါင်းစည်းပိုင်းတွင် မင်းသမီး လဝန်း နဲ့ အသက် 40 အရွယ် လူကြီးတစ်ဦး တိုက်ပျက်တစ်ခု၌ မီးလောင်ဒဏ်ရာဖြင့်သေဆုံးနေကြောင်းတွေ့ရှိဆိုတဲ့ သတင်းကတော့ Facebook တွင် တော်တော်လေး ဟစ်ဖြစ် လို့သွားလေသည်..........
ဆေးရုံတစ်ခုတွင် ဆေးရုံမဆင်းရသေးဘဲ ဆေးရုံကုတင်တွင် နှစ်ဦးသားပူးကပ် နေကြတဲ့ မုန်းနဲ့ ရေးရေး တို့ နှစ်ယောက် ကို ခက်ခက်က Fb ကြည့်ရင်း အလန့်တကြား နဲ့ ထအော်လေသည်
" ဟဲ့ နင်တို့ လိုင်းဖွင့်ကြည့်လိုက်ကြစမ်း "
" ဘာဖြစ်နေတာလဲ ခက်ရေ အလန့်တကြား နင်လုပ်တာနဲ့ငါတောင်နှလုံး စစ်ရတော့မလိုဘဲ "
" ကြည့်ဆိုကြည့်လိုက်စမ်းပါ လျှာရှည်မနေနဲ့
နင်အဲလို လျှာအရမ်းရှည်လို့ လင်ရတာ "
" ဟဲ့ ဒါဘဲ ခလုတ်တိုက် နေတယ် ကြည့်မယ်ဟဲ့ ကြည့်မယ် "
နေမင်းက လိုင်းဖွင့်ကြည့်လိုက်တော့ မျက်လုံးပြူး နေတယ်
" ဟ တကယ် ကြီးနော် "
ရေးသိတာပေါ့ ကိုကို့ လူတွေရဲ့လက်ချက်ဆိုတာ ခုလိုသေတော့ သနားတော့သနားစရာပါဘဲ......... ဒါပေမဲ့ ခံသင့်တယ် ဟွန့်..................
" ကိုကို ရေး ဆေးရုံမှာမနေချင်တော့ဘူး ဆေးရုံဆင်းချင်ပြီ "
မုန်းကိုကြည့်ကာ မျက်နှာငယ်လေးလုပ်ပြနေတော့ မုန်းက ဘာ့တောင်ပြန်မပြောနိုင်တော့ဘဲ ငေးနေလေသည်
" ကိုကို လို့........ ဆေးရုံဆင်းမယ် လို့ပြောနေတာကို "
နှုတ်ခမ်းဆူကာ ပြောနေတဲ့ Baby lay ကို အသဲယား လာတာကြောင့် ရင်ခွင်မှာ အပ်ထားတဲ့ Baby lay ရဲ့ မျက်နှာကို ဆွဲမော့ကာ နှုတ်ခမ်းကို ဖိကပ်နမ်းရှိုက် လိုက်လေသည်.....
ကိုကို က ရုတ်တရက်ကြီး နမ်းလိုက်တာကြောင့် သူငယ်ချင်းတွေ ရှိနေတယ် ဆိုတဲ့အသိကြောင့်ရော တွန်းနေမိပေမဲ့ ကိုကို ကလွတ်မပေးသေး ပေ......
သူငယ်ချင်းတွေရှေ့ မရှောင်ဘဲ ချစ်ကြည်နူးစတီတူးနေကြတဲ့ နှစ်ယောက် ကို ကြည့်ကာ အချင်းချင်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ ရီချင်တာကို အောင့်ထားကြတဲ့ ခက်နဲ့နေမင်း ထွက်သွားရမလား ဆက်ဘဲနေရမလို နဲ့ ဗျာများနေလေသည် ထိုအချိန်ဝင်လာတဲ့  အမမာလာနဲ့ ဝတီ က
" ဟဲ့ဟဲ့ မုန်း ကလေးကို နော် နေသိပ်ကောင်သေးတာမဟုတ်ဘူး ခွာလိုက်စမ်း "
ဟုဆိုကာအတင်း ဆွဲခွာနေတဲ့မမာလာရယ်ပါ အမဝတီ က ရီ ကာ
" မာလာ နင်လေ အဲတာကြောင့် ရည်းစားမရတာ "
" ဘယ်လိုဖြစ်လို့ အတင်းဆွဲခွာနေတာလဲ မာလာရ "
" မဆွဲလို့ရမလား ငါ့ကလေး အသက်ရူကြပ်နေပြီ ဆေးရုံကတောင်ဆင်းရသေးတာမဟုတ်ဘူး နင့်ကြောင့် သတိလစ်တော့မယ် ကလေးက "
ရေးရေးမျက်နှာက နီရဲ နေကာ ဝတီရော ခက်ရောနေမင်း တို့ကတော့ တစ်ခစ်ခစ် နဲ့ ရီ နေကြလေသည်
...........
