Chapter (12)

745 40 0
                                    

ချစ်တယ်ဟုဆိုရာ၌
Season_2

@Chapter _12

ရေးရေးနေကောင်းသွားတာတစ်လရှိနေပြီ ကျောင်းတောင်ပုံမှန်အတိုင်းပြန်တက်နေပြီလေ
ဒီနေ့ ကိုကို က ထူးထူး ဆန်းဆန်း တွေ့ရအောင်တဲ့လေ အမြဲတွေ့နေကြဘဲကို ကိုကို ဘာတွေ Surprise တိုက်မလဲ မသိဘူး ကိုကို က ရေးရေးကို အရမ်းချစ်တယ် ဆိုတာ ရေးရေး သိတယ်............... ရေးရေး လဲ ကိုကို နဲ့ ချိန်းထားတဲ့ ဆိုင်မှာထိုင်ပြီး လိ​ေမ္မာ်ရည်တစ်ခွက်မှာကာ သောက်ရင်းစောင့်နေမိတယ်
" ကြားလိုက်တာ ကိုကို က ဘာလို့ ဒီလောက်ထိ ကြာနေရတာလဲ "
ပျင်းပျင်း နဲ့ လိုင်းသုံးရင်း စောင့်နေမိတယ်........ထိုအချိန်
"နောက်ကျသွားတယ် sorry နော် "
ဆိုတဲ့စကားသံနဲ့အတူ ဝင်ထိုင်လိုက်တဲ့ ကိုကို နဲ့ အတူ လက်ချင်းတွဲထားတဲ့ ကောင်မလေးတစ်ယောက်.........
မဟုတ်လောက်ဘူး....... ကိုကို ငါ့ကို ခုလိုလုပ်မှာမဟုတိဘူး လို့သာ တစ်ယောက်ထဲစိတ်ထဲကနေပြောရင်းကမ္ဘာပျက်နေပေမဲ့ ရှေ့ ကိုကို ကတော့ ဟိုကောင်မလေး အတွက် မုန့် တွေ မှာပေးနေလိုက်တာ.......ကိုကို့ မှ ဘာ့မပြောသေးတာ ဟုတ်တယ်......
" ကိုကို ပြောစရာရှိလို့လားဟင်း ဒီမှာတွေ့ဖို့ချိန်းလိုက်တာက "
" အော် ဟုတ်တယ် ဒီမှာလေ...... "
ဖိတ်စာ လေးတစ်ခုရှေ့ တိုးလာပေးတယ် .....ယူဖတ်ဖို့ လက်က တုန်ရင်နေခဲ့လေရဲ့.........
ကိုကို့ ေဘး ကကောင်မလေးက စကားစတယ်
" ရှေ့ အပတ်ထဲမှာ မုန်းနဲ့ တို့ရဲ့  မင်္ဂလာပွဲလေ အဲတာ ရေးရေး ကို VIP ဧည့်သည်အနေနဲ့ ဖိတ်ချင်တယ်လို့ မုတ်းကပြောလို့
လာဖိတ်တာ လာဖြစ်အောင်လာခဲ့ရမယ်နော် ညီမလေး "
မျက်နှာကို အမြန်ပြင်ထိန်းကာ ဘာ့မဖြစ်သလိုရီပြရင်း
" အားးးးး လာရမှာပေါ့ အမ ရဲ့ လာဖြစ်အောင်ကိုလာမှာပါ စိတ်ချ "
" ဒါဆို အမ တို့ကို ခွင့်ပြုပါဦး နော် ညီမလေး "
" ဟုတ်ဖြည်းဖြည်းသွား.......... 😊😊😊"
......
ခက် ကို လာခေါ်ဖို့ ဖုန်းဆက်ခေါ်တဲ့ ရေးရေး ကြောင့် နေမင်း ရယ် ခက်ခက် ရယ် ရေးရေး ရှိတဲ့ဆိုင်ကို အမြန်လာခဲ့လိုက်တယ်.......အမမုန်းနဲ့ချိန်းထားတာမလား မတွေ့ကြဘူးလား ဘာဖြစ်ကြပြန်တာလဲ........... ?
