Prologue [ZG+UN]

2.5K 82 1
                                    

Techno အိပ်ရာကနေရုတ်တရက်နိုးလာတဲ့အခါ သူ့ဘေးမှာရှိနေတဲ့ဖြစ်တည်မှူတစ်ခုကိုသတိထားမိတယ် နေပါဦး ဒီဟာKengklaမလား သူက ဘာလို့ဒီကိုရောက်နေ

Technoဘေးဘီကိုဝေ့ဝဲကြည့်ရင်း တွေးနေမိတာကမနေ့ကညကအကြောင်းတွေ
ရုပ်ပိုင်းဆိုင်ရာအနေနဲ့ပြောရရင်တော့ ခန္တာကိုယ်တစ်ခုလုံးကနာနေပြီး စိတ်ပိုင်းဆိုင်ရာအနေနဲ့ပြောရရင်တော့ မနေ့ညကဖြစ်ပျက်ခဲ့တာတွေအကုန်လုံးက အိပ်မက်ဆုးတစ်ခုသာဆိုပိုကောင်းမယ်လို့တွေးမိတယ်

အိပ်ရာထဲမှာ Technoမျက်လုံးတွေကိုပိတ်ထားလိုက်ပြီး မျက်မှောင်ကြုတ်ထားမိတယ်

ခန္တာကိုယ်တစ်ခုလုံးက ရေစိုထားတဲ့အိမ်သာသုံးစက္ကူလို ပျော့ခွေနေတော့တာပဲ

မနေ့ကဟာတွေကအိပ်မက်ဆ်ုးလိုဆိုပေမယ့် အဲ့ဒါတွေက အိပ်မက်ဆိုးတွေသာဖြစ်သွားခဲ့ရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ

သူ့ခေါင်းထဲမှာ ဒါတွေဟာ အိပ်မက်တွေပါ ခဏနေရင်ပြီးသွားမှာပါဆိုပြီးဖြေသိမ့်နေမိတယ် အတော်ကြီးကိုအသည်းအသန်စိတ်လျော့အပြီး လျော့လျော့ရဲရဲအပြုံးတစ်ခုဖြစ်လာချိန်မှာ အသံတစ်ခုကြောင့်သူလန့်သွားရတယ်

"Awww P'Noကနိုးနေပြီလား "

အလန့်တကြားနဲ့ထထိုင်လိုက်ချိန်မှာ ရုတ်တရက်အကြီးအကျယ်နာသွားတဲ့အောက်ပိုင်းကြောင့် Technoပါးစပ်တောင်မစေ့နိုင်ပဲ ညဉ်းညူသံတွေကတန်းပြီးထွက်ကျလာတယ်

" အား ငါ့ဖင်"

ဟုတ်တယ် အဲ့ဒီကနေစလိုက်တဲ့နာကျင်မှူဟာ ကျောရိုးတစ်လျှောက်ဆန်တက်သွားရင်း တစ်ကိုယ်လုံးကိုနာကျင်မှူတွေဖြန့်ကျက်ပေးလိုက်သလိုပဲ Technoက နာကျင်မှူတွေတော်တော်များများနဲ့ အသားကျပြီးသားဆိုပေမယ့် ဒီလိုမျိုးဖင်ကထွက်လာတဲ့နာကျင်မှူကိုခံစားရတာ ဒါပထမဆုံးပဲ

"P'no မလှူပ်လိုက်နဲ့နော် လှူပ်ရင်ပိုနာလိမ့်မယ် ကျွန်တော်ကူပေးမယ် "

Kengklaကစိုးရိမ်တစ်ကြီးနဲ့ပြောလိုက်ပေမယ့် Technoကသူ့ကိုအလန့်တကြားကြည့်ပြီး ဘေးဘက်ကိုရွှေ့သွားတာကြောင့် Kengklaရဲ့စိတ်ထဲမှာဝမ်းနည်းသွားတယ်

How to secretly(မြန်​မာဘာသာပြန်​/မြန်​မာဘာသာပြန်)Where stories live. Discover now