သေမင်းနှင့်​ စစ်​ခင်းခြင်း

4K 644 48
                                    

" ဆယ်​ ဟွန်း .. နိုးပြီလား "

မျက်​လုံးဖွင့်​ဖွင့်​ချင်း ​ရင်းနှီး​နေသည့်​ အသံ​ကြောင့်
ဆယ်​ဟွန်း မပြုံးမိရ​အောင်​ မနည်းဟန်​​ဆောင်​ရသည်​ ။

လူဆိုသည်​ကား အင်​မတိအင်​မတန်​မှ အယုံလွယ်​ကြသလို
လိမ်​လည်​လှည့်​ဖျားဖို့အတွက်​လည်း လွယ်​ကူလွန်းပါ၏ ။

" ငါ အိပ်​​ပျော်​သွားတာလား "

" မ​နေ့ညကတည်းကဆို​တော့ တစ်​ခုခုဖြစ်​ပြီထင်​တာ "

" ရတယ်​ ဘာမှမဖြစ်​ဘူး ။ ဒါနဲ့ မင်း​ရော
အဆင်​​ပြေရဲ့လား "

" ဘာလဲ ?? စိတ်​ပူလို့လား ?? အလတ်​ကြီး
ရှိပါ​သေးတယ်​ "

" ​အော်​ .. အင်း အဆင်​​ပြေတယ်​ ဆိုလည်း ပြီးတာဘဲ "

အခုကတည်းက ဂင်​ ဂျုံ အင်​ ၏ အီစီကလီစကား​တွေကို
နား​ထောင်​ရ​တော့မယ်​လို့ မ​ပြောကြပါနဲ့ !!!
ဒရမ်​မာခင်းတာဖြင့်​ နှစ်​ရက်​တစ်​ပိုင်းဘဲရှိ​သေးတယ်​ !!!
ရုတ်​တကြီး သ​ဘော​တွေစွတ်​​ကောင်း​တော့မှာလား !!

" ဘာ စားချင်​လဲ ?? ​​ဆေးရုံစာမစားချင်​ရင်
ဝယ်​ခိုင်းလိုက်​မယ်​ "

" ရတယ်​ ။ မလိုဘူး ။ ငါ အခုဘဲ ​​ဆေးရုံကဆင်း​တော့
မှာ "

" မဆင်းရဘူး ။ ​ဒေါက်​တာက တစ်​ရက်​ နှစ်​ရက်​​လောက်
ဆေးရုံတက်​ခိုင်းထားတယ်​ ။ လိမ္မာလိုက်​ပါ
ဆယ်​ဟွန်းရာ "

တစ်​​ယောက်​​ယောက်​​လောက်​ ဒီ ဂင်​ ဂျုံ အင်​ ကို
ဆွဲထုတ်​ပေးကြပါ ။ ​မကြားဖူး​သော စကားများ​ကြောင့်
နားယားလွန်းလို့ ​သေရပါ​တော့မယ်​ !! ။

မျက်​စိမျက်​နှာပျက်​​နေ​သော အို ဆယ်​ ဟွန်း နှင့်
ဆန့်​ကျင်​စွာ အပြုံးမပျက်​​သော ဂင်​ ဂျုံ အင်​ က
အထက်​ပါစကားများကို​ပြောထားရ၍ ​ထွေထူးပြီး
အခက်​​တွေ့ဟန်​မရှိပါ ။

" ငါ ဘာမှမဖြစ်​ဘူး ။ ပြီး​တော့ ​ဆေးရုံမှာလည်း
နေချင်​စိတ်​မရှိဘူး "

" ​ဆေးရုံမှာ မ​နေချင်​ရင်​ ငါ့တိုက်​ခန်းမှာ ​နေမှာလား "

Hidden Face ( ဒုတိယ​မြောက်​ ရှင်​သန်​ခြင်း )Where stories live. Discover now