နေမင်း နဲ့ ခက် ရောက်တော့ ဖိတ်စာတစ်ခုကို ဖတ်ကာ ငိုနေတဲ့ ရေးရေး
ခက်က ကမန်းအတန်း
" ရေး ဘာဖြစ်တာလဲ....  အမမုန်း မလာဘူးလား "
ရေးက ခေါင်းသာခါပြကာ လက်ထဲကဖိတ်စာ ရှေ့ တိုးပေးတယ် နေမင်းနဲ့ခက် တို့ယူကြည့်လိုက်တော့
" တောက်...... ဒါဘာသဘောလဲ "
" နေပါဦးနေမင်းရယ် ဒေါသရှေ့ မတင် နဲ့ဦး အရင်မေးပါဦး မယ်.......... ရေးဒါဘယ်သူလာပေးသွားတာလဲ "
"ကိုကို "
" ဘားးးးးးးး အမမုန်းက မဖြစ်နိုင်တာ အမမုန်းက နင့်ကိုအာ့လောက်ချစ်တာကို "
" ငါလဲ မယုံကြည်သေးဘူး ဟ ကိုကို ကိုယ်တိုင်လာပေးပေမဲ့.....ငါ တကယ်မယုံကြည်နိုင်သေးဘူး "
" ငါ စုံစမ်းကြည့်ဦးမယ်ရေး မယုံသေးနဲ့ အမမုန်းက အာ့လိုလုပ်မဲ့သူမှ မဟုတ်တာ ကြားလားရေး "
"နေမင်းပြောတာမှန်တယ် အမမုန်းမှာ အကြောင်းတစ်ခုခု ရှိ မှာပါ ငါတို့နှစ်ယောက် စုံစမ်းပေးမယ် "
" အေးပါ ကိုကို ငါ့ကိုမချစ်တော့တာ မဟုတ်ဘူးမလား "
" အကြောင်းတစ်ခုခု သေချာပေါက်ရှိနေလို့ပါ ရေးရေး ရ နော် လိမ္မာတယ် မငိုနဲ့တော့ တိတ် တော့နော် "
" လာလာ ပြန်စို့ "
.......
နောက်တစ်နေ့ ကန်တင်း ၌
ရေးရေး နဲ့ ခက် ကို နေမင်းက အရေးကြီးတယ် တွေ့ ရ​အောင် တဲ့လေ နည်းနည်းကြာမှ အမောတကော ရောက်ချလာကာ ခက်မှာထားပေးတဲ့ သံပရာ ဖျော်ရည်ကို တစ်ကြိုက်ထဲမော့ သောက်နေတဲ့ ေနမင်းကိုကြည့်ကာ ခက်က
" ဟဲ့ နေမင်းဖြည်းဖြည်းသောက်ဟ ဘယ်လိုဖြစ်တာလဲ
တစ်ယောက်ယောက် လိုက်လို့ပြေးလာတာကြနေတာဘဲ "
" ဒေါသထွက်လို့ တောက်......လူမဆန်တဲ့ ဟာ မ ဘဲ
အမုန်းမိုးဆိုတဲ့တစ်ယောက် က "
" ဘားးးးးး ရှင်းအောင်ပြောစမ်းပါနေမင်းရယ် "
" ရေးရေး ငါပြစရာတစ်ခုရှိတယ်ခက်ရော စိတ်အေးအေးထားနော် ရေး "
နေမင်းက သူ့ဖုန်းထုတ်ကာ video recordတစ်ခုပြလေသည်
video ထဲမှာ ကိုကို ရယ် သူ့ကောင်မလေးဆိုတဲ့တစ်ယောက်ရယ် ပြီးတော့  အမ ဝတီ ရယ် မာလာ ဆိုတဲ့အမ ရယ်
အမမာလာက " ကဲ မုန်း Congratulations နော်...... ငါတို့ ရဲ့အစီစဥ် အောင်မြင်တော့မှာ မို့ con တာရော ပြီးတော့ မြတ်နဲ့ မုန်းရဲ့ မင်္ဂလာကိစ္စအတွက်ရောကြိုတင် Con ထားတာ ကဲ အကုန် ခွက်ချင်းတိုက်ပြီးအောင်ပွဲခံရအောင်..... Cheer ဝူးးးးးးး "
ဝတီ " ဒီထက်မက အောင်မြင်ပါစေ ငါတို့သူငယ်ချင်းတွေ "
မာလာ "ဟဲ့ ဝတီ နင် ကော မုန်းလိုဘဲလား နင့်ရဲ့ကလေးမ ကို အပျော်ဘဲလား "
" နင်ကလဲ ငါ့ပုံကအတည် လုပ်တဲ့ရုပ်ပေါက်နေလို့လား
ဟိုက သိပ်လွယ်နေလို့လေ 😂🤣"
မုန်း " ဒီလောက်လွယ်မယ် မထင်ခဲ့ဘူး 😂🤣"
" ဟုတ်ပါ့ ရူးလိုက်တဲ့ကလေးတွေ ဟိုကလေးမ ဆို ​ပြန်ပေးဆွဲတာလဲ မုန်း ပြန်ကယ်တာလဲမုန်း အဟ ကြားထဲ မင်းသမီးက အဆစ်ပါသေး "
" ဒါတော့ ဟိုမင်သမီးကလာရှုပ်တာကိုး ဟ
ငါ့အစီစဥ် ပိုအသက်ဝင်တာပေါ့ 😂😂"
" ကဲ အရမ်းကဲမနေနဲ့ဦး မနက်ဖြန် မုန်း နဲ့ မြတ် ရဲ့ မင်္ဂလာပွဲ နော်တော်ရုံဘဲ လုပ်ကြ မနက်ဖြန်ညမှ အဟက်"
.....