🎶မင်္ဂလာခန်းမကြီးထဲ🎵... ဒီမင်္ဂလာခန်းမကြီးထဲ 🎶🎵တို့နှစ်ဦးလက်ကို တွဲ ခိုင်မြဲသောအချစ်ကိုသက်သေထူမယ် 🎶🎶🎶🎶🎶🎶
သီချင်းလေးက ခပ်အေးအေးပင် ပျံ့လွင့်လာ ခြင်းနဲ့အတူ ကောင်မလေးနှစ်ယောက် ကတော့ မင်္ဂလာဆောင်လာကြတဲ့ ပရိသတ်တွေ ကို လက်လံနှုတ်ဆက် နေတဲ့ မြင်ကွင်း လေး ကိုတွေ့ကပေလိမ့်မယ်......
သူငယ်ချင်းတစ်စုထိုင်နေတဲ့ စာပွဲဝိုင်းရောက်တော့
" မုန်း ဂုဏ်ယူပါတယ်နော်........ နင်တော့အရမ်းပျော်နေမှန်းသိသာလိုက်တာ "
" ဟုတ်လားဟီး ဟုတ်မယ်ထင်တယ် "
" ကလေး အရမ်းလှနေတယ် "
" ဟုတ် မမာလာ ကျေးဇူးပါ ဟီး "
ပါးစပ်နှာရွက်ချိတ်မတတ် ပြုံးနေကြတဲ့သူတို့သမီး နှစ်ယောက်ကိုမြင်တဲ့သူတွေကတော့ အချစ်တွေ လျှံကျလာမယ် ဆိုတာ အတတ် ပြောရဲတယ် နှစ်ယောက်သားလိုက်ဖက်ညီ စွာ အလွန်မှ လှပနေလေရဲ့..............
....
" ကဲ သမီးတို့နောက်ကျနေမယ် လေယဥ်ချိန်က 3နာရီ မလား "
" ဟုတ်တယ် မာမီ ခုတန်းသွားတော့မှာ အဝတ်က ဒီမှာလဲ လဲ လိုက်တော့မှာ "
" မာမီ့ သဲလေးက အရွယ်တော့ရောက်နေပြီ နော် မာမီက သဲလေးကို ကလေး လို့ဘဲ ထင်နေတာ "
" မာမီ ကလဲ ရေးက မာမီ တို့ရဲ့ အမြဲကလေး လေး ဘဲကို
နော်မေမေ "
" ဟုတ်ပါ့ မေမေ့ ရဲ့ ကလေးလေး ပါဘဲ "
သူ့မာမီ နဲ့မေမေ ကိုဖက်ကာချွဲပိုနေတဲ့ ရေးရေး က်ိုကြည့်ကာ မုန်းအချစ်တွေ ပိုတိုးရလေသည်......... ဒီကောင်မလေးကို မချစ်ဘဲ ဘယ်လိုနေနိုင်မှာတဲ့လဲ
.....
ရေးရေး ရဲ့ ဆန္ဒ အရ မြန်မာနိုင်ငံမဟုတ်ဘဲ နိုင်ငံခြား ကို ထွက်လာတာရယ်....... ကြိုတင်ဘိုကင်လုပ်ထားတဲ့ ဟိုတယ် ရောက်တော့ ရေးက မနိုးသေးပေ...... မုန်း ရေးကို ပွေ့ချီ ခဲ့ခြင်းပေ......... အဝတ်တွေကတော့ ထက်မြတ်နဲ့ကောင်းမြတ် သယ်ခဲ့ကြတယ်........ ရေးကို အခန်းထဲ ချကာကုတင်​ပေါ် သိပ်လိုက်သည့်တိုင် အနှီးကလေးမ က နိုးမလာပေ......... မုန်းက ရေးကိုအနမ်းလေးပေးကာ ရေချိုးရန်ပြင်ဆင်လိုက်လေသည်........
      ရေးနိုးလာတော့ ဟိုတယ်တောင်ရောက်နေပြီ.........
