သေမင်းနှင့်​ စစ်​ခင်းခြင်း

4.1K 588 42
                                    

လူတစ်​​ယောက်​တွင်​ ခက်​ခဲပင်​ပန်းမှုများသာ ​နေ့ရက်​တိုင်း
ကြုံ​နေရလျှင်​ တစ်​ရက်​တာသည်​ ရှည်​လျားလိုက်​​လေခြင်း​ဟု
ညည်းညူ ကြလိမ့်​မည်​ ။

သို့​သော်​ငြား သင်​ဟာ ​​​ကံ​ကောင်းမှုများကို ​ပွေ့ပိုက်​ထား
ရလျှင်​ ​တစ်​​နေ့တာကို ကုန်​ဆုံးလွယ်​လိုက်​​လေခြင်းဟု
နှ​မြောတသဖြစ်​ပါလိမ့်​မည်​ ။

အို ဆယ်​ ဟွန်း ဆိုသည်​မှာလည်း ဤလူထဲကလူပင်
မဟုတ်​ပါလား ?? ထို့အတွက်​​​ကြောင့်​ ​အေး​အေးချမ်းချမ်း
အဆင်​​ပြေ​ပြေ ​တစ်​ရက်​ပြီးတစ်​ရက်​ ​ကျော်​ဖြတ်​ခဲ့ပြီးချိန်
တစ်​ခါတစ်​​လေ​တော့ ပြီးခဲ့ပြီး​သောတစ်​ရက်​တာကို
နှ​မြောမိ၏ ။ တစ်​ခါတစ်​​လေ မိမိသည်​ မ​နေ့တစ်​ရက်​လုံး
တွင်​ မည်​မျှပြုံးခဲ့ရသနည်း ?? ​​​ပျော်​စရာ အ​ကြောင်းကိစ္စ
များအားမည်​မျှကြုံခဲ့ရသနည်း ?? ဟု ကြီးကြီးကျယ်​ကျယ်
တွေးတက်​လာသည်​ ။

" ရှင်း ဝူး .. စာသင်​နှစ်​တစ်​နှစ်​ ကုန်​​တော့မယ်​ဆို​တော့
မင်း ဘာ​တွေ စဉ်းစားမိလဲ ?? "

" ပတ်​ ​ယောင်​ ချန်း ကို ငါ့အနားက ဘယ်​လိုခွာထုတ်
ရမလဲတစ်​​နေကုန်​​တွေးဖြစ်​တယ်​ "

သက်​ပြင်း​လေးတစ်​ချက်​ချပြီး မသိလျှင်​ ကိစ္စကြီးတစ်​ခုလို
အသည်းအသန်​ခံစားပြ​နေ​သော​ကြောင့်​ ဆယ်​ ဟွန်း မှာ
နားရင်းပိတ်​အုပ်​ချင်​စိတ်​​လေးကို ထိန်းမရဖြစ်​​နေသည်​ ။

" လူတစ်​​ယောက်​ဟာ အမြဲတမ်း ကံ​ကောင်းမှု​တွေကို
ကြုံလာရပြီဆိုရင်​ဘာ​တွေးဖြစ်​မယ်​လို့မင်းထင်​လဲ ?? "

" ငါ,အကြီးကြီးပွပြီလို့လား "

သူ့အ​ဖြေသူ​ကျေနပ်​​သွားဟန်​ဖြင့်​ တစ်​ဟားဟား​အော်​ရယ်
နေ​သော ပတ်​ ရှင်း ဝူး သည်​ ဆယ်​ ဟွန်း ၏
သည်းခံစိတ်​​လေးအား လာစမ်းသပ်​​နေပါပြီ ။

" ငါ့လို ​ခဏခဏ သတ်​​သေဖို့ကြိုးစား​ခဲ့တဲ့သူအတွက်
ဘာအပူအပင်​မှမရှိတဲ့​နေ့ရက်​တိုင်းဟာ
ထူးဆန်းတယ်​ ။ မကြာခင်​ ကံဆိုးမှုအကြီးကြီးကို
ရင်​ဆိုင်​နိုင်​ဖို့ အချိုသက်​ခံရတဲ့သူလိုဘဲ အမြဲတမ်း
ရင်​တစ်​ထိပ်​ထိပ်​နဲ့ စိတ်​မ​အေးဘူး "

Hidden Face ( ဒုတိယ​မြောက်​ ရှင်​သန်​ခြင်း )Where stories live. Discover now