Chapter-3 (Zawgyi)

164 10 0
                                    

ဂလု

နီရဲတွတ်​​နေတဲ့အသားပြားကြီးကဇွပ်​ခနဲဟိုဘက်​လန်​သွားတာကိုမြင်​လိုက်​ရ​တော့ Technoတစ်​​ယောက်​တံ​တွေးကိုအသာမြိုချမိတယ်​ မမြိုချပဲ​နေနိုင်​ရိုးလား ဝိုင်​နဲ့နှပ်​ထားတဲ့အသားနံ့​မွှေး​မွှေး​လေးရယ်​ သူ့​ရှေ့ကသံပြား​ပေါ်မှာရှိ​နေတဲ့သူ့လက်​တစ်​ဖဝါးစာ​လောက်​ရှိတဲ့အသားပြားကြီး​တွေ ညှပ်​ကိုင်​ပြီးဟိုဘက်​ဒီဘက်​လှန်​​နေတဲ့Kengkla​တော့မသိဘူး Technoက​တော့အခုချက်​ချင်း​ကောက်​စားပစ်​လိုက်​ချင်​တာ

"ကဲ ပြီးသွားပြီ P'No အရင်​မြည်းကြည့်​​လေ ဗိုက်​ဆာ​နေတယ်​မလား "

"အဟင်း အစ်​ကိုကမဆာပါဘူး မင်းပဲအရင်​စားပါ Kla မင်း​ပြော​တော့မနက်​ကတည်းက​နေအခုထက်​ထိဘာမှမစားရ​သေးဘူးဆို"

ဆာတာ​ပေါ့ ဆာတာ​ပေါ့ ဘယ်​လိုများ​မေးလိုက်​ပါလိမ့်​ အသားပြားကြီး​တွေကိုတစ်​ရှဲရှဲနဲ့ဟိုဘက်​ဒီဘက်​လှန်​ပြ​နေပြီး​တော့အရင်​စား​လေတဲ့ သူလည်းစားချင်​တာ​ပေါ့ ဒါ​ပေမယ့်​အကြီးဖြစ်​တဲ့သူကအရင်​စားလို့မရဘူး​လေ အငယ်​ဖြစ်​တဲ့ဟို​ကောင်​​လေးကိုငဲ့ညှာရမှာ ဒါ​ကြောင့်​သူခက်​ရင်းနဲ့အသားတစ်​တုံးကိုထိုးလိုက်​ပြီး Klaရဲ့ပါးစပ်​နားထိုး​ပေးလိုက်​တယ်​ ဒါ​ပေမယ့်​ Kengklaက​ခေါင်းခါရင်းတ​စ်​ချက်​ပြုံးလိုက်​ပြီးသူ့ပါးစပ်​နားကခက်​ရင်းကိုပန်းကန်​ပြား​ပေါ်ကိုချခိုင်းလိုက်​တယ်

"ရပါတယ်​ P' P'ပဲအရင်​စားပါ ကျွန်​​တော့်​ချစ်​သူဗိုက်​ပြည့်​ရင်​ကျွန်​​တော်​ဗိုက်​ပြည့်​သလိုပါပဲ"

ချစ်​သူဆိုတဲ့စကားလုံးကိုကြားလိုက်​တာနဲ့တစ်​ပြိုင်​နက်​ Techno Kengklaကိုချက်​ချင်းလှမ်း​ကြည့်​မိတယ်​ ဒီချစ်​သူဆိုတဲ့ကိစ္စရပ်​ကြီးကိုသူတစ်​ကယ်​​မေ့ထားချင်​ခဲ့တာ ဒီ​ကောင်​​လေးကလည်းဒီ​ကောင်​​လေးပဲ ​မေ့​တော့မယ်​ဆိုပြန်​ပြီး​တော့အစ​ဖော်​လာပြန်​ပြီ ဘာ​ကောင်​​လေးမှန်းကိုမသိဘူး သူ့ကိုယ်​သူReminderများမှတ်​​နေလားမသိဘူး

ဒါ​ပေမယ့်​လည်း ဖြူစင်​တဲ့အပြုံး​လေးရယ်​ ပါးချိုင့်​​လေးရယ်​နဲ့တင်​မဟုတ်​ကဟုတ်​က​တွေး​နေမိတဲ့အ​တွေး​တွေအားလုံးကပြီးဆုံးသွားခဲ့တယ်​ အ​ရှေ့မှာလှလှပပ​လေးနဲ့​စောင့်​ဆိုင်း​နေတဲ့ဟင်းပွဲ​လေးကိုကြည့်​လိုက်​ပါဦး ဘယ်​​လောက်​​တောင်​လှလိုက်​သလဲ မင်းကအရမ်းကိုလှ​နေ​တော့လည်း ဒီကလူကစား​ပေးရမှာ​ပေါ့

How to secretly(မြန်​မာဘာသာပြန်​/မြန်​မာဘာသာပြန်)Where stories live. Discover now