Chapter -2 Heartless sadistic murderer [Unicode]

5 0 0
                                    

Chapter -2 Heartless sadistic murderer


အရာရာဟာ ပကတိအတိုင်းမရှိပဲ မှုန်ဝါးလွန်းလှသည်။ ပထမတစ်ကြိမ် သူပြာလက်သွားသည်။ ထို့နောက် ဒုတိယအကြိမ် ထို့နောက် တတိယအကြိမ်တွင် လူကြီးတစ်ယောက်၏ ပုံသဏ္ဍာန်သည် သူရှေ့တွင်ပေါ်လာသည်။ ထိုလူက သူမျက်နှာကို လက်သီးဖြင့်ထိုးခဲ့တာကို မှတ်မိဖို့ အချိန်အတော်ကြာ ယူလိုက်ရသည်။ ထိုလက်စကြောင့် သူ့နားတွေအူထွက်သွားသလို နှာခေါင်းသွေးများပင် လျှံကျလာလေသည်။


မြင်ကွင်းပိုရှင်းလင်းသွားအောင် သူ့မျက်လုံးကို ပွတ်သပ်လိုက်သည်။ သူ့နားထဲက အူသံတွေပျောက်ကွယ်သွားချိန်တွင် ထိုလူက သူ့ကိုအော်ဟစ်ပြောဆိုနေသည့် စကားများကို ကြားလိုက်ရသည်။

"မင်းက ငါ့ကောင်မလေးကို ဒီလိုစော်ကားရဲတယ်ပေါ့ ဟုတ်လားကောင်လေး" ထိုလူက ဒေါသတကြီး သူ့ကို ကြိမ်းမောင်းနေသည်။ ထို့လူ၏ သူငယ်ချင်းဖြစ်သူကတော့ ထိုလူ၏လက်နှစ်ဖက်လုံးကို ဆွဲချုပ်ထားပြီး သူ့ကို ထပ်မံထိုးဖို့ရွယ်နေသည်ကို တားဆီးနေလေသည်။


သူ့နှာခေါင်းမှ ကျဆင်းနေသော သွေးတို့ကို လက်ဖမိုးဖြင့်သုတ်လိုက်ပြီး သူ့ကောင်မလေးအား နှောင့်ယှက်နေသည်ဟု သူ့အားစွပ်စွဲနေသော ထိုလူကို လက်တားပြလိုက်သည်။ အမှန်ဆိုလျှင် ထိုမိန်းကလေးသည်လည်း သူ့အကြိုက်ပုံစံမဟုတ်ပေ။


"ငါ့ကို အထင်မလွဲပါနဲ့ သူတို့က ငါကြိုက်တဲ့ပုံစံဆိုရင်တောင် ငါက မိန်းကလေးတွေကို လိုက်နှောင့်ယှက်တတ်သူမဟုတ်ဘူး ပြီးတော့ ရှင်းရှင်းလင်းလင်းပြောပြထားဦးမယ် သူမ က ငါ့အကြိုက်မဟုတ်ဘူးနော် ဒါကြောင့် သူမ ကို လက်ညိုးနဲ့ထိဖို့ဆိုတာတောင် မဖြစ်နိုင်တဲ့ကိစ္စကြီး ပြီးတော့ ဘာတဲ့ ကောင်ကလေးဟုတ်လား ဘယ်သူကို စော်ကားမော်ကားနဲ့ ကောင်လေးလို့ လာခေါ်နေတာလဲ ငါ့အသက်က ၂၈ နှစ်တောင်ကျော်ပြီကွ ငါ့ပုံစံက ငယ်ရွယ်ပြီး ကြည့်ကောင်းနေတယ်ဆိုပေမယ့် အဲ့ဒါကအဲ့ဒါတစ်ပိုင်းပဲ"


"သေချာကြည့်ဦး ကိုယ့်လူ ခင်ဗျားကို ရှင်းပြသလိုပဲ ငါ့လက်က ကောင်မလေးရဲ့ တင်ပါးကို မရည်ရွယ်ပဲ တိုက်မိသွားတယ် အဲဒါကြောင့် ငါချက်ချင်းပြန်တောင်းပန်ခဲ့တယ်လေ အဲဒါကိုသူမက အော်ဟစ်ပြီးငါ့ကို ပါးရိုက်တယ် ပြီးတော့ ခင်ဗျားက ကျုပ်မျက်နှာကို လက်သီးနဲ့ထိုးသေးတယ် အခု ဒေါသဖြစ်ရမယ့်သူက ငါပဲဖြစ်သင့်တာမဟုတ်ဘူးလား ငါကမှ ခံရတဲ့သူကွ"

အထာကျကျ သတ်ပါ (အထာက်က် သတ္ပါ)Onde as histórias ganham vida. Descobre agora