အပိုင်း ( ၄၇ )

4.9K 289 54
                                    




" ဖေကြီးရေ အိမ်ရှေ့မှာ သားတို့ရောက်ပြီတော့။ "

" ဟေ ဟုတ်လား။ သွားမယ်။ ခုသွားမယ်။ "

ရွာလယ်လမ်းအတိုင်းကားမောင်းလာရင်း ရွာတောင်ပိုင်းက မန်ကျီးပင်အကြီးကြီးရှိနေသည့် အိမ်ခြံထဲ ကားမောင်းဝင်လိုက်သည့်အခါ ကျွန်းအိမ်ကြီးပေါ်မှ စကားသံတွေကြားလိုက်ရသည်။ စကားသံတွေထဲ၌ ပျော်ရွှင်မှုများ အလုံးအရင်း ပါနေတော့သည်။ စကားသံများ ကြားပြီး သိပ်မကြာ အိမ်ထဲမှ မိဘနှစ်ပါး ဖြစ်သော ‌သူကြီး ဦးသာထင်နှင့် ဒေါ်စိမ်းမြတို့ အိမ်ရှေ့သို့ ပြေးထွက်လိုက်ကြသည်။ ဤအချိန် နေဘုန်းမြင့်နှင့် စံစံတို့လည်း ကားပေါ်က ဆင်းလာကြသည်။ ကားပေါ်က ဆင်းလိုက်သည်နှင့် မန်ကျီးပင်ကြီး၏ အေးစိမ့်မှုကို ခံစားလိုက်ရသည်။ နေဘုန်းမြင့်လည်း စံစံလက်ထဲက သားသားကို လက်ကမ်းချီလိုက်သည်။

" ဟယ် သားငယ်‌လေး။ "

မေမေက စံစံကို ခရီးရောက်မဆိုက် လှမ်းဖက်လိုက်သည်။ စံစံကို အရမ်းလွမ်းနေခဲ့တာမဟုတ်လား။ သုံးနှစ်ကြာမှ တွေ့ရသောကြောင့် အလွမ်းတွေက ပြောမရအောင် လွမ်းမိလေသည်။ ဘေးနားက သားအရင်းကိုတောင် မေ့နေရှာ၏။

" ဟေ့ မိန်းမ သားငယ်လေးက ခုမှ ရွာရောက်နေတာ။ ပင်ပန်းနေတယ်လေကွာ။ "

နေဘုန်းမြင့်လက်ထဲမှ သားသားကို ပွေ့ယူရင်း မိန်းမဖြစ်သူကို လှမ်းပြောလိုက်၏။ ထိုအခါကျမှ စံစံကို ဖက်ထားသည်ကို လွှတ်ပေးလိုက်သည်။ အမေ ဒေါ်စိမ်းမြနှင့် အဖေ ဦးသာထင်က လွန်ခဲ့သည့် သုံးနှစ်ကနှင့် ဘာမှ မထူးမခြားနား။ ခေါင်းပေါ်မှာ ဆံစ,လေးတွေ နည်းနည်းဖြူနေတာက လွဲလျှင် ဘာမှ ပြောင်းလဲမသွားပေ။ လွန်ခဲ့သည့် သုံးနှစ်အတိုင်းပင်။ သားငယ်က ဖေဖေလက်ထဲမှာ မျက်လုံးလေးတွေ ကလယ်ကလယ်ဖြင့် ပျော်နေပါ၏။

" ကျုပ်လည်း အရမ်းလွမ်းနေလို့ပါတော်။ "

မေမေ့စကားကြောင့် စံစံစိတ်မကောင်းမိ။ သုံးနှစ်လုံးလုံး လာမတွေ့မိတာ သူ့ကိုသူ နောင်တရမိသည်။ လာချင်ပေမယ့်လည်း မလာဖြစ်သည့် ကိစ္စတွေကြောင့် ခုမှ လာခြင်းဖြစ်ပါ၏။ စံစံပျော်ပါသည်။ ဤ မိသားစုရိပ်မြုံလေးက အရင်တုန်းကအတိုင်း နွေးထွေးနေဆဲ။ အချစ်တွေ၊ မေတ္တာတွေ ပြည့်နေဆဲ။

အချစ်ရှိရာ [Completed]Tempat cerita menjadi hidup. Temukan sekarang