Chapter - 3 Convince me [Unicode]

4 0 0
                                    

Chapter - 3 Convince me

"မစ္စတာဟက်စလေ"


သူလေဆိပ်ထဲမှထွက်လာသည့်အခိုက် အမျိုးသားတစ်ယောက်က အော်ခေါ်သံကြားလိုက်ပြီး သူက ကျွန်တော်အနားသို့ ချဉ်းကပ်လာသည်။ ထိုသူသည် ဂွမ်းပိတ်ခံထားသော ခါးပတ်စည်းလောင်းကုတ်ရှည် ကောင်းဘွိုင်စတိုင် ပြန့်ကျယ်သောဦးထုပ်တို့ ဝတ်ဆင်ထားပြီး နေကာမျက်မှန်လည်း တပ်ထားသေးသည်။ လုံးဝကို ဒိတ်အောက်နေသော 1970 ခုနှစ်လောက်က စုံထောက်ဒီဇိုင်းမျိုးပင်။


"မစ္စတာဟက်စလေ ဟုတ်တယ်မလား" ဟု သူကမေးသည်။ သူ့ဖုန်းထဲမှ ဓာတ်ပုံကိုထုတ်ကြည့်ကာ သူ့မျက်နှာကိုပြန်ကြည့်ပြီး တိုက်စစ်နေသေးသည်။


"ဟုတ်ပါတယ် ခင်ဗျားက အေးဂျင့် ကားလို့စ်ထင်တယ် ခင်ဗျားက ကျွန်တော့အတွက် ဒယ်တန်စံအိမ်တော်ထဲ ရောက်ဖို့ ဝင်ခွင့်လက်မှတ်ပဲလို့ ဦးစီးချုပ်က မှာလိုက်တယ်" ဟု ထိုသူကိုရှင်းပြလိုက်သည်။


စုံထောက်ကားလို့စ်က သူကိုဘေးသို့တွန်းပို့ကာ လက်ဆွဲအိတ်ကို ကိုင်လိုက်တယ် "ငါတို့ ဒီနေရာမှာ စကားပြောလို့မဖြစ်ဘူး" ဟုပြောပြီး သူ့ကိုဆွဲခေါ်ကာ မစ်ဆူဘီရှိ မီရေ့အမျိုးအစား ကားတစ်စီးပေါ်သို့ ဝင်ခိုင်းသည်။


သူက သူ၏ခရီးဆောင်အိတ်ကို ကားနောက်ခန်းသို့ထည့်လိုက်ပြီး သူ့အား ကားတံခါးဖွင့်ပေးလေသည်။ ထိုအခိုက် ထိုလူမှာ လူကြီးလူကောင်းဆန်သားပဲဟု သူတွေးလိုက်မိသည်။ ယောကျာ်းလေးတွေ သူတို့အတွက် ကားတံခါးဖွင့်ပေးရင် မိန်းကလေးတွေ သဘောကျတတ်ကြသည်မှာ မထူးဆန်းတော့ပေ။


သူကားထဲသို့ ဝင်ထိုင်လိုက်သည်။ ကားလို့စ်က သူ့အတွက် တံခါးပိတ်ပေးပြီး သူက ယာဉ်မောင်းထိုင်ခုံဆီ တန်းတန်းလျှောက်သွားလေသည်။ သူက ဘာစကားမှမပြောပဲ ကားစက်နှိုးလိုက်သည်။ ထို့နောက် နောက်ကြည့်မှန်ကို ချိန်ညှိကာ လေယာဉ်ကွင်းထဲမှ ထွက်ခွာလာခဲ့သည်။


သူ တစ်စုံတစ်ရာမေးဖို့ ကြံရွယ်နေစဉ်မှာပင် ကားလို့စ်က ကားအတွင်းဖုံးထဲမှ တစ်ခုခုကို ထုတ်ယူလိုက်သည်။ သူဆွဲထုတ်လိုက်ပြီး သူရင်ဘတ်ဆီသို့ လှမ်းပစ်ပေးလိုက်သည်။ ထိုအရာက အညိုရောင်စာအိတ်ဖြစ်ဖို့များသည်။

အထာကျကျ သတ်ပါ (အထာက်က် သတ္ပါ)Where stories live. Discover now