အပိုင်း ( ၂၀ )

7.1K 449 96
                                    


ဘုန်းကြီးကျောင်းသို့ ရောက်ရန်အတွက် ရွာတောင်ပိုင်းမှ ရွာအလယ်ပိုင်းကို မောင်းပြီး ရွာအရှေ့ပိုင်းသို့ ကွေ့လိုက်ရသည်။ ထို့နောက်တွင် ရွာဦးဘုန်းကြီးကျောင်းက အလှူစက်ဖွင့်သံကို ကြားလိုက်ရသည်။ ယခုရာသီက နွေရာသီ၊ တောင်လေတိုက်ခတ်နေချိန် ဖြစ်သောကြောင့် ဘုန်းကြီးကျောင်းမှ စက်ဖွင့်သံကို ရွာတောင်ပိုင်းမှ သိပ်မကြားရပေ။ ထို့ကြောင့် စံစံတို့ ယခု ရွာအလယ်ပိုင်း၊ ရွာအရှေ့ပိုင်းသို့ ရောက်မှ ကြားရလေသည်။

စံစံက နေဘုန်းမြင့်၏ အိမ်၌ ရေလိုက်ချိုးခဲ့ခြင်း ဖြစ်သည်။ နေဘုန်းမြင့်ကိုယ်တိုင်‌ သွေးပြိီး လိမ်းပေးထားသော သနပ်ခါးဖွေးဖွေးလေးနှင့် စံစံ၏ မျက်နှာလေးသည် ညနေခင်းနေရောင်အောက်၌ ဝင်းလဲ့နေသည်  အဝတ်အစားကတော့ ဟိုးအရင် တစ်ခါ ထန်းရည်မူးရင်း ကျန်ခဲ့သော အဝတ်အစားများအား စံစံ ဝတ်ခဲ့ရခြင်း ဖြစ်သည်။ ထိုအဝတ်အစားများကို နေဘုန်းမြင့်က သေချာလျှော်ဖွတ် မီးတိုက်ထားလေသည်။ နေဘုန်းမြင့်က သည်တစ်ခါတော့ အားကိုးရသား။

နေဘုန်းမြင့်တို့ ဆိုင်ကယ်မောင်းလာရင်း ဘုန်းကြီးကျောင်းရှေ့သို့ ရောက်လာသည်။ ကျောင်းရှေ့သို့ ရောက်တော့ မနက်က အတိုင်းပင် ဆိုင်ကယ်ကို အထဲသို့ မောင်းဝင်ကာ ကျောင်းရှေ့ ပေါက်ပန်းဖြူပင်အောက်ပဲ ရပ်လိုက်သည်။ ဘုန်းကြီးကျောင်းခြံထဲမှာ ရွာသားတွေက ထင်းခွဲစရာ ရှိသူက ထင်းခွဲ၊ ရေခပ်စရာရှိသည့်လူက ရေခပ်၊ ထမင်းဟင်းချက်သူတွေက ထမင်းဟင်းချက် အလုပ်ကိုယ်စီ ရှုပ်နေကြလေသည်။

နေဘုန်းမြင့်တို့၏ တောရွာဘက်တွင် အလှူကို သုံးရက်ကျင်းပကြသည်။ အခြားရွာတွေကတော့ သုံးရက်အနည်းဆုံးကျင်းပကြပေမယ့်လည်း သည်ရွာ၌ အလှူကို သုံးရက်သာ ခြိမ့်ခြိမ့်သဲသဲ ကျင်းပပေသည်။ သည်ရွာမှာ အလှူအစနေ့၌ ရွာထဲမှ ရွာသူရွာသားများက အလှူအတွက် ကူညီညာ လုပ်ကြရသည်။ အလှူ ဒုတိယမြောက်နေ့၌ မောင်ရှင်လောင်း လှည့်၊ မောင်ရှင်လောင်းတွေကို ဆံချ၊ ပရိက္ခရာစီးပေးကြသည်။ တတိယမြောက်နေ့၌တော့ ရွာဦးကျောင်းဆရာတော်က တရားဟောပြီး အလှူပြီးဆုံးစေရန် ဗြောတီးရသည်။

အချစ်ရှိရာ [Completed]Where stories live. Discover now