Yes , My Lord

3K 533 8
                                    

" နူးနူးညံ့ညံ့အလုပ်​​တွေလာမခိုင်းနဲ့ ..
ငါ့လက်​ထဲ​သေနတ်​တစ်​လက်​ထည့်​​ပေးရင်​​တောင်
အခုထက်​ပိုအတက်​မြန်​ဦးမယ်​ "

သွေး​ခြေဥ​နေသည့်​ လက်​​ချောင်းထိပ်​​လေးများအား
အသာဖွဖွ​ဆေးလိမ်း​ပေး​နေ​သော အင်​ ဆယ်​ သည်
အို ​ဗီး ယပ်​ သခင်​​လေး၏ ​မော်​ကြွားကြွားစကား​ကြောင့်
ခေါင်းငုံ့ထားရင်းမှ တစ်​ချက်​ပြုံးလိုက်​သည်​ ။

" ဒါ​ပေမဲ့ သခင်​​လေးဘဲ သင်​ချင်​တယ်​လို့
အရင်​​ပြောခဲ့တာ​လေ "

" အဲ့​လောက်​ထိ ခက်​လိမ့်​မယ်​လို့မှမထင်​တာ
တ​ယောကြိုးကိုဖိရတာ လက်​​တောင်​​သွေးထွက်​​တော့
မယ်​ ။ အခုထိ အ​ခြေခံ နုတ်​​ ကမတက်​ရ​သေးဘူး ။
တော်​ပြီ .. မသင်​​တော့ဘူး ။ "

အရင်​ဘဝများကထက်​ စိတ်​ဆတ်​လာခြင်းသည်
ဆယ်​ ဟွန်း အတွက်​​ကောင်းကျိုးလည်းရှိသလို ။
ဆိုးကျိုးအ​နေဖြင့်​လည်းဒုက္ခ​ပေးတက်​သည်​ ။

အိမ်​​တော်​သခင်​​လေးနှင့်​ မြို့စားမင်း
တာဝန်​များကို အရည်​အချင်းပြည့်​ဝစွာ လက်​ခံနိုင်​​ရေး
အတွက်​ စိတ်​ကူးတည့်​ရာ ပညာရပ်​အကုန်
သိမ်းကြုံးသင်​ပြီး ညဘက်​အိပ်​ချိန်​​ရောက်​မှ
ပင်​ပန်းလို့​သေရပါ​တော့မည်​ဟုထ​အော်​တက်​သည့်
ဆယ်​ ဟွန်း အား အမြဲလိုလို အပြုံးတစ်​စနှင့်​ ​​ဆေးလိမ်း
ဂရုစိုက်​​ပေး​သူသည်​ကား အ​စေခံ အင်​ ဆယ်​ ပင်
တစ်​နည်း ချစ်​ရသူ ဂင်​ ဂျုံ အင်​ ကြီး ပင်​ ဖြစ်​၏ ။

" ​ဟော .. သခင်​​လေးကလည်း အခုမှတစ်​ရက်​ဘဲ
ရှိ​သေးတယ်​ ။ ​နောက်​ရက်​​တွေ ပိုအဆင်​​ပြေလာမှာပေါ့ "

" အား ရှီး !!! ​​ဒေါသထွက်​လိုက်​တာ !!! "

အရင်​ဘဝတုန်းကဆို Villain System
ကောင်းမှု​ကြောင့်​ ဆယ်​ ဟွန်း အလိုရှိရာအားလုံးကို
အလွယ်​တကူရခဲ့​ပေမဲ့ အခု အို​ ​ဗီး ယက်​ ဘဝတွင်
ကိုယ်​တိုင်​ကိုယ့်​လက်​နှင့်​ ခက်​ခက်​ခဲခဲ ကြိုးစားအားထုတ်​မှ
ရသည်​ဆို​တော့ စိတ်​ညစ်​လွန်း၍ ​မြေကြီးထဲ ပြန်​ဝင်
ချင်​စိတ်​​တောင်​​ပေါက်​သည်​ ။

Hidden Face ( ဒုတိယ​မြောက်​ ရှင်​သန်​ခြင်း )Where stories live. Discover now