Yes , My Lord

3.2K 517 31
                                    

ဇာတ်​လိုက်​၏လက်​ထပ်​ပွဲမတိုင်​မီ ဆယ်​ ဟွန်း စီစဉ်
ထားသည့်​အတိုင်း မိသားစု​ရှေ့​နေ၏အလိုက်​​ကောင်းမှု
နှင့်​အတူ အချုပ်​ခန်းမှပြန်​လွှတ်​လာ၏ ။

အစားအ​သောက်​မမှန်​ အအိပ်​ပျက်​ထားခြင်း​ကြောင့်
အိမ်​​တော်​ပြန်​​ရောက်​​ရောက်​ချင်း အင်​ ဆယ့်​ ကိုပင်
မနှုတ်​ဆက်​နိုင်​ဘဲ မိမိအခန်းဆီသို့တန်းသွားကာ
ကုတင်​​ပေါ်ပစ်​လှဲချလိုက်​သည်​ ။

တစ်​လ​ကျော်​နီးပါး ဆင်းရဲဒုက္ခခံထားရမှုက
အခုလို​နွေး​ထွေးအိစက်​လှသည့်​အထိအ​တွေ့တွင်
တစ်​ခဏတွင်းချင်း​ပျော်​ဝင်​ကာ ​ခေါင်းချချချင်းပင်
ဆယ်​ ဟွန်း အိပ်​​ပျော်​သွား၏ ။

ခဏအကြာတွင်​ သခင်​ဖြစ်​သူအား လာကြည့်​​သော
အင်​ ဆယ်​ မှာ ​မွေ့ရာ​ပေါ် ဝမ်းလျား​မှောက်​အိပ်​​မောကျ
နေသည့်​ အို ​ဗီး ယပ်​ ကို မြင်လျှင်​မြင်​ချင်း နှုတ်​ခမ်းနှစ်​လွှာ
တွန့်​​ကွေးသွားပြီး အနီရဲရဲမျက်​ဝန်းရိပ်​တွင်
ချစ်​မြတ်​နိုးခြင်းမှု လျှုံတက်​လာသည်​ ။

သိသိသာသာပိန်​ကျသွားသည့်​ ဖြူ ​ဖျော့​ဖျော့ပါးပြင်​ကို
မထိရက်​မကိုင်​ရက်​သည့်​နှယ်​ လက်​မထိပ်​​လေးဖြင့်
ခပ်​ဖွဖွပွတ်​သပ်​ရင်း မည်​သည့်​အချိန်​မှစ၍
ဤ​လူသားအ​ပေါ် နက်​နက်​နဲနဲအချစ်​များယိုဖိတ်​​နေခြင်းကို
တွေးမရဖြစ်​ရပါသည်​ ။

ထိုအ​တွေးနှင့်​အပြုံးမပျက်​​တော့​သော တစ်​စုံတစ်​​ယောက်​မှာ
အို ​ဗီး ယပ်​ ၏ အဆင်​မ​ပြေလှ​သောအိပ်​ပုံအား
သက်​​သောင့်​သက်​သာဖြစ်​​အောင်​ ပြင်​​ပေးပြီး
သူ၏သခင်​​လေးနိုးလာလျှင်​ အဆင်​သင့်​စား​သောက်​နိုင်​ရန်
စား​တော်​ပွဲအားကိုယ်​တိုင်​စီစဉ်​ဖို့အတွက်​ အခန်းထဲမှ
ပြန်​ထွက်​သွား​လေရဲ့ ။

နာရီ​ပေါင်းများစွာကြာအပြီး အိပ်​ချင်​မူးတူးမျက်​လုံးများနှင့်
ပြန်​နိုးလာ​သော ဆယ်​ ဟွန်း သည်​ တစ်​ချက်​သန်း​ဝေရင်း
မိမိဦး​နှောက်​ကို စတင်​အလုပ်​​ပေးလိုက်​သည်​ ။

Hidden Face ( ဒုတိယ​မြောက်​ ရှင်​သန်​ခြင်း )Where stories live. Discover now