အရံဇာတ်​​ကောင်

2.7K 441 36
                                    

နှစ်​ပတ်​​ကျော်​နီးပါး ​ဆေးကုသမှုခံယူအပြီးတွင်
အမာရွတ်​အချို့သာကျန်​ခဲ့ပြီး အပူ​လောင်​ဒဏ်​ရာမှာ
အ​တော်​​လေးသက်​သာလာ​ချေပြီ ။

ထိုအ​တောအတွင်းလည်း လီ ဆန်း ဟွာ ၏
ချောင်း​ပေါက်​မတက်​ အိုအိမ်​​တော်​သို့ အ​ရောက်​များ
မှု​ကြောင့်​ မြို့​တော်​တစ်​ခွင်​လုံး လီ သခင်​​လေးနှင့်
အို သခင်​​လေး တို့၏မင်္ဂလာပွဲသည်​ မကြာခင်​ဖြစ်​လာ
နိုင်​​ချေရှိသည်​ဟု ​ကောလဟာလများပျံ့လွင့်​လျက်​ရှိသည်​ ။

နှစ်​ဦးနှစ်​ဖက်​လုံး၏အိမ်​​တော်​များမှ မည့်​သည့်
သတင်းအစအနမှထွက်​မလာသည့်​တိုင်​ လူဆိုသည်​ကား
ကောလဟာလအတင်းအဖျင်းစကားမျိုးကို ပုံကြီးချဲ့တက်
သောသတ္တဝါပင်​မဟုတ်​ပါလား ။

သို့​သော်​လည်း ဆယ်​ ဟွန်း သတိထားမိသ​လောက်​တွင်
လီ ဆန်း ဟွာ မှာ အို သခင်​ကြီးကို​တောင်​အဖက်​လုပ်​ခြင်း
မရှိဘဲ သခင်​​လေးအရှိန်​အဝါနှင့်​ အိမ်​​တော်​အတွင်း
တံခါးမရှိဓားမရှိဝင်​ထွက်​​နေခြင်းဖြစ်​သည့်​အပြင်
ထို​ကောလဟာလများကိုလည်း အာရုံစိုက်​ချင်​ဟန်
မရှိ​ပေ ။

အပြင်​လူသာမသိ​သော်​ငြား အိမ်​​တော်​တစ်​ခုလုံးက​တော့
လီဆန်းဟွာ အို အိမ်​​တော်​သို့​ခြေချခြင်းမှာ အို ဟွန်း
ဟူ​သောအ​ကြောင်းပြချက်​​ကြောင့်​မှန်း သိ​နေကြသည်​ ။

လွယ်​လင့်​တကူ ဖိအား​ပေးမရ၍သာ
အို ဟွန်း အားအ​ရေး​ပေးခြင်းကို မည်သူတစ်​ဦး
တစ်​​ယောက်​မှ မတားမြစ်​ကြ ။ ယုတ်​စွအဆုံး
သခင်​ကြီးကိုယ်​​တိုင်​​တောင်​ နှစ်​ဖက်​အိမ်​​တော်​မိတ်​မပျက်
ချင်​၍ အသာတကြည်​လွှတ်​ထား​ပေးခြင်းဖြစ်​​သော​ကြောင့်
လီ ဆန်း ဟွာ ၏အကာအကွယ်​​ပေးမှုကို အို ဟွန်း
အပြည့်​အဝရခြင်းပင်​ ။

နဂိုအိုဆယ်​ဟွန်းစိတ်​နှင့်​သာဆို ကိုယ်​တိုင်​အကြံအဖန်
ခင်းပြီး တစ်​အိမ်​​တော်​လုံးကို​မွှေပစ်​မည်​ဆို​ပေမဲ့
ယခုဘဝသည်​ အို ဆယ်​ ဟွန်း မဟုတ်​ဘဲ အို ဟွန်း
ဖြစ်​​နေသည့်​အတွက်​ ကိုယ်ပိုင်​ဥာဏ်​ရည်​ဥာဏ်​​သွေး
ထက်​ ​ဇာတ်​လိုက်​နှင့်​အရံဇာတ်​​ကောင်​၏အကာအကွယ်​ကို
သေချာ​ပေါက်​ရယူပြီး ထိုသူတို့​ရှေ့တွင်​ ကြာဖြူ ပန်း
အ​ယောင်​​ဆောင်​ကာ မိမိကသာနစ်​နာသူအဖြစ်
ဟန်​လုပ်​ရပါမည်​ ။

Hidden Face ( ဒုတိယ​မြောက်​ ရှင်​သန်​ခြင်း )Where stories live. Discover now