video လေးပြီးသွား တာ​တောင်ရေးရေးကြောင်တောင် တောင် ကြည့်နေမိတုန်းဘဲ ခက်က ဒေါသတစ်ကြီး
" တောက် မိုက်ရိုင်းလိုက်တာ အမဝတီ လဲ တစ်ဉာဏ်ထဲဘဲ ငါ့တို့ရဲ့အချစ် ကို လိမ်ယူခဲ့တာပေါ့...... "
" ဟုတ်တယ် ဟ အကုန် အမမုန်းတို့ လုပ်ခဲ့တာခြည်းဘဲ "
" ရေးရေး ငိုချလိုက် တင်းမထားနဲ့ ကြားလာရေးရေး "
ခက်ကရေးရေး ကို လှုပ်ကာသတိပေးနေပေမဲ့ ကြောင်နေမိတုန်းဘဲ ကိုကို ကတမင် ကစားခဲ့တာပေါ့ ဟုတ်လား
" အဟားးးးးးးးးဟားးးးဟားးးးးးး😂😂😂🤣😂
ခက်ရယ် ရီရတယ်......  ငါက သူ့မရရင် ရူးသွားမယ် အရူးထောင်ရောက်မယ် တဲ့လား အဟက်
မတက်ဖြန် မင်္ဂလာပွဲ ငါတက်မယ် နင်တို့နှစ်ယောက် ာနဲ့လိုက်တက်ပေးနော် "
" လိုက်ပေးမှာပေါ့ဟ ငါတို့နှစ်ယောက် က နင့်တစ်ယောက် ထဲကို ဘဲ လွတ်မယ် ထင်လို့လား "
" ဟုတ်တယ် သေချာပေါက်လိုက်မှာပေါ့ ငါတို့ သုံးယောက်က ငယ်ကတည်းက ဘယ်သွားသွား တူတူ သွားတာဘဲကို ရိုက်ခံရင်တောင် တူတူ ရိုက်ခံနေကြလေ မှတ်မိလား ရေခဲမုန့် မစားနဲ့ပြောတာ သွားဝယ်စားလို့ ရိုက်ခံရတယ် အဟ 😂🤣"
" ဟုတ်သား😂🤣🤣😂😂"
" နေမင်း ကို ဆို သူ့အဖေက ဖင်ပြောင်ရိုက်တာ 😂"
....
မုန်းရဲ့ မင်္ဂလာဆောင်တဲ့နေ့
ကိုကို က ဖိတ်စာပို့ တာ လာစေချင်လို့လေ...သွားပေးရမှာပေါ့ ကိုကို စိတ်ချမ်းသာအောင်..... ကိုကို ပျော်နေဖို့ဘဲလိုတာမလား
မေမေ နဲ့မာမီ က စိတ်မကောင်းဖြစ်နေကြတယ် ရေးကိုဘာ့ပြောလို့မရလို့သာ လွတ်ပေးထားတာ တကယ်တမ်း မသွားစေချင်ကြဘူးဆိုတာ...... ဒါပေမဲ့ ရေး သွားရမယ် ကိုကို က သေချာပေါက်လာခဲ့လို့မှာထားတာ
မေမေက ေအာက်မှာနေမင်းနဲ့ခက် ရောက်နေပြီ ဆိုလို
အကုန်ပြင်ဆင်ပြီး ဆင်းခဲ့လိုက်တော့
ခက်က " ဝိုးးးးး ရေးရေး ချောလိုက်တာ "
" ဟုတ်ပါ့ ငါ့တို့ ကလေးက အချောဆုံး "
" နေမင်း နင့်ပြောပုံက ငါ့အဖေ ကြနေတာဘဲ "
" နင်တို့နှစ်ယောက် က ငါ့သမီးတေလေ "
" လဲသေ 😒"
" 🤣🤣😂😂😂"
" သွားမယ် 10 စတာမလား ခွဲတော့ မယ် "
....
