Chapter-5 (Zawgyi)

107 8 0
                                    

Hello

Merry Christmas to you all

This chapter contains rated scene.Babies are not allowed!!!Know yourself

ရေပန်းက​နေစီးကျလာတဲ့​ရေ​နွေး​နွေး​လေးကခန္တာကိုယ်​တစ်​​လျှောက်​စီးဆင်းသွားတဲ့အခါ Technoရဲ့စိတ်​​တွေလန်းဆန်းသွားတယ်​ သူမျက်​နှာကိုလက်​နှစ်​ဖက်​နဲ့ပွတ်​သပ်​ပြီးဆပ်​ပြာမြုပ်​အနည်းငယ်​ထွက်​​အောင်​လုပ်​ရင်းတစ်​ကိုယ်​လုံးကိုပွတ်​တိုက်​လိုက်​တယ်

သူ့စိတ်​​တွေက​အေးချမ်း​နေတာမို့ မျက်​လုံးကိုမှိတ်​ထားပြီး သီချင်းတစ်​ပုဒ်​ကိုညဉ်းဆို​နေလိုက်​တယ်​ ဒါ​ပေမယ့်​ အဲ့ဒီသီချင်းသံ​ကြောင့်​ပဲ အခန်းထဲကိုတစ်​ဖြည်းဖြည်းဝင်​လာတဲ့​မြေ​ခွေး​လေးကိုသူသတိမထားမိခဲ့ဘူး

အခန်းထဲကိုဝင်​လာတဲ့​မြေ​ခွေး​လေးက​တော့အနက်​​ရောင်​ခြယ်​ထားတဲ့စင်​​ပေါ်မှာ သူ့တဘက်​ကိုတင်​ထားလိုက်​တယ်​ သူ့မျက်​နှာမှာအပြုံးတစ်​ခုကတည်​ရှိ​နေပြီး မျက်​ဝန်း​တွေကလည်းတစ်​ဖျတ်​ဖျတ်​​တောက်​ပ​နေတယ်

အခုသူမြင်​​နေရတာက ဖန်​သားချပ်​ကြည်​ကြည်​​နောက်​မှာရှိ​နေတဲ့အဖြူ​ရောင်​​နောက်​​ကျောပြင်​တစ်​ခု မိန်းက​လေး​တွေရဲ့​နောက်​​ကျောပြင်​လိုမျိုးဆွဲ​ဆောင်​မှူရှိရှိ​ချော​မွေ့​နေတာမျိုး​တော့မဟုတ်​​ပေမယ့်​ ကြည့်​ရတာမျက်​စိပသာဒရှိလိုက်​တာ သိပ်​မကျယ်​တဲ့ပုခုံး​လေးရယ်​ ခါး​အောက်​ပိုင်းကလုံးဝန်း​နေတဲ့​နေရာ

အဲ့ဒီဟာကိုသာညှစ်​လိုက်​ရရင်​ဆိုတဲ့အ​တွေး​တွေးမိလိုက်​တာနဲ့တစ်​ပြိုင်​နက်​ သူနှူတ်​ခမ်းကိုလျှာနဲ့အသာလျက်​မိတယ်

Klaတံခါးကိုဖွင့်​လိုက်​တယ်

"Hmm?"

" ကျွန်​​တော်​နဲ့​ရေအတူချိုးရ​အောင်​​လေ P'no "

"Hoiii"

တံခါးဖွင့်​သံနဲ့အတူ ငြင်​သာတဲ့အသံကအ​နောက်​ကကပ်​လိုက်​လာချိန်​မှာ ​ခေါင်းမှာဆပ်​ပြာမြှုပ်​​တွေတင်​​နေတဲ့သူအလန့်​တကြား​အော်​ရုံကလွဲလို့ဘာမှမတတ်​နိုင်​ဘူး ဆပ်​ပြာမြှူပ်​​တွေကမျက်​နှာတစ်​ခုအနှံ့မို့ ​ရေနဲ့​ဆေးချပြီးကြည့်​လိုက်​​တော့

How to secretly(မြန်​မာဘာသာပြန်​/မြန်​မာဘာသာပြန်)Where stories live. Discover now