ကြည့်လိုက်တော့ ဟိုတယ်ပေါ်ကနေမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ရေးရေး အရမ်းသဘောကျမိတယ် ဝရံတာ မှ ကြည့်လိုက်တော့ ရှေ့မှာမြင်လိုက်ရတာက ပင်လယ်ကြီးရယ်....... ရူခင်းရယ်......... ကြောင့် အသက်မရူမိအောင် ပင်မျှင်သက်မိတယ်........... ရေးရေးထွက်နေတာဘယ်လောက်ကြာသွားတယ်မသိ ကိုကို က နောက်မှ ရေးရေး ကို သိုင်းဖက်လိုက်တော့မှ သတိဝင်လာလေသည်
" အရမ်းအေးနေပြီလား Baby lay အပေါ်ထပ်ဝတ်တာမဟုတ်ဘူး "
" သိပ်မအေးပါဘူး ကိုကို ရ "
"​​Baby lay ရေချိုးတော့နော်  ညနေတောင်စောင်းနေပြီ
Baby lay ရေချိုးပြီးရင် ညစာ သွားစားကြမယ် "
" ဟုတ် "
......
မုန်းတို့ ကောင်းမြတ်ရယ် ထက်မြတ်ရယ် လေးယောက် သား ဟိုတယ်အောက်မှာဘဲ ညစာစားဖြစ်လိုက်ကြကာ ခရီးပန်းတာကြောင့် ရော အခန်းပြန် လာခဲ့လိုက်ကြတယ်
ေနာက်နေ့မှ လည်ပတ်ကြဖို့ ပြောကြရင်.......
အခန်းထဲရောက်တော့ ညအိပ်ဝတ် ဂါဝန် အရှည် ကိုဝတ်ဆင်ကာ ရေချိုးခန်းထဲမှ မျက်နှာမှာ ရေစက်လက် ဖြင့် ထွက်လာတဲ့ ရေးရေး ကိုကြည့်ကာ.... အသက်ရူမှားလောက်အောင်ဖြစ်သွားမိသည်က မုန်း ပင်.........
မုန်းငေးကြည့်ရင်း နဲ့ ရေးကို ကုတင်ပေါ်ဆွဲချကာ....... နှုတ်ခမ်းကို နမ်းရှိုက်လိုက်မိတယ်.......... နမ်းရှိုက်ရင်းမှ လက်ကငြိမ်မနေတော့ဘဲ ရေးရေး ရဲ့ကိုယ်ပေါ်က အဝတ်ကို ဆွဲချွတ်ပေးလိုက်တော့ ကုတင်ပေါ်က ပန်ချီကားလေးက အသက်ရူမှား လောက်အောင် လှပလွန်းနေလေသည်....
       ရေးကို နမ်းကာ လက်က လဲ အငြိမ်မနေတဲ့ ကိုကို့ ကြောင့် ရေးညည်းနေရတယ်.......
ကိုကို က နမ်းရှိုက်လိုက်တိုင်း ရေးရင်ခုန်သံတွေက ပေါက်ထွက်မသတ် ပင်........ ကိုကို ကတော့ စစ်သူကြီးတစ်ဦးလိုဘဲ ရေးရေး ရဲ့ ပိုက်နက် နေမြေတွေ တစ်ခုပြီးတစ်ခုသိမ်ပိုက်သွားလိုက်တာ ရေးရေး မှာတော့အလဲလဲ အပြိုပြို တိုက်စစ် ကိုမဆိုထားနဲ့ခံစစ်တောင် အနိုင်နိုင် တိုက်နေရတာပင် ကိုကို ဆိုတဲ့စစ်သူကြီးကတော့ဖြင့် ရေးရေးရဲ့ နယ်မြေ တစ်ခုပြီးတစ်ခုသိမ်းပိုက်တာနောက်ဆုံး ရေးရေးရဲ့ အဓိက နေမြေကြီး တိုင်အောင် ပင် သိမ်းပိုက်ထားလေပြီ ရေးရေး ထိုစစ်သူကြီး ၌ ပင် ​ေကျကေျနပ်နပ်ပင်အသုန်အရုန်း ရှုံးနှိမ့် လို့သွာလေတော့သည်..........
ရေးရေး မှာတော့ နှိမ့်ချီ မြင့်ချီ ခံစားချက် နဲ့အတူနောက်ဆုံး အထွက် အထိပ်ရောက်သွား ကာ မောပန်း၍ ပင်အိပ်ပျော်သွားလေတော့သည်..................
( 😷😷😷😷😷)
မုန်း လဲ မော၍ အိပ်ပျော်သွားသော Baby lay နဖူးကို နမ်းလိုက်ကာ သေချာသန့်စင်ပေးပြီးမှ Baby lay ဘေးတွင်ဝင်အိပ်ကာ Baby Lay ကိုရင်ခွင်ထဲ ဆွဲထည့်ရင်း အိပ်ပျော်သွားလေတော့သည်........
