Chapter - 1 Prologue [Unicode]

26 4 0
                                    

Chapter -1 Prologue


ကိုယ်ပိုင်ဂျက်လေယာဉ်၏ တံခါးပွင့်လာကာ လေယာဉ်လှေခါးအောက်တွင် ရပ်ကာတန်းစီနေကြသူတိုင်းသည် ၎င်းတို့ရှေ့တွင် ပေါ်လာသူမည့်သူကို နှုတ်ဆက်ရန် စောင့်ဆိုင်းနေကြသည်။

ထိုလူသည် သေမင်းတမန်ကဲ့သိုသော အကြည့်စူးစူးများနှင့်အတူ တစ်ကိုယ်လုံး သြဇာအာဏာစက်ပြည့်ဝနေပုံသည် အရွယ်ရောက်ပြီးသား လူကြီးများကိုပင် ကြက်သီးထစေနိုင်အောင် ကြောက်ရွံ့တုန်လှုပ်သွားစေနိုင်သည်။

တကယ်တော့ တစ်ခြားသူတွေ ပုံဖော်ထားသလိုမျိုး သူပုံစံက ကြောက်စရာကောင်းနေခြင်းမျိုးမဟုတ်ပါ။ တုန်လှုပ်ကြောက်ရွံ့ခြင်းသည် ထိုသူ့အတွက် သင့်လျော်သော စကားလုံး မဟုတ်သော်လည်း သူနှင့်လိုက်ဖက်ညီသော စကားလုံးကို စိတ်မှတွေးလိုက်မိသည်။ သူ့ပုံရိပ်ကို ထင်ဟပ်ကာ အံဝင်ဂွင်ကျဖြစ်စေခဲ့တာက သူ့ရဲ့ရွေ့လျားပုံကြောင့်ဖြစ်မည်ထင်သည်။ ထိုသူ၏ခြေလှမ်းတိုင်းက စည်းချက်ညီစွာ လှုပ်ရှားနေသောကြောင့် ကျက်သရေရှိပုံရသည်။ လှုပ်ရှားမှုတိုင်းသည် အစီအစဉ်တကျ တွက်ချက်၍လှမ်းဘိသကဲ့သို့ ညီညာကာ လှပလွန်းသဖြင့် အပြစ်ပြောဖွယ်ရာ တစ်ကွက်မျှမမြင်နိုင်ပေ။

"ပြန်လာတာ ကြိုဆိုပါတယ် သခင်လေး ဆိုင်ရက်စ်" လေယာဉ်လှေခါးအဆုံးတွင်ရပ်နေသော အသက်ခပ်ကြီးကြီးလူကြီးတစ်ဦးက ပြုံးရွှင်စွာနှုတ်ဆက်လိုက်သည်။ ထိုလူကြီးသည် လည်စီးတွင် D လိုဂိုတံဆိပ်ပါသော ဝတ်စုံကိုဝတ်ဆက်ထားပြီး သူ၏ဆံပင်များက ငွေရောင်ပေါက်နေသဖြင့် သူ့ကို ကြည့်ရုံမျှဖြင့် သူ၏အသက်ကို ခန့်မှန်းနိုင်မည်ဖြစ်သည်။

ဆိုင်ရက်စ်အမည်ရှိသောသူသည် သူ့အားစောင့်ကြိုနေသူအားလုံးကိုသာမက ထိုနှုတ်ဆက်စကားပြောလိုက်သော အဖိုးအိုကိုပါ လျစ်လျူရှုကာ ဖြတ်ကျော်လျှောက်လှမ်းသွားသည်။ အံ့သြစရာကောင်းသည်မှာ ထိုအေးစက်သော ဆက်ဆံရေးကို အဖိုးအိုက အသားကျနေသကဲ့သို့ မျက်နှာတစ်ချက်ပျက်မသွားခြင်းဖြစ်သည်။

"ပြင်သစ်ကို ခရီးတစ်ပတ်ကြာထွက်တာ အဆင်ပြေခဲ့ရဲ့လား သခင်လေး" ဆိုင်ရက်စ်ထံမှ အဖြေစကားပြန်ကြားရလိမ့်မည်မဟုတ်မှန်း သူသိပြီးသားဖြစ်သော်လည်း ဒီအတိုင်း မေးကြည့်လိုက်ခြင်းသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆိုင်ရက်စ်သည် သူ့အတွက် အသုံးမဝင်သောမေးခွန်းများအား မည်သည့်အခါမှ လေကုန်ခံဖြေကြားလေ့မရှိသောကြောင့်ပင်ဖြစ်သည်။

အထာကျကျ သတ်ပါ (အထာက်က် သတ္ပါ)Where stories live. Discover now