အပိုင်း ( ၂၅ )

6.9K 451 131
                                    


စံစံ မြို့ပြန်ရောက်သည်မှာ တစ်လလောက် ကြာမြင့်သွားခဲ့၏။ ဖြစ်ပျက်ခဲ့သည့် ကိစ္စတွေဟာ မနေ့ တစ်နေ့ကလိုပင်။ အတွေးစဉ်ထဲ၌ မည်ကဲ့သို့မှ ထုပ်ပယ်လို့ မရ။ တွေ့ကြည့်မိတိုင်း အမြဲ နာကျင်နေရ စမြဲပင်။

ယခုက မြို့ကြီးပြကြီးသို့ ပြန်ရောက်နေပြီ ဖြစ်သောကြောင့် မနက်မိုးလင်းသည်နှင့် ကျေးလက်ဆန်ဆန် သဘာဝအသံများကို မကြားရပေ။ လူချမ်းသာတွေ နေကြသည့် တိတ်ဆိတ်ရက်ကွက်တစ်ခု ဖြစ်သောကြောင့် တစ်နေ့လုံး တိတ်ဆိတ်နေကြပေသည်။ ညအိပ်ပြီး မနက် အိပ်ယာနိုးလျှင် တောရွာရောက်နေသည်ဟု စိတ်ထဲက ထင်မိနေသော်လည်း တကယ်ဖြစ်မလာခဲ့။ မနက်ခင်းတိုင်း စကားနိုင် လုရမည့် လူမရှိသလို၊ မနက်စောစော ရောက်လာပြီး တယုတယ သနပ်ခါး လိမ်းပေးမည့် လူလည်း မရှိပေ။ မြို့ကို ပြန်ရောက်နေပေမယ့်လည်း တောက အမှတ်တရတွေကို တစ်နေ့မှ မေ့မရခဲ့ပါ‌ချေ။ နေ့စဉ် နေ့တိုင်း အချိန်တိုင်း မျက်လုံးထဲ၌ မြင်ယောင်ကာ အမှတ်ရနေမိသည်။

ခင်ဗျား ပျော်နေတယ်မလား။

ခင်ဗျားပျော်နေမယ်ဆိုတာ တွေးကြည့်ရုံနဲ့ သိပါတယ်။

စံစံ လှေကားမှ ဖြည်းဖြည်းချင်း ဆင်းလာပြီး ထမင်းစားခန်းထဲသို့ ချက်ချင်း ဝင်သွားမိသည်။ ထမင်းစားခန်းထဲ၌ ကုမ္ပဏီမသွားခင် မနက်စာ စားနေသည့် အဖေ ဦးရာဇာကို နောက်ခိုင်းလျက် တွေ့ရသည်။ ထိုအခါ အဖေ့၏ လည်ပင်းကို လက်ကလေး နှစ်ဖက်ဖြင့် ကျောက်ဘက်မှ သိုင်းဖက်ထားမိသည်။ ထို့ကြောင့် အဖေက သားဖြစ်သူ ရောက်နေသည်ကို သိကာ လည်ပင်းအား သိုင်းဖက်ထားသည့် လက်ကလေးနှစ်ဖက်ကို ငြင်ငြင်သာသာ ဆုပ်ကိုင်လိုက်သည်။

" စံစံ အိပ်ယာနိုးပြီလား။ "

" နိုးပြီပေါ့ ဒယ်ဒီရဲ့။ "

စကားကို ချိုချိုသာသာ ပြောနေပေမယ့်လည်း အသံလေးအတွင်းမှာ အဆင်မပြေမှုတွေ ကပ်ပါနေသည်ကို ဦးရာဇာ သိပါ၏။ သည်တစ်ဦးတည်းသော သားလေးကို မည်သည့်အရာများက အဆင်မပြေ ဖြစ်စေရသနည်း။ ဦးရာဇာ အတိအလင်း မသိပါချေ။

" စံစံ ဒယ်ဒီသားလေး။ ဒယ်ဒီနဲ့ မနက်စာ အတူတူစားလေ။ ဒီမှာ ဒေါ်လှက သားကြိုက်တဲ့ မုန့်ဟင်းခါး ချက်ထားတာ။ အကြော်လေးတွေလည်း ပါတယ်။ စားမယ် မဟုတ်လား။ "

အချစ်ရှိရာ [Completed]Where stories live. Discover now