Chapter-9 (Zawgyi)

113 6 0
                                    

" မင်းဒီ​နေ့အားလား ငါ​ဈေးဝယ်​ထွက်​မလို့ အဲ့ဒါအ​ဖော်​လိုက်​ခဲ့ချင်​လား "

"အားတယ်​ ခဏ​လေး ဒီတစ်​​ခေါက်​ ကျွန်​​တော်​ P'ကိုလာကြိုမယ်​​နော်​"

ဒါက​တော့လတ်​တ​လောကမှချစ်​သူ​တွေဖြစ်​ထားတဲ့ပူပူ​နွေး​နွေးစုံတွဲ​လေးရဲ့လွန်​ခဲ့တဲ့တစ်​နာရီအကြာက​ပြောထားတဲ့Message​တွေပဲဖြစ်​ပါတယ်

တစ်​ခဏ​လေးပဲဖြစ်​ဖြစ်​P'Noနဲ့အတူရှိချင်​​နေတဲ့ Kengklaက​တော့ စတိုးဆိုင်​ထဲကအထွက်​ဖုန်းကိုကြည့်​ပြီးပြုံးလိုက်​တယ်

Kengklaက​တော့ဘယ်​သူ့ကိုမှမကြည့်​ပဲပြုံးလိုက်​တာပဲ ဒါ​ပေမယ့်​ စတိုးဆိုင်​​ရှေ့က​နေဖြတ်​သွားသမျှ​ကောင်​မ​လေး​တွေအကုန်​လုံးက​တော့အ​နောက်​ကိုသမင်​လည်​ပြန်​အကြည့်​ကိုယ်​စီနဲ့

အ​ရောင်​နုနုရှပ်​အကျီင်္နဲ့လက်​ကို​ခေါက်​တင်​ထားပြီး ဂျင်း​ဘောင်းဘီအနက်​ နာမည်​ကြီးတံဆိပ်​ဖိနပ်​နဲ့ သန့်​ပြန့်​​နေတဲ့Kengkla သူက​တော့ဒီအတိုင်းရိုးရိုးရှင်းရှင်းဝတ်​လာတာပဲဆို​ပေမယ့်​ သူ့ရဲ့ပုံစံက  စင်​​ပေါ်မှာတင်​ထားတဲ့ဖက်​ရှင်​မဂ္ဂဇင်းစာအူပ်​​တွေထဲက​ပြေးထွက်​လာတဲ့​မော်​ဒယ်​တစ်​​ယောက်​လိုဖြစ်​​နေတယ်

ဒါ​တွေအားလုံးက အရပ်​ရှည်​ရှည်​ ​တောင့်​တင်းတဲ့ခန္တာကိုယ်​ အထာကျကျပုံသွင်းထားတဲ့ဆံပင်​​ကေ ​ချော​မောလှတဲ့မျက်​နှာ ​နောက်​ပြီး​တောက်​ပလှတဲ့မျက်​ဝန်း​တွေ​ကြောင့်​ပဲ​နေမှာပါ

ကောင်​​လေးကနံရံကိုမတ်​တပ်​မှီရပ်​ရင်းနဲ့ပဲ သူ့လက်​ထဲကဖုန်းကိုတစ်​စူးတစ်​စိုက်​ကြည့်​​နေတယ်​ ​လော​လောဆယ်​​တော့ သူ့လက်​ထဲကဖုန်းကလွဲလို့တစ်​​လောကလုံးဘယ်​သူ့ကိုမှသူဂရုမစိုက်​ဘူး

သူကဘယ်​သူ့ကိုမှဂရုမစိုက်​​ပေမယ့်​ လူတိုင်းက​တော့သူ့ကိုဂရုစိုက်​ကြတယ်​ ​ကောင်​မ​လေး​တွေဆို​နေရာတိုင်းက​နေကွက်​ကြည့်​ကွက်​ကြည့်​နဲ့

P'Noကသူ့ကိုဒီ​နေရာမှာ​တွေ့ကြမယ်​လို့​ပြောထားခဲ့တာ သူအိမ်​ကိုသွားကြိုချင်​​ပေမယ့်​လည်း P'Noကသူ့ကိုအကြိုမခံဘူး ဒီမှာပဲ​တွေ့ကြရ​အောင်​တဲ့​လေ ဘာ​ကြောင့်​လဲဆိုတာကိုစဉ်းစား​နေခဲ့​ပေမယ့်​ ​နောက်​ဆုံး​တော့သူသိသွားခဲ့တယ်​ Ai'Nicကသူ့ဆိုင်​ကယ်​ကိုအိမ်​ကိုပြန်​သယ်​သွားတာကိုး

How to secretly(မြန်​မာဘာသာပြန်​/မြန်​မာဘာသာပြန်)Where stories live. Discover now