Chapter-13 (Zawgyi)

91 4 0
                                    

"Nic Nicက Accountingဌာနက က​လေးမ​လေးနဲ့တွဲ​နေတာလားဟင်​  "

"....."

"Nic တို့​ပြောတာ​ရောနား​ထောင်​​နေရဲ့လား "

ကော်​ဖီဆိုင်​ထဲမှာ Technicတစ်​​ယောက်​ပျင်းရိစွာထိုင်​​နေတယ်​ သူ့အ​ရှေ့မှာထိုငိ​နေတာက​တော့ သူနဲ့လက်​ရှိတွဲ​နေတဲ့​ကောင်​မ​လေး တစ်​ခြားဌာနက​ကောင်​မ​လေးတစ်​​ယောက်​နဲ့အတူတွဲပြီး​တော့လမ်း​လျှောက်​သွားမိတာ​လေးကိုပွား​နေတဲ့သူ Technicသက်​ပြင်းချလိုက်​ပြီး မျက်​ရည်​​တွေကျလာတဲ့အ​ရှေ့ကတစ်​​ယောက်​ကိုကြည့်​လိုက်​မိတဲ့အခါသူဘာမှကိုမ​ပြောနိုင်​​တော့တာမို့ ​ခေါင်းပဲအသာခါယမ်းလိုက်​တယ်

လမ်းခွဲဖို့အချိန်​​ရောက်​လာပြီနဲ့တူပါရဲ့

Technic အ​ရှေ့ကတစ်​​ယောက်​အငိုတိတ်​​အောင်​​စောင့်​​နေရင်းနဲ့ပဲ ပြူတင်း​ပေါက်​အပြင်​ဘက်​ကို​ငေးကြည့်​လိုက်​တယ်

သူ​တွေး​နေမိတာက သူ့ရဲ့အစ်​ကိုကြီးနဲ့သူ့ရဲ့အချစ်​ဆုံးသူငယ်​ချင်းအ​ကြောင်း

သူတို့နှစိ​ယောက်​ပြဿနာတက်​တဲ့​နေ့ကစလို့ Ai'Klaက လုံးဝကိုတစ်​ခြားလူတစ်​​ယောက်​လို ​ပြောင်းလဲသွားခဲ့တယ်

အရင်​တုန်းက Kengklaကဘယ်​လိုပြဿနာ​တွေပဲ​ပေါ်လာပါ​စေ ဘယ်​လိုအ​ခြေအ​နေပဲဖြစ်​ပါ​စေ အပြုံးတစ်​ခုနဲ့​ဖြေရှင်းခဲ့တဲ့သူတစ်​​ယောက်​ ဂျူနီယာအငယ်​​လေး​တွေကဆိုသူ့ကို​နေမင်းလို့​တောင်​တင်​စားပြီး​ခေါ်​ဝေါ်ကြ​သေးတာ

ဒါ​ပေမယ့်​လည်း အခု​တော့ အဲ့ဒီ​ကောင်​​လေးကမရှိ​တော့ဘူး

အခု​တော့ သူကမတတ်​သာလို့ပြုံးပြရင်​​တောင်​မှ သူ့အပြုံးကချိနဲ့နဲ့ရယ်​ ပြုံးလိုက်​တဲ့အချိန်​မှပိုပြီး​တော့ကြည့်​​ကောင်းပါတယ်​ဆိုတဲ့သွားစွယ်​​လေး​တွေကဘယ်​ကမ္ဘာကို​ရောက်​သွားမှနိး​တောင်​မသိဘူး

ဒါ​တွေအကုန်​လုံးရဲ့တရားခံက​တော့ သူ့ရဲ့အစ်​ကိုပဲ

အမြင်​အရ​တော့​ကောင်းမွန်​တာတစ်​ခုမှမပိုင်​ဆိုင်​​ပေမယ့်​ အဲ့ဒီသူကိုအပိုင်​ရဖို့ Kengklaလိုလူမျိုးကအလိမ်​အညာ​တွေချည်းပဲ​ပြောခဲ့ပြီး အခုလို​အ​ခြေအ​နေမှာအဆုံးသတ်​​နေခဲ့တယ်​တဲ့​လေ

How to secretly(မြန်​မာဘာသာပြန်​/မြန်​မာဘာသာပြန်)Where stories live. Discover now