  မနက်နေရောင်ခြည် မျက်နှာပေါ် ကျရောက်လာမှ ရေးရေး နိုးလာတော့ ကိုကို က ရေးကို ဖက်ထားတာခံစားလိုက်ရတယ် မျက်စိမဖွင့်သေးဘဲ ပြုံးလိုက်ပြီး ကိုကို့ ဘက်လှည့်ကာ ကိုကို့ ရင်ခွင်ကိုမျက်နှာအပ်ကာတိုးဝင်လိုက်တော့
" နိုးပြီလား Baby lay "
" မနိုးသေးဘူး "
" ဟ ဟ ဘယ်လို​တောင်ပါလိမ့် အိပ်နေရင်းစကားပြောတတ်တယ်နော် Baby lay ....နာနေသေးလား "
" ဟား ဘာတွေ မေးနေတာလဲ ကိုကိုနော် "
" ထရအောင် ဒီနေ့ လျှောက်လည်ရ​မယ်လေ
Baby lay "
" အင်း ဟုတ်တယ် ထ မယ် "
ပြောရင်းရေးရေး က  ရုတ်တရက် ထလိုက်တော့ ညက အရှိန်ကြောင့် မထနိုင်ဘဲ ပြန်လည် လဲကျသွားလေသည်
"အ့ာ......."
" Baby lay ရရဲ့လား ဖြည်ဖြည်း ထတာမဟုတ်ဘူး Baby lay ရယ် ထ လာကိုယ် ပွေ့မယ် "
" ကိုကို့ ကြောင့် ဟွန့်...... 😭😭😭😭😭😭"
ရုတ်တရက် မုန်း ရင်ဘက် ကို ထုရိုက်ကာ ထငိုတဲ့ ရေးရေးကြောင့် လန့်သွားမိတာအမှန်ပင်........
သေချာလေး ချော့ရပေဦးမယ်......... မုန်းကတော့မိန်းမယူလိုက်တာမဟုတ်ဘူး ကလေး ေကာက်ရလိုက်တာ ဟုပင်တွေးလိုက်မိ ကာပြုံးလိုက်မိတော့ ဒါကိုမြင်တဲ့ ရေးက
" ဘာရီတာလဲ သူများနာနေတာကို "
" ရီတာမဟုတ်ပါဘူး Baby ရ ကိုယ် ကသဘောကျလို့ပါ
Baby lay အရမ်းချစ်စရာကောာင်းနေလို့လေ "
" သွားပါ ခုမှ ဟွန့်.... "
" ခုမှ မဟုတ်ပါဘူးနော် စတွေ့ ကတည်းက သိတာပါနော်
ပြီးတော့ ညကပိုသိသွားတာ 😂🤣"
မုန်း ရွတ်နောက်နောက်ဖြေလိုက်တော့ မုန်းကို သူ့လက်သေးသေးလေးတွေနဲ့ထုရိုက်ကာ
" ကိုကို နော် တော်တော်ကဲ "
ဟုဆိုကာရှက်ပြုံးလေးနဲ့ မုန်းရင်ခွင်ထဲတိုးဝင် လာတဲ့ Baby lay ကြောင့် မုန်ူရဲ့ကမ္ဘာလေး ဟာလဲ လှပလျက်ပင်
သေချာတယ် မုန်း ရဲ့မနက်ဖြန်တိုင်းက ရွှေရေးချယ်ဆိုတဲ့ သူမရှိနေသ၍တော့ ပို၍လှပနေမယ် ဆိုတာ မုန်းသေချာသိနေတယ် ဘာလို့လဲဆိုရင် မုန်း ရဲ့ အပြုံးက baby lay ဖြစ်နေသလို မုန်းရဲ့ အသက်ရူခြင်း ကလဲ သူမ ဘဲဖြစ်နေသည်မဟုတ်ပါလား မုန်းရဲ့ရှင်ခြင်း သေဆုံးခြင်းပင်လျှင် သူမ ရဲ့အချစ်တွေ နဲ့တိုက်ရိုက်အချိုးကျစွာ သက်ဆိုင်နေသောကြောင့်ပင်ဖြစ်လေသည်....................

                                               THE  END. . . .
#သက်တံ့ရောင်🌈
# ခုလိုမကောင်းမကန်းလေး ပေမဲ့ အားပေးကြတဲ့  သူတွေကို ကျေးဇူး အထူးတင်ပါတယ်ဗျ
မင်မင်လဲ နေမကောင်းတဲ့ကြားထဲက ကြိုးစားရေးပေမဲ့  ​မျက်စိမခံနိုင်လို့ အာရုံသိပ်မစိုက်နိုင်ဘဲ ဖြစ်သွားလို့ စဥ်းစားထားသလိုမဟုတ်ဘဲ ဇာတ်နည်းနည်းပြောင်းသွားတာတွေ ရှိတာမို့ ဖတ်ရအဆင်မပြေဖြစ်သွားရင် အနူးညွတ်​တောင်းပန်ပါတယ်ဗျ

ချစ်တယ်ဟုဆိုရာ၌ { Season (2) }Where stories live. Discover now