မင်္ဂလာဆောင်ခန်းမ ကြီး အဝင်ဝ မှာ ချိတ်ဆွဲထားတဲ့ သတို့သမီးနှစ်ယောက် ရဲ့ ပုံက အလွန်ကို လှပ နေရော မြင်သူတိုင်း အားကျ ရမလို...... ခန်းနားနေလေသည်
ရေးရေး တို့လဲ ကားပါကင်မှာကားထားးပြီး တူတူ လျှောက် ကာ ဝင်လိုက်တော့ အထဲမှာလဲ Projector နဲ့ နှစ်ယောက်ပုံ ထိုးထားလေသည်..........
ကိုကို အရမ်းလှတာဘဲ အရမ်းလိုက်ဖက်တယ်....... ကိုကို တို့နှစ်ယောက် က ဒါပေမဲ့ ကိုကို့ ကို ရေး မဆိုင်တော့ ဘူးလေ ခုကစ ကိုကို့ ကိုမေ့လိုက်တော့မှာ....... ဟင့်အင်း မဟုတ်ဘူး သိမ်းထားလိုက်မှာရင်ထဲ ဒီတိုင်း ထာဝရသိမ်းထားမှာ........ ဒီ နေ့ တစ်ရက်ဘဲ ကိုကို့ ကို ငေးကြည့်မယ် ဒီနေ့ဘဲ အဝ ကြည့်မယ် နောက်နေ့ ကစ လမ်းမှာတွေ့ရင်တောင် မဆိုင်သလိုနေကြတာပေါ့.....ဒီနေ့ဘဲ ကိုကို့ အတွက် အသဲကွဲမယ်.......... ဒီတနေ့ ဆိုလုံလောက်ပြီမလား ကိုကို့ ကို ခွင့်မလွတ်နိုင်သေးဘူး ဒါပေမဲ့ ဒီနေ့တော့ ခွင့်လွတ်မယ် မနက်ဖြန်ကစပြီး ................
..
ကိုကို နဲ့ သူ့သတို့သမီးနဲ့ ရေးရေး တို့ ထိုင်တဲ့ဝိုင်းဆီ လျှောက်လာကာ
" ညီမလေးတို့  လာပေးတာကျေးဇူး ပါနော် "
" လာရမှာပေါ့ အမ ရဲ့ ဘာလို့မလာရမလဲ အမတို့အတွက် သချင်းလေး တစ်ပုဒ် လက်ဆောင်ပေးခဲ့မယ် "
စတိတ် စင်ပေါ်သွားကာမိုက်နဲ့ ဂီတာယူ ကာ
ကိုယ်တိုင်တီးခတ် လိုက်မိတယ် သံဇဥ်တစ်ခု......
" ရေးရေး အမမုန်း တို့ မင်္ဂလာပွဲမှာ သီချင်းလေးနဲ့ဂုဏ်ပြုချင်ပါတယ် ပြီးတော့ ထာဝရပျော်ရွှင်ပါစေ လို့ ဆုတောင်းပေးပါတယ် "
" ......🎶🎵........🎶.........🎵"
သီချင်းဆုံးသွားတာနဲ့ မျက်ရည်ကို သုတ်ကာ ပြန်ဆင်းကာ အိမ်ပြန်ခဲ့လိုက်တယ်
တစ်သက်တာအတွက် နှုတ်ဆက်ခဲ့ပါတယ် ကိုကို
ရေး ဘဝမှာ ကိုကို့ ကိုဘဲ သေတဲ့အထိ ချစ်သွားမှာပါ တစ်သက်လုံး နှလုံးသားထဲမှာဘဲ သိမ်းထား လိုက်တော့မယ် ..ကိုကို နဲ့လို့ တွေးပြီး လုပ်ချင်ခဲ့တဲ့အလုပ်တေ် သွားချင်ခဲ့တဲ့နေရာလေးတွေ ကတော့ အင်းးးးးး
မသွားဖြစ်လောက်တော့ပါဘူးလေ........

#မင်မင်ငိုနေပြီနော် ရက်စက်လိုက်တာမုန်းရယ် ချက်ချင်းကြီး မင်္ဂလာဆောင်သွားစရာလား 😭😭😭
#သက်တံ့ရောင်🌈

ချစ်တယ်ဟုဆိုရာ၌ { Season (2) }Where stories live. Discover now