Soulmate and Contract

310 58 11
                                    

|| Z ||






ဆူညံ ပြီး မျိုးစုံလှသည့်​ ဆု​တောင်းစကားများ
တိုင်​တည်​သံများ​အောက်​တွင်​ ဆယ်​ ဟွန်း၏နားများ
ကန်းလုဆဲဆဲပင်​ ။

သူက ဒီအတိုင်း ဝိဥာဉ်​ဆု​တောင်းပွဲလုပ်​ပြီး
လူသား​တွေ အန္တာရာယ်​ကင်း​အောင်​ ​စောင့်​​ရှောက်​​ပေး
ပါလို့ နတ်​ဘုရား​တွေနဲ့ ​သေဆုံးပြီးဘိုး​ဘေး​တွေကို 
ဆု​တောင်းတိုင်​တည်​ရုံဘဲ​လေ .. ဘယ့်​နှယ်​​ကြောင့်
သူ့နာမည်​တပြီး သူတို့လိုချင်​တဲ့ဆန္ဒ​တွေကို ဖြည့်​ဆည်း
ပေးပါလို့ ဆု​တောင်း​နေကြတာတုန်း ။

သူက လိုချင်​သမျှဆန္ဒ​တွေအကုန်​ပြည့်​​စေလို့
ဖြည့်​ဆည်း​ပေးလို့ရတဲ့ နတ်​ဘုရားမှမဟုတ်​တာ ..
တကယ်​ပါဘဲ ဒီလူသား​တွေ တအား​နောက်​ ..

" ​ရှောင်း အာ .. အချိန်​ကျပြီ "

အမှန်​​တော့ သူ့လက်​​ကို ကိုင်​​ပြီးလမ်းပြစရာမလို​တော့ပါ
ဘူး ။ ဝိဥာဉ်​ဆု​တောင်းပွဲက နှစ်​တိုင်းလုပ်​​နေကြမို့
ဘယ်​​နေရာမှဘာရှိတယ်​ .. ဘာကဘယ်​လိုဆိုတာ
သူအကုန်​သိပြီးသား ။

သို့​သော်​ အနှီးဇာတ်​​လိုက်​​ကောင်​သည်​ ယ​နေ့ကြမှ
သူ့ကို တအားကပ်​လွန်းသည်​ ။ ဆု​တောင်းပွဲစင်​မြင်​​ပေါ်ထိ
သူ့ကိုလိုက်​ပို့​ပေးပြီးသည့်​တိုင်​ ပြန်​မဆင်းသွားဘဲ
ဆယ်​ ဟွန်းအနားတွင်​ မတ်​တပ်​ရပ်​​နေဆဲဖြစ်​​သော​ကြောင့်
ဆယ်​ ဟွန်း စိတ်​ရှုပ်​ရှုပ်​နှင့်​ ဇာတ်​လိုက်​​ကောင်​ကို
ပေါ်တင်​​မောင်းထုတ်​​တော့သည်​ ။

ဆု​တောင်းပွဲက သူတစ်​​ယောက်​တည်းဘဲ
ဦး​ဆောင်​ခွင့်​ရှိ​သော​ကြောင့်​ ဇာတ်​လိုက်​​ကောင်
ဆယ်​ ဟွန်း အနားတွင်​ရှိ​နေလျှင်​​တောင်​ ဘာမှ
အကူအညီ​ပေးနိုင်​မည်​မဟုတ်​ ။ အလကား
စိတ်​ရှုပ်​ရုံသာအဖက်​တင်​လိမ့်​မည်​ ။

" မင်း သွား​တော့ "

" ငါ ဒီမှာ ရှိ​နေ​ပေးမယ်​ ။ မင်း ဒီ​နေ့ ငါ့​ကြောင့်
စိတ်​အ​ခြေအ​နေမ​ကောင်းဘူးမဟုတ်​လား ??
ဂရုစိုက်​ဦး "

Hidden Face ( ဒုတိယ​မြောက်​ ရှင်​သန်​ခြင်း )Where stories live. Discover now