Chapter-2 (Unicode)

516 54 0
                                    

သူ့အတွက်​​တော့ အိမ်​​ရှေ့ကိုလမ်​း​လျှောက်​ပြီးထွက်​ သူမ​တွေ့ချင်​တဲ့လူကို​တွေ့ဖို့ကလွဲရင်​​ရွေးချယ်​စရာမရှိ​တော့ဘူး Technicကိုလည်​းစိတ်​​တော့နည်​းနည်​းဆိုးမိသား ဒီ​ကောင်​​လေးသာသူ့စက်​ဘီးကိုမယူသွားခဲ့ရင်​အရာရာအားလုံးကအဆင်​​ပြေ​နေမှာ အခု​တော့ အရာအားလုံးကအဆင်​မ​ပြေဖြစ်​ကုန်​ပြီ

အိမ်​​ရှေ့ကိုထွက်​လိုက်​လိုက်​ချင်​းမှာပဲ ထပ်​ပြီး​တော့စိတ်​တိုစရာက​စောင်​့ကြို​နေတယ်​

ဒီက​လေး​လေးကဘာလို့ဒီ​လောက်​​တောင်​​ချော​မော​နေရတာလဲ သူကအရမ်​းကို​ချောလွန်​း​နေ​တော့ငါ့မှာသူ့ကိုစိတ်​ဆိုးချင်​တာ​တောင်​စိတ်​ဆိုးလို့မရ​တော့ဘူး

အဲ့ဒီ​ကောင်​​လေးကရိုးရိုးသာမန်​​ကျောင်​းဝတ်​စုံကိုသာဝတ်​ထား​ပေမယ်​့လည်​း Technoတစ်​​ယောက်​သူ့​ဘေးနားရပ်​ဖို့ရာကိုမဝံ့မရဲဖြစ်​​နေမိတယ်​

အဲ့ဒီ​ကောင်​​လေးကနဂိုရှိရင်​းစွဲကကိုအရမ်​းကို​ချော​မောတဲ့အပြင်​ ပြုံးလိုက်​ရင်​လည်​းပါးမှာကပါးချိုင်​့​လေးနဲ့ သူကကားကိုမှီရပ်​​နေရင်​းခဏခဏပြုံး​နေ​တော့ သူ့ပါးကပါးချိုင်​့​လေးကိုခဏခဏမြင်​​နေရတယ်​

ဒီလိုစတိုင်​ကျကျရပ်​​နေတဲ့​ကောင်​​လေးဟာ ခဏ​နေ​တော့သူ့ကားထဲကဘီစကစ်​ထုပ်​ကြီးကိုဆွဲထုတ်​လာပြီး

" စား စား မင်​းတို့ဒီလိုစားမှ​သေး​သေး​လေး​တွေက​နေအကြီးကြီးဖြစ်​လာမှာ"

"ကျွိ ကျွိ"

Kengklaကအပြုံးတစ်​ခုနဲ့အတူ ဘီစကစ်​​တွေကိုအပိုင်​းပိုင်​းဖြတ်​ပြီးသူ့​ဘေးမှာရှိ​နေတဲ့ငှက်​​တွေကိုပစ်​​ကျွေး​နေတာ

စဉ်​းစားကြည်​့စမ်​း မနက်​ခင်​းအ​စောမှာ မင်​းသားရှူံး​လောက်​​အောင်​​ချောတဲ့​ကောင်​​လေးတစ်​​ယောက်​က အပြုံးတစ်​ခုနဲ့ငှက်​စာ​ကျွေး​နေတယ်​ ​ကောင်​မ​လေး​တွေက​တော့သည်​းသည်​းလှူပ်​​နေ​တော့မှာပဲ

ဒါ​ပေမယ်​့ အဲ့ဒီ​ကောင်​​လေးက Technoဆိုတဲ့သူ့ကိုပဲကြိုက်​​နေတာ​လေ

How to secretly(မြန်​မာဘာသာပြန်​/မြန်​မာဘာသာပြန်)Where stories live. Discover now